ဟောင်ကောင်ရှိ မြန်နှုန်းမြင့် ရထားဘူတာရုံတစ်ခုကို အိမ်ခြံမြေ developer များထံ ဟောင်ကောင်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိ

ဟောင်ကောင်ရှိ မြန်နှုန်းမြင့် ရထားဘူတာရုံတစ်ခုကို အိမ်ခြံမြေ developer များထံ ဟောင်ကောင်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 11:59 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သည် ကောင်းလွန်အရပ်ရှိ မြန်နှုန်းမြင့် ရထားဘူတာရုံတစ်ခုကို အိမ်ခြံမြေ developer များထံ ဟောင်ကောင်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မြေအကျယ်အဝန်း ၅ ဒသမ ၈၈ ဟက်တာ (၁၄ ဒသမ ၅ ဧက) ကျယ်ဝန်းသော West Kowloon ဘူတာသည် ယခုနှစ်အတွင်း တရားဝင် မြေအရောင်းအဝယ်ဈေးကွက်သို့ ဝင်ရောက်လာသော လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မြေနေရာ ၂၂ ခုတွင် တစ်ခု အပါအဝင်လည်း ဖြစ်သည်။

ဟောင်ကောင်ဖွံ့ဖြိုးရေးဝန်ကြီး မိုက်ကယ်ဝေါင်က ပြောကြားရာတွင် အစိုးရအဖွဲ့အနေဖြင့် ခွဲစိတ်ရောင်းချခြင်းထက် တစ်လုံးတစ်စည်းတည်း ရောင်းချရန်သာ ရည်ရွယ်ထားကြောင်း ပြောကြားသည်။

ယခုနှစ်၏ ပထမနှစ်ဝက်တာကာလအတွင်း ရောင်းချရန် ရည်ရွယ်ထားပြီး ယခု ၂၀၁၉ ခုနှစ်သည် ဆယ်စုနှစ် ၂ ခုတာကာလအတွင်း ဟောင်ကောင် ရုံးခန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကြမ်းခင်းဧရိယာအမြင့်မားဆုံးဖြည့်တင်းပေးနိုင်မည့်နှစ်တစ်ခုအဖြစ် မျှော်မှန်းထားသည်ဟု ဆိုသည်။

“ဒီဇိုင်းနဲ့ စီမံခန့်ခွဲမှုအရေးတွေကြောင့် ဒီနေရာကို တစ်စုတစ်ပေါင်းတည်းရောင်းတာက ပိုပြီးအကျိုးဖြစ်ထွန်းလာစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟုလည်း မစ္စတာ ဝေါင်က ပြောကြားသည်။

သို့ရာတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး သောမတ်စ်လမ်းက ပြောကြားရာတွင် ထိုသို့ တစ်ပေါင်းတည်းရောင်းချခြင်းကလည်း ရောင်းထွက်ရန် အခက်ကြုံဖွယ်ရှိကြောင်း ပြောကြားထားသည်။

“စုစုပေါင်း တန်ဖိုးအရဆို သိပ်များလွန်းတယ်။ ကျွန်တော့်အမြင်ကတော့ တစ်ပေါင်းတည်းကို လွယ်လွယ်နဲ့ ရောင်းထွက်မယ်တော့ မမြင်ဘူး။ နေရာကောင်းတာကြောင့် DEVELOPER တွေကတော့ စိတ်ဝင်စားကြမှာ အမှန်ပါ။ ဒါပေမယ့် ဒီနေရာတစ်ခုလုံးကို developer တစ်ဦးတည်းကဝယ်ဖို့ကျတော့ ငွေက အရမ်းများနေတာကြောင့် ဝယ်နိုင်ကြမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ ဒီနေရာကို ဝယ်ဖို့အတွက် ဖက်စပ်ကုမ္ပဏီ ထောင်ရဖို့ရှိတယ်” ဟု သောမတ်စ်လမ်းက သုံးသပ်သည်။

သောမတ်စ်လမ်း၏ ခန့်မှန်းချက်အရ လေလံတင်ရောင်းချရာတွင် ဟောင်ကောင်ဒေါ်လာ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၁၂ ဘီလီယံ) မှ ဟောင်ကောင်ဒေါ်လာ ၁၁၀ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၁၄ ဘီလီယံ) အကြား ရရှိဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။

တနည်းအားဖြင့်ဆိုလျှင် တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၀၀၀၀ (ကန်ဒေါ်လာ ၃၈၀၀) မှ ဟောင်ကောင်ဒေါ်လာ ၃၅၀၀၀ (ကန်ဒေါ်လာ ၄၅၀၀) အကြား ရရှိမည်ဟု ခန့်မှန်းထားခြင်းလည်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service