ရန်ကုန်မြို့တွင်း (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေ

ရန်ကုန်မြို့တွင်း (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 10:33 am တွင် တင်ခဲ့သည်
1363 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တော်၏ မြို့တွင်း၊ မြို့နယ် (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဓိကအဖွဲ့ (၂)ဖွဲ့ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက် ရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ်လ ၄ ရက်က ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “ ရန်ကုန်မြို့တော်အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ပန်းခြံများ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန် လမ်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းခဲ့ရာတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ထိုသို့ထည့်သွင်းဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မှီ မြို့တော်ကြီး ဖြစ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသော ပန်းခြံ (၆၁)ခုနှင့် ကစားကွင်း (၁၁၈)ခုတည်ရှိပါကြောင်း ၊ ရန်ကုန်မြို့တော်၏ လက်ရှိ လူဦးရေတည်ရှိမှုအရ လူတစ်ဦးချင်းစီအတွက် စိမ်းလန်းမြေဧရိယာမှာ (၅.၀၂) စတုရန်းပေ ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့်အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်၏ မြို့တွင်း၊ မြို့နယ် (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း အဓိကအဖွဲ့ (၂)ဖွဲ့ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက် ရှိပါကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လသာမြို့နယ် Public Area တွင် Community Center ကိုရှာရန်အစီအစဉ်ရှိပါကြောင်းနှင့် တခြားရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း အလေးထားဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ၏အမေးအားဖြေဆိုရာတွင်ထည့်သွင်း ပြောကြားခဲ့သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service