နာဇီဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်၏ လူသူကင်းမဲ့လျက်ရှိသော စံအိမ်ကြီး

နာဇီဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်၏ လူသူကင်းမဲ့လျက်ရှိသော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 12:26 pm တွင် တင်ခဲ့သည်
2823 ကြိမ် ကြည့်ရှု့ပြီး

နာဇီပါတီ၏ ၀ါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်၏ အမည် ရင်းမှာ ပေါလ် ဂျိုးဇက် ဂိုဘဲလ် (ဂျာမာန်အသံ ထွက်အားဖြင့် ဩပါဝဲ ယိုးဇက် ဂပ်ဘစ်စ်) ဖြစ်ပြီး (မွေးဖွား ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ ကွယ်လွန်- ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်) နာဇီဂျာမနီ၏ ၀ါဒဖြန့်ချိရေး ၀န်ကြီးအဖြစ် ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဟစ်တလာ၏ အနီးကပ်ဆုံးမိတ်ဘက်အချို့တွင်တစ်ဦး အပါအ၀င်ဖြစ်ပြီး ဟစ်တလာအပေါ် သစ္စာအရှိဆုံးနောက်လိုက် များတွင် တစ်ဦးအပါအ၀င်လည်း ဖြစ်သည်။ လူပုံအလယ်စကားပြောကျွမ်းကျင်သူ၊ ဂျူးဆန့်ကျင် ရေးစိတ် အလွန်ပြင်းထန်သူအဖြစ် လူသိများသည်။ ပြင်းထန်သော လူမျိုးရေးခွဲခြားမှုလုပ်ရပ်များ အကောင်အထည်ဖော်ခဲ့ရာ ဂျူး လူမျိုးများကို မျိုးဖြုတ်သတ်ဖြတ်မှုများတွင် ဦးဆောင်ခဲ့ခြင်း လည်း အပါအ၀င်ဖြစ်သည်။

ဂိုဘဲလ်သည် ၁၉၂၁ ခုနှစ်တွင် ဟိုင်ဒဲဘာ့ဂ်တက္ကသိုလ် မှ ဒေါက်တာဘွဲ့ (PhD) ရရှိခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် နာဇီပါတီ သို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် နာဇီပါတီက ခရိုင်ခေါင်းဆောင်တစ် ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၃၃ ခုနှစ်တွင် နာဇီပါတီ အာဏာရလာသောအခါ ဂိုဘဲလ်၏ ၀ါဒဖြန့်ဝန်ကြီးဌာနသည် ဂျာမနီပြည်တွင်းရှိ သတင်းမီဒီယာများ၊ အနုပညာလက်ရာများ၊ သတင်းအချက်အလက်များကို ထိန်းချုပ်ကွပ်ကဲလာသည်။

ရေဒီယို၊ ရုပ်ရှင်နှင့် သတင်းမီဒီယာတို့ကို ၀ါဒဖြန့် လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၀ါဒဖြန့်ချိရေးကဏ္ဍများတွင် ဂျူးဆန့်ကျင်ရေး၊ ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်ရေး အစရှိသည်တို့ ပါဝင်သည်ဟု ဆိုသည်။

