တရုတ်ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၂၀၁၈ တွင် ၆၃ ရာခိုင်နှုန်း ကျဆင်း

တရုတ်ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၂၀၁၈ တွင် ၆၃ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 10:40 am တွင် တင်ခဲ့သည်
609 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးရှိ တရုတ်နိုင်ငံသားများက ၂၀၁၈ ခုနှစ်တွင် ပြည်ပအိမ်ခြံမြေများသို့ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်ကတည်းက အနိမ့်ဆုံးနှုန်းဖြစ်ပြီး ၂၀၁၇ အောက် ၆၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Cushman & Wakefield အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက CNBC ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

Cushman & Wakefield ၏ ၂၀၁၉ ခုနှစ် တရုတ်ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပြုလိုမှုစစ်တမ်းအား ဖြေကြားခဲ့သူများ၏ ၈၄ ရာခိုင်နှုန်းဝန်းကျင်က သူတို့သည် ယမန်နှစ်က နိုင်ငံခြားအိမ်ခြံမြေစုဆောင်းမှုအတွက် အသုံးစရိတ်လျှော့ချလာခဲ့ကြောင်း သို့မဟုတ် ၂၀၁၇ ကဲ့သို့ပင် တူညီသောပမာဏသာ ဆက်လက်ထိန်းထားခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။

နိုင်ငံခြားတွင် မှတ်ပုံတင်ထားသော ငွေအရင်းအနှီးစုစုပေါင်း တရုတ်ယွမ် ၂၈၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈၁ ဘီလျံ) ရှိကြသည့်

တရုတ်ပြည်မကြီးမှရင်းနှီးမြှုပ်နှံသူ ၅၁ ဦးဝန်းကျင်က ၎င်းစစ်တမ်းကို ဖြေကြားခဲ့ကြခြင်းဖြစ်သည်။

ဖြေကြားသူများ၏ ၆၅ ရာခိုင်နှုန်းက ပြည်ပအိမ်ခြံမြေများကို သူတို့၏ ဝယ်ယူလိုစိတ်သည် ယမန်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်ပသို့ငွေကြေးစီးဆင်းမှုထိန်းချုပ်မှု၏ သိသိသာသာထိန်းချုပ်ဟန့်တားခြင်း ခံခဲ့ရကြောင်း ဖြေကြားခဲ့ကြသည်။

့ပြည်ပသို့ငွေကြေးစီးဆင်းမှုအားထိန်းချုပ်မှုများသည် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက ရှိခဲ့သော်လည်း ၂၀၁၇ နောက်ပိုင်း သိသိသာသာတိုးလာခဲ့သည်။

ဖြေကြားသူများ၏ ၆၀ ရာခိုင်နှုန်းက မူဝါဒကန့်သတ်မှုများ ၂၀၁၉ တွင် လျော့နည်းသွားမည်ဟု မထင်ကြောင်း ဖြေကြားခဲ့ကြသည်။ ဖြေကြားသူအများစုက ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေထုတ်ယူရန်အခက်အခဲများတိုးလာမှုကလည်း ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကျဆင်းခဲ့ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။

"တရုတ်ဘဏ်တွေရဲ့ အိမ်ခြံမြေချေးငွေချထားပေးမှုတွေ ဆက်လက်တင်းကျပ်နေနိုင်တယ်လို့ ခန့်မှန်းရပါတယ်" ဟု Cushman & Wakefield ၏ တရုတ်နိုင်ငံသုတေသနဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဂျိမ်းစ်ရှပ်ဖာ့ဒ်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြောကြားသွားခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service