၂၀၁၉ စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ဗဟိုဘဏ်ခန့်မှန်း

၂၀၁၉ စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ဗဟိုဘဏ်ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
7 Mar 2019 12:01 pm တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းနှေးကွေးလာမှုနှင့် ကမ္ဘာ့နည်းပညာစက်ဝန်းရင့်မာလာမှုတို့အကြား အားပျော့လာသော ပြင်ပဝယ်လိုအားကြောင့် ယခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကျဆင်းမည်ဟု စင်္ကာပူဗဟိုဘဏ်က ခန့်မှန်းလိုက်သည်။

စင်္ကာပူ၏ ၂၀၁၉ ခုနှစ် ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) သည် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၀၁၈ ခုနှစ်ဖွံ့ဖြိုးမှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့နည်းမည်ဟု စင်္ကာပူဗဟိုဘဏ်ဖြစ်သည့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ထုတ်ပြန်ခဲ့ကြောင်း Straits Times သတင်းစာတွင် ဖော်ပြခဲ့သည်။

"ဒါဟာ ဆိုးရွားတဲ့ရလဒ်မဟုတ်ပါဘူး။ ဂျီဒီပီအဆင့်ကို သူ့ရဲ့ဖြစ်နိုင်ခြေကို ပိုနီးကပ်စေမှာဖြစ်ပါတယ်။ စီးပွားရေးကို ဖွံ့ဖြိုးအောင် နှိုးဆွဖို့ မလိုပါဘူး။" ဟု ဗဟိုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ရာဗီမီနွန်က ပြောကြားခဲ့သည်။

စင်္ကာပူစီးပွားရေးသည် ၂၀၁၈ တွင် အခြေအနေအတော်လေးကောင်းခဲ့ကြောင်း လည်း မီနွန်က မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် မီနွန်က ကမ္ဘာ့ဂျီဒီပီဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာမှုနှင့် ကမ္ဘာ့နည်းပညာစက်ဝန်းရင့်မာလာမှုတို့အကြား အားပျော့လာသော ပြင်ပဝယ်လိုအားကြောင့် ယခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။

ကုန်သွယ်လုပ်ငန်းနှင့်ဆက်စပ်သော စက်မှုလုပ်ငန်းကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့က အားပျော့လာသော ပြင်ပဝယ်လိုအား၏ အသက်ရောက်ခံရဆုံးဖြစ်မည်ဖြစ်ကာ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍက ဆက်လက်တစ်ပန်းသာနိုင်ခြေရှိကြောင်းလည်း သူက တွက်ဆထားသည်။

၂၀၁၈ စတုတ္ထသုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ယခင်နှစ်များ၏ စတုတ္ထသုံးလပတ်များအောက် အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပြီးနောက် စင်္ကာပူဗဟိုဘဏ်သည် ၎င်း၏ ငွေကြေးဆိုင်ရာမူဝါဒဆုံးဖြတ်ချက်ကို ယခုနှစ်ဧပြီတွင် ထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိသည်။ ၂၀၁၈ စတုတ္ထသုံးလပတ်၌ စင်္ကာပူသည် နှစ်နှစ်ကျော်ကာလအတွင်းစက်ရုံကုန်ထုတ်လုပ်မှုအကြီးမားဆုံးကျဆင်းမှုနှင့် တင်ပို့ကုန်များတွင် အကြီးမားဆုံးကျဆင်းမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။

စင်္ကာပူဗဟိုဘဏ်သည် အတိုးနှုန်းညှိခြင်းထက် စင်္ကာပူဒေါ်လာလဲလှယ်နှုန်းအား ပြောင်းလဲသတ်မှတ်ခြင်းဖြင့် ငွေကြေးဆိုင်ရာမူဝါဒကို ကြီးကြပ်သည်။ ပြီးခဲ့သည့်နှစ် ဧပြီတွင် ဗဟိုဘဏ်က စင်္ကာပူဒေါ်လာလဲလှယ်နှုန်းကို ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်စိုးစဉ်းမျှ တိုးမြှင့်ရန် ခွင့်ပြုခဲ့သည်။ ထို့နောက် အောက်တိုဘာတွင် ငွေကြေးဆိုင်ရာမူဝါဒအား တင်းကြပ်ခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service