၁၉၄၃ ခုနှစ်တွင် အလုံးစုံစစ်ပွဲကြီးဖြစ်စေမည့် ခြေလှမ်းမျိုးကို ဟစ်တလာအား ဂိုလ်ဘဲက ဖိအားပေးခဲ့သည်။ စစ်ပွဲအတွက်ပြင်ဆင်ခြင်းနှင့် မဆိုင်ဘဲ စီးပွားရေးလုပ်ငန်း များ ပိတ်သိမ်းစေခြင်း၊ အမျိုးသမီးများကို လုပ်ငန်းခွင်များသို့ မလာမနေရ အမိန့်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဟစ်တလာက ဂိုဘဲလ်ကို အလုံးစုံစစ်ပွဲအတွက် ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် အာဏာကုန်လွှဲအပ်ခဲ့သည်။စစ်ကြီးအပြီးသတ်လုနီးအချိန်တွင် နာဇီတို့မှာ စစ်ရှုံးနေပြီဖြစ် ရာ ဂိုဘဲလ်က သားသမီးများကို ခေါ်ယူပြီး ဘာလင်သို့ လာရောက် ခဲ့သည်။ ဘာလင်တွင် ဟစ်တလာ၏ မြေအောက်ဗုံးခိုစခန်း ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Vorbunker မြေအောက် ဗုံးခိုကျင်းသို့ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်၌ ဂိုဘဲလ်တို့ မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ဂိုဘဲလ်တို့ရောက်ရှိလာပြီး ၈ ရက်အကြာ ၊ ဧပြီလ ၃၀ ရက်တွင် ဟစ်တလာသည် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ဟစ်တလာ၏ သေတမ်းစာအရ ဂိုဘဲလ်ကို ဂျာမနီ၏ အဓိပတိ (၀န်ကြီးချုပ်) အဖြစ် ခန့်အပ်ကြောင်း ရေးသားသွား ခဲ့သည်။ ဂိုဘဲလ်မှာ အဆိုပါရာထူးတွင် ဧပြီ ၃၀ တစ်ရက်တာ သာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ နောက်နေ့ဖြစ်သော မေလ ၁ ရက်တွင် ကလေးများကို အဆိပ်ခတ်သတ်ခဲ့ကာ ဂိုဘဲလ်နှင့် ဇနီးဖြစ်သူတို့မှာလည်း အဆုံးစီရင်သွားခဲ့ကြသည်။

ဂိုဘဲလ်၏နေအိမ်

နေအိမ်တို့သည် လူတို့နှင့် အနည်းငယ်တူညီသည့် သဘောတရားအချို့ရှိသည်။ ၎င်းတို့သည် စွမ်းအင်တစ်မျိုးမျိုး ပေးစွမ်းလေ့ရှိပြီး ယင်းစွမ်းအင်မှာ အကောင်းလည်းဖြစ်နိုင်သလို အဆိုးလည်းဖြစ်နိုင်သည်။ နေအိမ်တွင် မည်သို့သောသူ နေထိုင်သည်ဆိုသည့် အပေါ်မူတည်ပြီး အများအတွက် နွေးထွေးပျူငှာသည့်နေအိမ်ဖြစ် လာနိုင်သကဲ့သို့ နေရောင်ခြည်တို့ ဖြာဆင်းဝင်ရောက်နေသည့် တိုင်အောင် မှောင်မည်းခြောက်ခြားဖွယ်နေအိမ်ကြီးလည်း ဖြစ် လာနိုင်လေသည်။ အချို့၏ ပြောကြားချက်အရ လူတစ်ဦးနေထိုင်ပြီဆို သည်နှင့် နေအိမ်သည် အဆိုပါနေထိုင်သူ၏ ကောင်းခြင်း၊ ဆိုး ခြင်းတရားအချို့ကို စုပ်ယူထားလိုက်ရာ ထိုသူ မနေထိုင်တော့ သည့်တိုင် ၎င်း၏ အကောင်း၊ အဆိုးဓာတ်များ နေအိမ်တွင် စိမ့်ဝင်ကျန်ရစ်နေသည်ဟု ဆိုသည်။ ယင်းသို့ဆိုလျှင် ဟစ်တလာ၏ လူယုံတော်၊ ၀ါဒဖြန့်ချိ ရေးဝန်ကြီး ဂျိုးဆက်ဖ် ဂိုဘဲလ်၏ နေအိမ်ဆိုလျှင် မည်သို့ရှိပါ မည်နည်း။ ဂျိုးဆက်ဖ် ဂိုဘဲလ်၏ နေအိမ်သည် ဘာလင်မြို့တော်မှ ၉ မိုင်အကွာ ရေကန်ကြီးတစ်ခုဘေးတွင် ယနေ့တိုင် တည်ရှိနေသည်။ အရောင်းဈေးကွက်တွင် ရောက်ရှိနေသည်မျာ နှစ်ပေါင်း ၂၀ ခန့်ရှိခဲ့ပြီဖြစ်သော်လည်း ၀ယ်လက်ပေါ်ပေါက်ခဲ့ခြင်း မရှိချေ။

