တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေ developer များတွင် ပါဝင်သော Longfor ကုမ္ပဏီပိုင်ရှင်က သမီးဖြစ်သူကို ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးလိုက်ရာ သမီးဖြစ်သူမှာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာများတွင် တစ်ဦးအပါအဝင်ဖြစ်လာ

တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေ developer များတွင် ပါဝင်သော Longfor ကုမ္ပဏီပိုင်ရှင်က သမီးဖြစ်သူကို ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးလိုက်ရာ သမီးဖြစ်သူမှာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာများတွင် တစ်ဦးအပါအဝင်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 11:33 am တွင် တင်ခဲ့သည်
3526 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေ developer များတွင် နံပါတ် ၈ နေရာ၌ ရပ်တည်နေသောLongfor ကုမ္ပဏီပိုင်ရှင်သည် သမီးဖြစ်သူကို ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးလိုက်ရာ သမီးဖြစ်သူမှာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာများတွင် တစ်ဦးအပါအဝင်ဖြစ်လာသည်။

Longfor Properties ကုမ္ပဏီကို တည်ထောင်သူ ဝူယကျီန်၏ သမီး ကိုင်စင်ယီသည် အသက် ၂၀ ကျော်သာရှိသေးပြီး အမွေအဖြစ် ဟောင်ကောင်ဒေါ်လာ ၅၆ ဘီလီယံ (ကန်ဒေါ်လာ ၇ ဒသမ ၁၇ ဘီလီယံ) ခန့် အမွေရရှိခဲ့ခြင်း ဖြစ်သည်။ ကိုင်စင်ယီသည် Longfor Properties တည်ထောင်သူ ဝူယကျီန်နှင့် ခင်ပွန်း (ဟောင်း) ကိုင်ကွေတို့၏ သမီးဖြစ်သည်။

ယခုအခါ ကိုင်စင်ယီသည် တရုတ်ပြည်တွင် နံပါတ် ၈ နေရာ၌ ရပ်တည်နေသော အိမ်ခြံမြေ developer ကုမ္ပဏီ Longfor ၏ ရှယ်ယာ ၄၃ ဒသမ ၉ ရာခိုင်နှုန်းကို မိခင်ထံမှ လွှဲပြောင်း အမွေဆက်ခံခဲ့ပြီ ဖြစ်သည်။

ကိုင်စင်ယီသည် ၁၉၉၃ ခုနှစ်တွင် မွေးဖွားသည်ဟု ခန့်မှန်းရပြီး အသက် ၂၆ နှစ်အရွယ်သာရှိသေးသည်ဟု ယူဆကြသည်။

အသက်အရွယ်ကန့်သတ်ချက်မပါသော ချမ်းသာကြွယ်ဝသူများစာရင်းတွင်မူ ကိုင်စင်ယီမှာ နံပါတ် ၂၃ နေရာတွင် ရပ်တည်နေသည်။

Shimao Properties ကုမ္ပဏီ၏ ဥက္ကဌ ဟွေ့ယင်မောက်က ကြွယ်ဝမှု ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံဖြင့် ကိုင်စင်ယီ၏ အထက် နံပါတ် ၂၂ နေရာတွင် ရပ်တည်နေကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးမှ မကြာသေးမီက ထုတ်ပြန်သော တရုတ်ပြည်၏ ချမ်းသာကြွယ်ဝသူများစာရင်းတွင် ဖော်ပြထားသည်။

ကိုင်စင်ယီ၏ အသက်အတိအကျကို မသိရသော်လည်း တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၂၅ ဦးစာရင်းတွင်မူ တစ်ဦးတည်းသော အသက် ၃၀ အောက်ဖြစ်လာသည့်အပြင် တရုတ်ပြည်တွင် ဒုတိယမြောက်အချမ်းသာဆုံး အမျိုးသမီးဖြစ်လာကြောင့် ဖော့ဘ်မဂ္ဂဇင်းကြီးက ထုတ်ပြန်သည့် တရုတ်ပြည်မကြီး ဘီလျံနာများ စာရင်းတွင် ဖော်ပြထားသည်။

အခြားအချမ်းသာဆုံးအမျိုးသမီးများအဖြစ် အသက် ၃၇ နှစ်အရွယ်ရှိ ယန်ဟွေ့ယန်မှာ ကန်ဒေါ်လာ ၁၇ ဒသမ ၁ ဘီလီယံ၊ အသက် ၇၇ နှစ်အရွယ်ရှိ ချန်းလိဟွာမှာ ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ အသီးသီးကြွယ်ဝသည်ဟု ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြသည်။

ယန်ဟွေ့ယန်မှာ Country Garden Holdings မှဖြစ်ပြီး ချန်းလိဟွာမှာ Fuwah International Group မှ ဖြစ်ရာ အချမ်းသာဆုံး အမျိုးသမီးများအားလုံးမှာ အိမ်ခြံမြေလောကမှ ဖြစ်ကြသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ယခုနှစ်အတွင်း တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ၆ ဦး (ကျား၊မ မခွဲ) တွင် ၃ ဦးမှာ အိမ်ခြံမြေလောကမှဖြစ်ပြီး Evergrande မှ ရှုကျားယင်မှာ ကန်ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံ၊ Dalian Wanda ဥက္ကဌ ဝမ်ကျန်းလင်မှာ ကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံနှင့် Country Garden မှ ယန်ဟွေ့ယန်တို့ ဖြစ်ကြသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service