နှစ်အလိုက်ဝင်ငွေရရှိနိုင်တော့မည့် မြန်မာ့မီးရထားရုံးဟောင်းမြေပေါ်က စီမံကိန်း

နှစ်အလိုက်ဝင်ငွေရရှိနိုင်တော့မည့် မြန်မာ့မီးရထားရုံးဟောင်းမြေပေါ်က စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
7 Mar 2019 10:14 am တွင် တင်ခဲ့သည်
1755 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထားရုံးဟောင်းမြေပေါ်၌ အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိသော စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားအတွက် နှစ်အလိုက်ဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇)မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါစီမံကိန်းဧရိယာသည် ၃၉,၅၇၇ စတုရန်းမီတာကျယ်ဝန်းပြီး Yangon Peninsula ဟိုတယ်စီမံကိန်းနှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားထားကာ FMI Yoma Stratigic Holdings၊ Mitsubishi Corporation၊ The International Finance Corporation(IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ယင်းစီမံကိန်း၌ လက်ရှိတည်ဆောက်ဆဲကာလတွင် တစ်နှစ်မြေငှားရမ်းခ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာနှုန်းရရှိနေပြီး စီမံကိန်းပြီးစီးပါက အလွှာတိုင်း၊ အထပ်တိုင်းအတွက် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနှုန်း နှစ်စဉ်ရရှိမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလကို ၄၈ လ သတ်မှတ်ထားကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

စီမံကိန်းဧရိယာ၏ ၂၅,၆၈၉ စတုရန်းမီတာ အကျယ်အ၀န်းကို Yangon Peninsula ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် တည်ဆောက်ရန်စီစဉ်ထားပြီး Office Tower နှစ်ခု၊ Peninsula အမှတ်တံဆိပ် အဆင့်မြှင့်အိမ်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်တစ်လုံး၊ ၀န်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများပါဝင်သော စုပေါင်းအိမ်ရာတစ်ခု ပါဝင်မည်ဖြစ်ကာ ယင်းအဆောက်အအုံကို ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စတုရန်းမီတာ ၁၃,၈၈၈ အကျယ်အ၀န်းနေရာ၌ Yangon Peninsula ဟိုတယ်တည်ဆောက်ကာ ယင်းနေရာ၌ အဆင့်မြင့်အခန်းပေါင်း ၈၈ ခန်းပါဝင်သည့် Peninsula Hotel အဖြစ် လုပ်ဆောင်ရန်စီစဉ်ထားကြောင်း၊ အဆိုပါဟိုတယ်၌ မင်္ဂလာခန်းမအပါအ၀င် မြန်မာ့မီးရထား၏ သမိုင်းဝင်အချက်အလက်များကို ပြတိုက်အဖြစ်ခင်းကျင်းပြသမှုများနှင့် ယာဉ်အစီးရေ ၁,၃၀၀ ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Credit : Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service