ဒစ်ဂျစ်တယ်ကမ္ဘာက မြန်မာနိုင်ငံ

ဒစ်ဂျစ်တယ်ကမ္ဘာက မြန်မာနိုင်ငံ - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 12:36 pm တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

လွန်ခဲ့တဲ့ အချိန်ကာလလေးတစ်ခုကို ကျွန်တော် တို့ ပြန်သွားကြည့်ကြပါစို့။ ကျွန်တော်တို့ လက်တွင်းမှာ ဖိုင်ဟောင်းလေး၊ လွယ်အိတ်ကလေးတွေနဲ့ ဘောလ်ပင်လေးတွေက နေရာယူခဲ့ဖူးပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်တော်တို့အတွက် လက်ပ်တော့ ကွန်ပျူတာ ထည့်ထားတဲ့ အိတ်ကလေးသာ လိုတော့ပါတယ်။ နောက်တစ် ဆင့်တက်လာတဲ့အခါ ကျွန်တော် တို့လက်ထဲမှာ iPad နဲ့ Pen တွေသာ နေရာယူပါတော့တယ်။ ကမ္ဘာကြီးမှာ နေ့စဉ်ပြောင်းလဲနေပါတယ်။ နည်းပညာရဲ့ တိုးတက်မှုကို ကျွန်တော်တို့လူသားတွေ လိုက်မီအောင် မနည်းကြိုးစားနေရချိန်မှာ လုပ်ငန်းတွင်ကျယ်မှုက နည်းပညာ ကို ဖယ်ထုတ်ရခက်၊ မေ့ရခက်ဖြစ်လာပါပြီ။

ဒစ်ဂျစ်တယ်ကမ္ဘာ

တရုတ်နိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာတော့ ဒစ်ဂျစ် တယ်နည်းပညာအသုံးပြုမှုဟာ နေ့စဉ်မြင့်တက်နေပါတယ်။ ခရီးသွားလာရေးလွယ်ကူဖို့ကအစ နည်းပညာတွေကို အခြေခံ တည်ဆောက်ပေးထားတဲ့ Infrastructure ကောင်းတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အွန်လိုင်းရှာဖွေရေးစနစ်တစ်ခုဖြစ် တဲ့ Baidu ဟာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုကို မောင်းသူမဲ့ကားကဏ္ဍအတွက် ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ အခြားသောကုမ္ပဏီတွေဖြစ်တဲ့ Samsung ဟာလည်း မိုဘိုင်း ဖုန်းတွေမှာ အသုံးပြုတဲ့ Chips ထုတ်လုပ်မှုဟာ Intel ထက် ကျော်လွန်သွားပြီဆိုတာကို ဈေးကွက်လေ့လာရေး အဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဈေးကွက်ကျော်လွန်မှုဆိုတာထက် Intel က ထုတ်လုပ်နေတဲ့ CPU တွေထက် Samsung က ထုတ်လုပ်နေတဲ့ Component တွေဟာ အသုံးပြုမှု ပိုများလာတာကို ဖော်ပြ လာပါတယ်။ ဒါဟာ နည်းပညာကုမ်္ပဏီတွေအကြား စိန်ခေါ်မှု တစ်ရပ်ကို ထုတ်ဖော်လိုက်တာလည်း ဖြစ်နေပါတယ်။ လက်ရှိမှာ Google က ထုတ်လုပ်ထားတဲ့ မောင်းသူ မဲ့ကားတွေကို အမေရိကန်က အရိဇိုးနားပြည်နယ်မှာ ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် မောင်းသူမဲ့နည်းပညာကဏ္ဍမှာ တရုတ်တို့ ခြေတစ်လှမ်းနောက်ကျပြီလားလို့ ဝေဖန်တာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံက ထောက်လှမ်းရေးအဖွဲ့ တွေကတော့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးစမတ်ဆုံး Huawei ကိုမသုံးစွဲဖို့ ညွှန်ကြားချက်ထွက်ပေါ်လာတာကအမေရိကန် နည်းပညာတွေကို စိန်ခေါ်နေသေးတယ်ဆိုတဲ့ အချက်ပဲဖြစ် ပါတယ်။ အွန်လိုင်းကြော်ငြာကဏ္ဍရပ်မှာလည်း ရပ်တန့်မနေပါ ဘူး။ အင်အားအကြီမားဆုံးကြော်ငြာပေးသူတွေဖြစ်တဲ့ Google နဲ့ Facebook တို့ဟာသူတို့ရဲ့ နည်းပညာတွေကို အဆင့်မြင့် သထက်မြင့်အောင် ကြိုးစားနေကြပါတယ်။ Google ရဲ့ ပိုင်ဆိုင် မှုဖြစ်တဲ့ YouTube ကိုယှဉ်ပြိုင်နိုင်ဖို့ Facebook ဟာ Facebook Watch ဆိုတာကို ထုတ်လုပ်ထားပြီ ဖြစ်ပါတယ်။

