အမျိုးသား ၇ ဦးနှင့် လက်ထပ်ခဲ့သော အော်စကာဆုရှင် အဲလစ်ဇဘက်တေလာ၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၄ သန်း ဈေးလျှော့ပေးလာ

အမျိုးသား ၇ ဦးနှင့် လက်ထပ်ခဲ့သော အော်စကာဆုရှင် အဲလစ်ဇဘက်တေလာ၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၄ သန်း ဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 11:24 am တွင် တင်ခဲ့သည်
1703 ကြိမ် ကြည့်ရှု့ပြီး

အဲလစ်ဇဘက်တေလာသည် အမေရိကန်မိဘနှစ်ပါးမှ အင်္ဂလန်နိုင်ငံတွင် ဖွားမြင်သည်။

၁၉၆၀ တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Butterfield ဇာတ်ကားတွင်အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်။၁၉၆၃ ခုနှစ်တွင် ကလီယိုပက်ထရာဇာတ်ကားရိုက်ကူးရာသရုပ်ဆောင်ကြေးကန်ဒေါ်လာ ၁ သန်းရရှိခဲ့သည်။

ထိုအချိန်ကအမြင့်မားဆုံးသရုပ်ဆောင်ကြေးဖြစ်ခဲ့ပြီးယင်းဇာတ်ကားမှာလည်းထိုခေတ်ကကုန်ကျစရိတ်အများဆုံးဇာတ်ကား ဖြစ်ခဲ့သည်။အဆိုပါဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သူရစ်ချတ်ဘာတန်နှင့် ၁၉၆၄ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

ထို့နောက်ပိုင်းဇာတ်ကားပေါင်း ၁၁ ကားတွဲဖက်သရုပ်ဆောင်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Who's Afraid of Virginia Woolf?ဇာတ်ကားတွင် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုထပ်မံရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားသည် အော်စကားဆု ၁၃ ဆုလျာထားခံခဲ့ရပြီး ၅ ဆုရရှိခဲ့သည်။

ယင်းဇာတ်ကားကိုအမေရိကန်အောက်လွှတ်တော်စာကြည့်တိုက်တွင် မှတ်တမ်းတင်ထိန်းသိမ်းထားသည်။

အဲလစ်ဇဘက်တေလာသည် အမျိုးသား ၇ ဦးနှင့် ၈ ကြိမ်လက်ထပ်ခဲ့ပြီးအသက် ၇၉ နှစ်အရွယ် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

အဲလစ်ဇဘက်တေလာနေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးအရပ်ရှိ စံအိမ်ကို ယခုအခါ ဈေးနှုန်းထပ်မံလျှော့ချကာ ရောင်းစွံရန် ကြိုးပမ်းလာသည်။

ယခင်က ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဈေးကွက်တင်ခဲ့ဖူးသော စံအိမ်ကို ယခု ကန်ဒေါ်လာ ၁၂ သန်းဖြင့်သာ ဈေးခေါ်လာခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးတွင်လည်း ဖော်ပြသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်တွင်မှ အရောင်းဈေးကွက်ဝင်လာခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက ဆယ်စုနှစ် ၂ ခုခန့် အရောင်းဈေးကွက်သို့ မဝင်ခဲ့ဖူးချေ။

လက်ရှိပိုင်ရှင်များ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးနောက် ဧည့်ဂေဟာအိမ်တစ်ခု ထည့်သွင်းဆောက်လုပ်ခဲ့ကြသည့်အပြင် ပြုပြင်မွမ်းမံမှုများလည်း ပြုလုပ်ခဲ့သည်။

ခြံဝန်းအကျယ် ၂ ဧကတွင် တစ်ထပ်အဆောက်အအုံဆောက်လုပ်ထားခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိမြို့ကြီးနှင့် သမုဒ္ဒရာရှုခင်းများ ပိုင်ဆိုင်ထားသည်။

ခြံအဝင်ဂိတ်၊ ရေကူးကန်၊ မြေယာအလှပြုပြင်ထားမှုများ၊ ပန်းဥယျာဉ်များလည်း ပါဝင်သည်။

ဧည့်ခန်းတွင် ထုပ်တန်းများ လှစ်ဟဆောက်လုပ်ထားသည့် မျက်နှာကျက်၊ မီးလင်းဖိုတို့ကို တွေ့ရသည်။

မီးဖိုဆောင်သည် နေအိမ်ဘေးဘက် ဆင်ဝင်တစ်ခုနှင့် ဆက်သွယ်ထားပြီး မီးလင်းဖိုပါသော ရုံးခန်းတစ်ခု၊ မီးလင်းဖို၊ အပန်းဖြေနေရာ၊ ၈ ထောင့်သဏ္ဍာန် မျက်နှာကျက်တို့ ပါဝင်ပြီး နေအိမ်ပြင်ပနှင့် ဆက်သွယ်ပေးထားသော အခန်းတစ်ခန်းလည်း ပါဝင်သေးသည်။

အဲလစ်ဇဘက်တေလာသည် ထိုအချိန်က ခင်ပွန်းဟောင်းဖြစ်သူ မိုက်ကယ် ဝီလ်ဒင်းနှင့်အတူ ၁၉၅၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သား ၂ ဦးကို အဆိုပါနေအိမ်တွင် ပြုစုပျိုးထောင်ခဲ့ကြပြီး ၁၉၅၇ တွင်မူ ၎င်းတို့ဇနီးမောင်နှံကွာရှင်းပြတ်စဲခဲ့ကြသည်။

နေအိမ်အတွင်း အဲလစ်ဇဘက်တေလာ နှစ်သက်ခဲ့ပြီး ယနေ့အခါ မရှိတော့သည့်အရာတစ်ခုမှာ အိပ်ခန်းနှင့် ဧည့်ခန်းကြားရှိ ရွေ့လျားနံရံတစ်ခုဖြစ်သည်။

အဲလစ်ဇဘက်တေလာသည် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်၏။

အော်စကာဆုရှင် အဲလစ်ဇဘက်တေလာ၏ ထင်ရှားသောဇာတ်ကားများမှာ “Butterfield 8,” “Cat on a Hot Tin Roof” နှင့် “Who’s Afraid of Virginia Woolf?” တို့ ဖြစ်ကြသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service