ရန်ကုန်မြို့သစ်စီမံကိန်းမြေဧရိယာအားလုံးကို တရုတ် စီလေးလုံးကုမ္ပဏီမှရရှိမည်ဟု သုံးသပ်မှု မှားယွင်းနေဟု NYDC ပြန်လည်ရှင်းလင်း

ရန်ကုန်မြို့သစ်စီမံကိန်းမြေဧရိယာအားလုံးကို တရုတ် စီလေးလုံးကုမ္ပဏီမှရရှိမည်ဟု သုံးသပ်မှု မှားယွင်းနေဟု NYDC ပြန်လည်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 11:09 am တွင် တင်ခဲ့သည်
11340 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် Pre-Project Document (PPD) ရေးဆွဲရန် ရွေးချယ်ခံရသည့် China Communications Construction (CCCC) ကုမ္ပဏီသည် မြေဧရိယာအားလုံးကိုရရှိမည်ဟု ပြောဆိုသုံးသပ်နေခြင်းမှာ မှားယွင်းနေကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) CEO ဦးသိမ်းဝေက ၎င်း၏ အပတ်စဉ်စာစဉ် (၂၂) မှ ပြန်လည်ရှင်းလင်းခဲ့သည်။

ရန်ကုန်မြို့သစ်ပထမအဆင့်၏ မြေဧရိယာစုစုပေါင်း ၉ဝ စတုရန်းကီလိုမီတာတွင် တင်ဒါအောင်ကုမ္ပဏီနှင့် NYDC တို့က ပူးပေါင်းလုပ်ဆောင်မည့် joint venture company (JV) အနေဖြင့် ရရှိမည့် မြေဧရိယာစုစုပေါင်း ၂၈ စတုရန်းကီလိုမီတာသာရှိကြောင်း ဦးသိမ်းဝေက ပြောသည်။

'' အဲဒီ ၂၈ စတုရန်းကီလိုမီတာထဲမှာ စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနဲ့ လူနေထိုင်မှုဧရိယာအပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ အစရှိတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့တော်စည်ပင်လုပ်ငန်း တွေအတွက် အသုံးပြုဖို့လိုအပ်တဲ့မြေပါဝင်မှာဖြစ်ပါတယ်။ လက်ရှိကျေးရွာတွေ၊ အများပြည်သူတွေ အနားယူအပန်းဖြေနိုင်မယ့် ပန်းခြံတွေက ၂၈ ဒသမ ၆၅ စတုရန်းကီလိုမီတာရှိပါတယ်။ ကျန်ရှိနေတဲ့ ၃၃ ဒသမ ၃၅ စတုရန်းကီလိုမီတာဟာ ရန်ကုန်မြို့သစ်ပထမအဆင့် စုစုပေါင်းမြေ ဧရိယာရဲ့ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး NYDC ရဲ့ပိုင်ဆိုင်မှုအဖြစ် ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။ အဲဒီစတုရန်းကီလိုမီတာထဲမှာမှ ၁၉ ဒသမ ဝ၆ စတုရန်း ကီလိုမီတာကို ပြန်လည်နေရာချထားရေးမြို့ငယ် ၅ ခုအတွက် အသုံးပြုသွားမှာဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ထုတ် Eleven Media ၏ '' ရန်ကုန်မြို့ သစ်စီမံကိန်း၊ တရုတ်ရဲ့ CCCC နဲ့ မြန်မာပြန်ရမယ့် အကျိုးအမြတ်'' ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် ဖော်ပြထားသည်မှာ ရန်ကုန်မြို့သစ်ဧရိယာ၏ မြေတဧကတန်ဖိုး ကျပ်သိန်း ၃ဝဝ ကို သီလဝါ၏မြေတဧက တန်ဖိုးကျပ်သိန်း ၃ဝဝဝ ဖြင့် နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံအတွက် အင်မတန်နစ်နာမည့် အခြေအနေတခုဟုဖော်ပြထားပြီး မြေတန်ဖိုးကို ၁ စတုရန်းမီတာကို ၅ ဒေါ်လာ တန်ဖိုးသတ်မှတ်ခြင်းသည် မြေကိုဈေးပေါပေါဖြင့် မဖြစ်သင့်သည့်ဈေးနှုန်းဖြင့် တန်ဖိုးဖြတ်လိုက် သည်ဆိုသောအချက်နှင့် နိုင်ငံအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်စေသည်ဆိုခြင်းမှာ မှားယွင်းနေကြောင်း ဦးသိမ်းဝေက ပြောသည်။

'' အခုမြို့သစ်ဧရိယာကမြေဟာ လယ်မြေဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ တဧကသိန်း ၃ဝဝ တန်ဖိုးမရှိပါဘူး။ ဥပမာအားဖြင့် ပြန်လည်နေရာချထားရေးအတွက် မြို့သစ်မြေအစား ငွေကြေးလျော်ကြေးရလိုသူတွေအတွက် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားတဲ့တန်ဖိုးဟာ တဧကကို ကျပ်သိန်း ၁ဝဝ ပဲရှိပါတယ်။ ဒီလယ်မြေတွေဟာ နောင်တချိန်မှာ တဧကတန်ဖိုးကျပ်သိန်း ၃ဝဝဝ ဖြစ်လာနိုင်တယ်ဆိုတာအမှန်ပါပဲ။ ဒါပေမဲ့ ဒီဈေးဟာ အခြေခံအဆောက်အအုံတွေဆောက်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီးမှသာ ဖြစ်လာနိုင်တဲ့တန်ဖိုးပါ''ဟု ၎င်းက ပြောသည်။

အဆိုပါမြေများကို joint venture company ၏ပိုင်ဆိုင်မှုအဖြစ် တန်ဖိုးမဲ့ထည့်ဝင်လိုက်ခြင်းမဟုတ်ဘဲ NYDC ၏ ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး ၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ထည့်ဝင်လိုက်ခြင်းဖြစ်ကြောင်း၊ CCCC (သို့မဟုတ်) တင်ဒါနိုင်သည့်အဖွဲ့အနေဖြင့် ၇၅ ရာခိုင်နှုန်းသော ရှယ်ယာတန်ဖိုးရရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရင်းနှီးမြှုပ်နှံရန်လိုကြောင်း၊ ယင်းအတွက် မြေတန်ဖိုးသည် ၁ စတုရန်းမီတာကို ၅ ဒေါ်လာတန်ဖိုးမဟုတ်ဘဲ ထို့ထက်အများကြီးပိုမိုကြောင်း ဦးသိမ်းဝေက ရှင်းပြသည်။

ယင်းအပြင် Internal Rate Of Return (IRR) ကို ရင်းနှီးမြှုပ်နှံသူတွေကို ပေးလိုက်ရသည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဟု သုံးနှုန်းထားခြင်းသည် မှားယွင်းသည့် အသုံးအနှုန်းဖြစ်ပြီး IRR ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုတခုတွင် သတ်မှတ်ထားသည့်သက်တမ်းတခုအတွင်း ရင်းနှီးထားသည့် ကုန်ကျစရိတ်အကုန်လုံးအပေါ်တွင် ပြန်လည်ရရှိမည့် ရာခိုင်နှုန်းကိုဆိုလိုခြင်းဖြစ်ကြောင်း ဦးသိမ်းဝေက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ အများပြည်သူ ပိုမိုရှင်းလင်းတိကျစွာသိရရှိနိုင်ရေးအတွက် Town Hall ဆွေးနွေးပွဲတခုကို မတ်လ ၄ ရက်နေ့၊ ညနေ ၅း၃ဝ မှ ၇း၃ဝ နာရီအထိ UMFCCI တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service