တရုတ်ပြည်၏ ထိပ်သီးကုမ္ပဏီကြီး Alibaba ၏ ပေကျင်းရုံးချုပ်အဆောက်အအုံကြီးကို ယခုနှစ်နိုဝင်ဘာလအတွင်း ကန်ုဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်မည်

တရုတ်ပြည်၏ ထိပ်သီးကုမ္ပဏီကြီး Alibaba ၏ ပေကျင်းရုံးချုပ်အဆောက်အအုံကြီးကို ယခုနှစ်နိုဝင်ဘာလအတွင်း ကန်ုဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 11:44 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ ထိပ်သီး e-commerce ကုမ္ပဏီကြီး Alibaba သည် ပေကျင်းမြို့တော်တွင် ၎င်း၏ရုံးချုပ်အဆောက်အအုံကြီးကို ယွမ်ငွေ ၆ ဒသမ ၉ ဘီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံ)ဖြင့် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

ဆောက်လုပ်မှု လုပ်ငန်းများကို ယခုနှစ် နိုဝင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

ဟန်ကျိုးမြို့အခြေစိုက် Alibaba သည် ပေကျင်းမြို့တော်၊ ကျောက်ယန်ခရိုင်တွင် စတုရန်း ၄၇၀၀၀၀ မီတာ အကျယ်အဝန်းရှိ ရုံးချုပ်သစ်ကြီးကို ဆောက်လုပ်မည်ဖြစ်ကြောင်း ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင်လည်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ယခုစီမံကိန်းမှာ Alibaba ၏ ရုံးချုပ် ၂ ခု မဟာဗျူဟာမှ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော Alibaba သည် ၎င်း၏ပင်မလုပ်ငန်းများစွာကို ဟန်ကျိုးမှ ပေကျင်းသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ရာ နည်းပညာ၊ ဘဏ္ဍာရေး၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေး၊ ထောက်ပံ့မှုနှင့် လက်လီကဏ္ဍတို့ ပါဝင်သည်။

ပေကျင်းတွင် Daxing နိုင်ငံတကာလေဆိပ်၊ မီးရထားလမ်းများစွာ အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းကြီးများနည်းတူ Alibaba ၏ ရုံးချုပ် စီမံကိန်းမှာလည်း ပေကျင်း၏ အကြီးစားစီမံကိန်းကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service