ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ရေပေါ်မြောပါနေသည့် ရေကူးကန်စတင်ဖွင့်လှစ်

ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ရေပေါ်မြောပါနေသည့် ရေကူးကန်စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 11:55 am တွင် တင်ခဲ့သည်
1269 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ရေပေါ်မြောပါနေသည့် ရေကူးကန်ကို ကမ္ဘာကျော် ကျွန်းတုအပန်းဖြေ စခန်း Palm Jumeirah ၏ ရေပြင်အတွင်း စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဒူဘိုင်း ထိပ်တန်း developer ဖြစ်သော Nakheel က ၎င်း၏ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အပန်းဖြေစခန်းဆိုင်ရာ ကုမ္ပဏီခွဲဖြစ်သော Nakheel Hospitality & Leisure မှ တဆင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အာရေးဘီးယန်းပင်လယ်ကွေ့ရှိ ကမ္ဘာကျော် Palm Jumeirah ၏ ရေပြင် မီတာ ၅၀ ကမ်းလွန်တွင် တည်ရှိသည်။

နေ့ဘက်တွင် ရေကန်ဘေးအပန်းဖြေနေရာသစ် တစ်ခုအဖြစ်လည်းကောင်း၊ ညဘက်အတွက် သီးသန့်ပွဲလမ်းများ ကျင်းပနိုင်မည့် ရင်သပ်ရှုမောဖွယ်နေရာတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင်မည် ဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတလွှားတွင် Nakheel ၏ တိုးတက်များပြားလာနေသော ကလပ်များ၊ စားသောက်ဆိုင်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် Club Vista Mare အတွက် ချဲ့ထွင်ပေးထားသည့် စီမံကိန်းဖြစ်ပြီး ရေကူးကန်၏ အနက်မှာ ၁ ဒသမ ၂ မီတာ ရှိသည်။

ရေကူးကန်ရှိရာသို့ မီတာ ၅၀ ရှည်လျားသည့် လျှောက်လမ်းတစ်ခုဖြင့် ရေပြင်ကို ဖြတ်သန်းကာ ဆက်သွယ်ပေးထားသည်။

အလျားမီတာ ၂၀၊ အနံ ၁၀ မီတာရှိသော ရေကူးကန်တွင် ကျယ်ပြန့်သော ကုန်းပတ်တစ်ခု ထားရှိပေးထားပြီး လူပေါင်း ၇၅ ဦးစာအတွက် နေစာလှုံ ခုံများ ချထားပေးသည်။

အဆိုပါရေကူးကန်နေရာကို ဆိပ်ခံဘောတံတားများတွင် အသုံးပြုသည့်နည်းပညာဖြစ်သော Seaflex anchor system ကို အသုံးပြုကာ ပင်လယ်ကြမ်းပြင်နှင့် ချိတ်ဆက်ထိန်းချုပ်ပေးထားသည်။

Nakheel Hospitality & Leisure မှ မန်နေးဂျင်း ဒါရိုက်တာ သော်စတန် ရိုင်းစ်က ပြောကြားရာတွင် “ဒီနေရာက တကယ့်ကို တမူထူးခြားတဲ့နေရာပါ။

ဧည့်သည်တွေအနေနဲ့ ရေကူးကန်ထဲက ရေချိုထဲမှာ ရေငုပ်မလား၊ ဒါမှမဟုတ် အာရေးဘီးယန်း ပင်လယ်ကွေ့က ဆားငန်ရေထဲမှာ ရေကူးမလားဆိုတာ ရွေးချယ်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ရေကူးကန်သို့ နေ့ဘက်တွင် လူကြီးများသာ ဝင်ခွင့်ရမည်ဖြစ်ပြီး ဝင်ကြေးမှာ တစ်ဦးလျှင် ဒူဘိုင်းငွေ ၂၀၀ ကျသင့်မည်ဖြစ်သည်။

ညဘက်တွင်မူ ပွဲလမ်းအခမ်းအနားများ ကျင်းပရာနေရာတစ်ခုအဖြစ် အသုံးပြုခွင့်ပေးမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service