ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီက ကွန်ဒိုမှတ်ပုံတင်ကြေး နှုန်းထားများ ထုတ်ပြန်

ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီက ကွန်ဒိုမှတ်ပုံတင်ကြေး နှုန်းထားများ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 10:47 am တွင် တင်ခဲ့သည်
6865 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီ(YCMC) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမှတ်ပုံတင်ကြေးများ ပေးဆောင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာလိုက်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရသည်။

ကွန်ဒိုမီနီယံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် လုပ်ငန်းလိုင်စင်ကြေးမှာ ကျပ် သိန်း ၁၀၀ (ကန်ဒေါ်လာ ၆၆၃၆) ဖြစ်ပြီး ကွန်ဒိုခန်းများကို မှတ်ပုံတင်ရန်အတွက် ပေးသွင်းရမည့် အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

- ကျပ်ငွေ သိန်း ၁၀၀၀ (ကန်ဒေါ်လာ ၆၆၀၀၀) အထက် ကွန်ဒိုခန်းများအတွက် တစ်ခန်းလျှင် ကျပ် ၂၀၀၀၀ (ကန်ဒေါ်လာ ၁၃)

- ကျပ်ငွေ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ ကြား (ကန်ဒေါ်လာ ၆၆၀၀၀ မှ ၂၀၀၀၀၀) အကြားတန်ကြေးရှိသော အခန်းများအတွက် တစ်ခန်းလျှင် ကျပ်ငွေ ၃၀၀၀၀ (ကန်ဒေါ်လာ ၂၀)

- ကျပ်ငွေ သိန်း ၃၀၀၀ (ကန်ဒေါ်လာ ၂၀၀၀၀၀) အထက် တန်ကြေးရှိသော အခန်းများအတွက် တစ်ခန်းလျှင် ကျပ်ငွေ ၅၀၀၀၀ (ကန်ဒေါ်လာ ၃၃) ပေးဆောင်ရမည်ဟု ဆိုသည်။

(ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီ- YCMC)

ပြည်ထောင်စုအစိုးရက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွန်ဒိုဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ် အစောပိုင်းတွင် YCMC ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

YCMC ၏ ဥက္ကဌမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဖြစ်သည်။

ဒေါ်နီလာကျော်သည် ရန်ကုန်မြို့သစ်ဆောက်လုပ်ရေးကော်မတီ၏ ဥက္ကဌလည်း ဖြစ်သည်။

ကော်မတီအနေဖြင့် အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ ကုမ္ပဏီ ၁၉ ခုသို့ လုပ်ငန်းလိုင်စင်များ ချထားပေးပြီးလည်း ဖြစ်သည်။

ကုမ္ပဏီ ၁၉ ခုအနက် အချို့သော ကုမ္ပဏီများမှာ ကွန်ဒိုခန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစတင် အကောင်အထည်ဖော်နေကြပြီဖြစ်ရာ ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်း၏ ပန်းစွယ်တော်ကွန်ဒို စီမံကိန်းကိုလည်းကောင်း၊ Living Square ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်း၏ ပထမဆုံးကွန်ဒိုစီမံကိန်းဖြစ်သော Kabaraye Executive Residence ကိုလည်းကောင်း၊ နေကမ္ဘာဆောက်လုပ်ရေး က မကြာသေးမီက အပြီးသတ်ခဲ့သော Royal Maung Bamar Residence ကိုလည်းကောင်း မှတ်ပုံတင်ခြင်းများ စတင်ပြုလုပ်နေကြသည်။

YCMC ၏ (၁/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ ...

၁။ ရွှေတောင်ဆောက်လုပ်ရေး

၂။ စေပိုင် ဆောက်လုပ်ရေး

၃။ တက်လမ်း

၎။ ဒဂုံ အင်တာနေရှင်နယ်

၅။ ရွှေဇမ္ဗူဒိပ်

၆။ Myanmar Imperial Vega

၇။ One One One

၈။ ရှိုင်းဆောက်လုပ်ရေး

၉။ Nation Light

၁၀။ Mandalay Golden Wings ဆောက်လုပ်ရေး

၁၁။ Living Square ဆောက်လုပ်ရေး

၁၂။ နေကမ္ဘာ မြန်မာ

 

YCMC ၏ (၂/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ ...

၁။ ငပလီ အင်တာပရိုက်စ်

၂။ Capital Development

၃။ iGreen

၎။ Myanmar Seilone

၅။ KHG ဆောက်လုပ်ရေး

၆။ Modern Key Technique (MKT) ဆောက်လုပ်ရေး

၇။ နိုင်ဂရု(ပ်)

 

Credit: Myanmar Real Estate 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service