ဂိုဘဲလ်သည် အဆိုပါနေအိမ်တွင် နာဇီပါတီ၏ ထိပ်တန်းခေါင်းဆောင်များကို ဖိတ်ကြားကာ ဧည့်ခံကျွေးမွေးခြင်း၊ ဂျူးဆန့်ကျင်ရေး မိန့်ခွန်းများ ရေးသားခြင်း၊ ရုပ်ရှင်မင်းသမီး လောင်းလျာများနှင့် အချစ်ရေးအတွက် ချိန်းတွေ့ခြင်းများ ပြု လုပ်လေ့ရှိသည်။ နာဇီဝါဒဖြန့် ရုပ်ရှင်များ ရိုက်ကူးရေးအတွက် အစမ်း လေ့ကျင့်မှုများ ပြုလုပ်စေရင်း အဆိုပါ မင်းသမီးလောင်းများနှင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇနီး မက်ဂ်ဒါကိုလည်း ထိုသို့ပင် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။ ဂိုဘဲလ်သည် မက်ဂ်ဒါနှင့် သားသမီး ၆ ဦး ထွန်းကားခဲ့ သည်။ စံအိမ်ကြီးသည် အလွန်ကြီးမားလှသဖြင့် မင်းသမီးပေါက်စ များနှင့် ဂိုဘဲလ်တွေ့ဆုံနေခြင်းကို ဇနီးဖြစ်သူ မက်ဂ်ဒါ မသိရှိ ခဲ့ချေ။ နေအိမ်တည်ရှိရာ ခြံဝန်းအကျယ်မှာ ၄၂ ဧကရှိကာ အခန်းပေါင်း ၇၀ ခန့် ပါဝင်သည်။

ထို့ကြောင့် အချစ်ရေးဇာတ်လမ်းများကို ဤမျှအပြော ကျယ်လှသော စံအိမ်ကြီးအတွင်း လူမသိသူမသိ လုပ်ဆောင်ရန်မှာ မခက်လှချေ။ အဆိုပါစံအိမ်ကြီးကို မြို့အုပ်ချုပ်ရေးအဖွဲ့အတွက် ထိန်းသိမ်းမှုများ ပြုလုပ်ပေးနေသည့် BIM Real Estate Manage-ment (BIM) ကုမ္ပဏီက နေအိမ်ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်လိုလျက်ရှိသည်။ အဆင့်မြှင့်မွမ်းမံလိုက်ပါက ၀ယ်လက်များ၊ ငှားရမ်း မည့်သူများ ပေါ်ပေါက်လာနိုင်ကြောင်း BIM ယူဆသည်။

သို့ရာတွင် မေးဖွယ်ရာရှိသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသော နာဇီခေါင်းဆောင်တစ်ဦး၏ နေအိမ်တွင် မည်သူက ထိမ်းမြား မင်္ဂလာပွဲများ ကျင်းပလိုမည်နည်းဟူသော အမေးပေါ်သည်။သရဲခြောက်သော နေအိမ်များကို ၀ယ်ယူသူ နည်းပါးခြင်းမျိုးနှင့် အလားတူသည်။ သို့ရာတွင် ယခုအကြောင်းရပ်မှာ သရဲတစ္ဆေကိစ္စမဟုတ်။ ရုပ်ဆိုးအကျည်းတန်သော သမိုင်းဆိုးကိစ္စဖြစ်သည်။

အကယ်၍ အဆောက်အအုံများကို ဖြိုချလိုက်သည့်တိုင် ဤ နေရာတွင် နေထိုင်သွားခဲ့သူတို့၏ လုပ်ရပ်၊ အခြားနာဇီခေါင်း ဆောင်တို့၏ လုပ်ရပ်များကို မေ့ပျောက်ပစ်ရန် မဖြစ်နိုင်ချေ။

လက်ရှိအားဖြင့် အဆောက်အအုံကြီးကို နှစ်စဉ်ထိန်းသိမ်းစရိတ် မှာ ယူရို ၂၃၀၀၀၀ ခန့် ကုန်ကျနေသည်။ ထို့အပြင် ပျက်စီးယိုယွင်းနေသော အမိုးကို ပြုပြင်ရန် ရှိနေပြီး လုံခြုံရေးစနစ်များ ခေတ်မမီတော့ခြင်းများအပြင် အခြား ပြဿနာ များစွာလည်း ရှိနေသည်။ ထိုသို့ အရာရာယိုယွင်းနေသည့် အဆောက်အအုံကြီး ကို ပြုပြင်မွမ်းမံမည်ဆိုပါက ယူရို ၂ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ပြုပြင်ရန်လည်း စိတ်ဝင်စားသူ မရှိချေ။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service