ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ၊ အဓိကကျသည့် အကျိုးစီးပွားရယူခြင်းဆိုင်ရာ၊ ဆက်နွှယ်သူများဆိုင်ရာ၊ သင့်လျော်မှန်ကန်ခြင်း ရှိမှုဆိုင်ရာအပါအဝင် ညွှန်ကြားချက်ငါးခု နိုင်ငံတော်ဗဟိုဘဏ် ထပ်မံထုတ်ပြန်မည်

ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ၊ အဓိကကျသည့် အကျိုးစီးပွားရယူခြင်းဆိုင်ရာ၊ ဆက်နွှယ်သူများဆိုင်ရာ၊ သင့်လျော်မှန်ကန်ခြင်း ရှိမှုဆိုင်ရာအပါအဝင် ညွှန်ကြားချက်ငါးခု နိုင်ငံတော်ဗဟိုဘဏ် ထပ်မံထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 11:13 am တွင် တင်ခဲ့သည်
1146 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉ ခု နှစ်အတွင်း ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စည်းမျဉ်းများ၊ ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်လျက်ရှိပြီး မကြာမီညွှန်ကြားချက်ငါးခုနှင့် စည်းမျဉ်းတစ်ခုထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

အဆိုပါထုတ်ပြန်မည့် ညွှန်ကြားချက်များမှာ ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက်၊ ဘဏ်၏ ပြင်ပစာရင်းစစ်များဆိုင်ရာ ညွှန်ကြားချက်၊ အဓိကကျသည့် အကျိုးစီးပွားရယူခြင်းဆိုင်ရာ ညွှန်ကြားချက်၊ ဆက်နွှယ်သူများဆိုင်ရာ ညွှန်ကြားချက်၊ သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်များ အတွက်ညွှန်ကြားချက်တို့ဖြစ်ပြီး ထပ်မံထုတ်ပြန်မည့် စည်းမျဉ်းမှာ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ စည်းမျဉ်းဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အဆိုပါစည်းမျဉ်းနှင့် ညွှန်ကြားချက်များကို ယခုမတ်လနှင့် ဧပြီလအတွင်းဆက်လက် ထုတ်ပြန်သွားရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆) အရ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ အမှာစာများကို ထုတ်ပြန်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အဓိကစည်းမျဉ်းများဖြစ်သည့် မတည်ငွေရေးလုံလောက်မှုဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့် အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာစည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခဲ့သည်။ ထို့ပြင် ပြန်လည်ရရှိရန်ဦးစားပေးအဆင့်တွင်မရှိသည့် ကြွေးမြီများဆိုင်ရာညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် ငွေရေးကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်နေပြီး ယခုအချိန်အထိ ညွှန်ကြားချက်ခြောက်ခု ထွက်ရှိပြီးဖြစ်သည်။

ဘဏ်များမှ ထုတ်ချေးသောချေးငွေများအပေါ် ဘဏ်များက တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်းကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ညွှန်ကြားချက်အမှတ် ၂ / ၂၀၁၉ ဖြင့် ပြည်တွင်းဘဏ်များအား စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်းသုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များရှိ ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင်မရှိသည့် ကြွေးမြီများကို ဖြည့်စွက်မတည်ငွေရင်းအဖြစ် ထည့်သွင်းခွင့်ပြုသောညွှန်ကြားချက်အမှတ် ၃/၂၀၁၉ ကို ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက် ၄/၂၀၁၉ ဖြင့် ဂျပန်ယန်းနှင့် တရုတ်ယွမ်တို့အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့်ငွေကြေးများအဖြစ် ခွင့်ပြုခဲ့သည်။ ထို့ပြင် AD လိုင်စင်ရ ဘဏ်များ နိုင်ငံခြားငွေရောင်း / ဝယ်သည့်အခါတွင် ဈေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုများ၊ ထပ်တလဲလဲရောင်းဝယ်မှုများနှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ၅/ ၂၀၁၉ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License – AD) ရ ဘဏ်များ နိုင်ငံခြားငွေကြေးများ လိုငွေ / ပိုငွေအခြေအနေ မဖြစ်ပေါ်ရေးထိန်းသိမ်းရန်နှင့် လိုငွေ / ပိုငွေကို အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက်မကျော်လွန်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၆ / ၂၀၁၉ ဖြင့် ထုတ်ပြန်ထားပြီး ယခုမတ်နှင့် ဧပြီ နှစ်လအတွင်း ညွှန်ကြားချက်ငါးခုနှင့် စည်းမျဉ်းတစ်ခုထပ်မံထုတ်ပြန်ရန် ဗဟိုဘဏ်က မျှော်မှန်းထားသည်။

 

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service