သူတို့ကုမ်္ပဏီနှစ်ခုဟာ အွန်လိုင်းကြော်ငြာဈေးကွက် မှာတော့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ Pivotal သုတေသန အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံရဲ့ အွန်လိုင်းကြော်ငြာနှုန်းထားဟာ ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး Facebook နဲ့ Google က အဲဒီဝေစုကိုပိုင်ဆိုင်ခဲ့တယ် လို့ ဆိုပါတယ်။ စာရင်းတွေအရ အွန်လိုင်းကြော်ငြာကနေ Google က စတာလင်ပေါင် ၄ ဒသမ၄ ဘီလီယံရရှိခဲ့ပြီး Facebook က စတာလင်ပေါင် ၁.၈ ဘီလီယံရရှိခဲ့တယ်လို့ eMarketer က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးပေါ်မြန်မာနိုင်ငံ

ကျွန်တော်တို့ နိုင်ငံအကြောင်းကိုပြောရရင် နောက်ဆုံး ပေါ်နိုင်ငံအဖြစ် အခြားသောနိုင်ငံတွေက သတ်မှတ်ကြပါတယ်။ တကယ်တော့လည်း ငြင်းဆန်နိုင်စရာက မရှိပြန်ပါဘူး။ အခြား သောနိုင်ငံမှာပေါ်ခဲ့ပြီးတဲ့ နည်းပညာတို့ရဲ့ နောက်ဆုံးအစိတ် အပိုင်းလေးတွေကိုသာ ကျွန်တော်တို့က သိရသူတွေဖြစ်နေတာပါ။ ယနေ့ ကျွန်တော်တို့တွေ ကားငှားတဲ့အခါ အရင် ကလိုလမ်းပေါ်ထွက် ကားငှားနေရတဲ့အဖြစ်တွေကို မေ့ပစ်နိုင် တော့မယ့် အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်နေပါပြီ။ Hello Cab, Oway, Get Ride, Grab တို့က ကျွန်တော်တို့ရဲ့ သွား လာမှုအပေါ်မှာ ၀န်ဆောင်မှုတွေ ပေးလာနေပြီဖြစ်သလို လုံခြုံ မှုနဲ့ Smart ကျမှုကိုလည်းပေးစွမ်းလာပြီဖြစ်ပါတယ်။ ဒါအပြင် ပြည်တွင်းမှာ ဒစ်ဂျစ်တယ်လုပ်ငန်းလုပ်ကိုင် နေတဲ့ ကုမ်္ပဏီတွေဖြစ်တဲ့ Groupbuyy လုပ်ငန်းစုတွေဟာ နည်းပညာနယ်ပယ်မှာ ခြေလှမ်းစိပ်စိပ်နဲ့ ဈေးကွက်ထဲတိုးဝင် နေတာ တွေ့ရမှာပါ။ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်အခန်းကြိုတင်မှာယူခြင်း၊ လေယာဉ်လက်မှတ်၊ ကား လက်မှတ်ကြိုတင်မှာယူခြင်းစတဲ့ ကဏ္ဍရပ်အသီးသီးမှာ ကုမ်္ပဏီ အသီးသီးဟာ ၀င်ရောက်လုပ်ကိုင်နေတာတွေ့ရမှာပါ။ ဒါပေမဲ့ အဲဒီလိုဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ် လောက်တိုးတက်နိုင်ဦးမလဲ။ ဘယ်အခြေအနေထိ မြင့်မားလာ နိုင်သေးလဲဆိုတာကတော့ အစိုးရအပေါ်မှာသာမူတည်နေ ပါတယ်။ တရုတ်နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးအတွက် စက်ဘီးတွေကိုအဆင်ပြေသလို ယူစီးနိုင်ပါတယ်။ ကုမ်္ပဏီတွေ က ၀န်ဆောင်မှုပေးထားပါတယ်။ နာရီဝက်ကို တစ်ယွမ်သာ ကျသင့်ပြီး ကိုယ်သွားချင်တဲ့နေရာကို ကားမပါလာခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ကားပါကင်နဲ့ ဝေးနေတာကြောင့်ပဲဖြစ်ဖြစ် စက်ဘီးလေး ယူ၊ QR Coad ကို Scan ဖတ်ပြီးစီးနိုင်ပါတယ်။ အဲဒီလိုနည်းပညာဘယ်အချိန်မှာ ကျွန်တော်တို့နိုင်ငံ ကိုရောက်လာမှာလဲ။ နည်းပညာတိုးတက်မှု ဘယ်လောက်အထိ မြင့်လာနိုင်မလဲ။ အခြားနိုင်ငံက လူတွေပြောနေသလို နောက်ဆုံး ပေါ်နိုင်ငံအဖြစ် ရပ်တည်နေဦးမှာလား။

ဈေးကွက်အမြင်

အွန်လိုင်းကြော်ငြာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ MyOpenAds, MogokAds စသဖြင့် ရှိနေပေမယ့် မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ သမရိုးကျ ကြော်ငြာ လုပ်ငန်းကိုသာ အာရုံထားကြသေးပါတယ်။ အင်တာနက် လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရလာမှု အပေါ်မှာ အချို့သော ကုမ္ပဏီတွေ ဒစ်ဂျစ်တယ်ရေစီးထဲဝင် ရောက်လာပေမယ့် အချို့ကတော့ မ၀င်လာကြသေးပါဘူး။ အမေရိကန်နိုင်ငံက စတော့ဈေးကွက် တစ်ခုလုံးရဲ့ ၄၂ ရာခိုင် နှုန်းဟာ ဒစ်ဂျစ်တယ်နည်းပညာကုမ္ပဏီတွေက ဦးဆောင်ထား တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ခန့်မှန်းသူတွေက Amazoned ဆိုတဲ့ စကားလုံးအသစ်တစ်ခုကို ဖန်တီးပြောဆိုလာကြတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက Ford ကားကုမ္ပဏီရဲ့ အရာရှိ တစ်ဦးကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ၀င်ငွေရရှိမှု အမြတ်နည်း တယ်ဆိုပြီး အလုပ်ထုတ်လိုက်ပါတယ်။ တကယ်တော့ သူရှာပေး ခဲ့တဲ့ တစ်နှစ်အတွင်း အကျိုးအမြတ်ဟာ အသားတင်ရရှိခဲ့ပေ မယ့် နည်းပညာအပေါ်အလေးမထားတာကို အကြောင်းပြပြီး အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ဒစ်ဂျစ်တယ်နည်းပညာ ကဏ္ဍရပ်ထဲကို ၀င်ရောက်တိုးဝှေ့နေချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ခြေလှမ်းလေးနေတုန်းပဲရှိပါတယ်။ အငှားယာဉ် ၀န်ဆောင်မှုကောင်းတွေ ဖြစ်လာပေမယ့် Car Stand တွေ စနစ်တကျတည်ဆောက်မှုမရှိသေးတာတွေဟာ အခြေခံပြုပြင် စရာတွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့စိန်ခေါ်မှုပေါင်း များစွာကို ခံစားနေရချိန်မှာ ပြုပြင်စရာတွေလည်း များလွန်းလှ ပြီး ဈေးကွက်လက်ဦးမှုကို လွယ်လွယ်ကူကူရယူနိုင်တဲ့ နည်းပညာ ကဏ္ဍက ၀ါးတားတားလေးပဲ ရှိနေသေးပါတယ်။ နောင်နှစ် ၂၀ မှာ စင်ကာပူကိုမီရမယ်လို့ ဆိုသော်ငြား လည်း စင်ကာပူနိုင်ငံဟာ Trade Hub နိုင်ငံအဖြစ်ကနေ Innovative Hub ကိုကူးပြောင်းနေတာကြောင့် ဘယ်လိုဗျူဟာ နဲ့ လိုက်မီနိုင်မလဲဆိုတာဟာ စဉ်းစားစရာအချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဈေးကွက်လက်ဦးမှု၊ အကူးအပြောင်းဆိုတာတွေဟာ အမြဲတမ်းနောက် ကျမနေသင့်ဘူးဆိုတာ တင်ပြလိုက်ပါတယ်။

လေးလှိုင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service