ကမ္ဘာ့ထိပ်တန်းဖြစ်ဦးမည့် ဟောင်ကောင်ရုံးခန်းအငှားဈေးကွက်

ကမ္ဘာ့ထိပ်တန်းဖြစ်ဦးမည့် ဟောင်ကောင်ရုံးခန်းအငှားဈေးကွက် - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 10:25 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

မကြုံစဖူးငှားအားကျဆင်းလာသည့်တိုင် ဟောင်ကောင်သည် ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းဈေးကွက်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဆက်လက်ရှိဦးမည်ဖြစ်ကြောင်း နိုင်ငံတကာအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ခန့်မှန်းချက်အား အိမ်ခြံမြေလုပ်ငန်းအလားအလာအစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြခဲ့သည်။

အငှားချလိုအားကျပ်တည်းမှုကြောင့် ဟောင်ကောင်တွင်အငှားဈေးကွက်သည် ယခုနှစ်တွင် ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂,၅၇၈ ဒေါ်လာဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။

ပေကျင်းရှိ ရုံးခန်းငှားခများမှာ ၁ စတုရန်းမီတာလျှင် ၂၀၁၈ ခုနှစ်ခန့်မှန်းနှုန်း အမေရိကန်ဒေါ်လာ ၆၆၉ အောက် ၆၆၂ သို့ အနည်းငယ်ကျဆင်းကာ ပေကျင်းအား ရုံးခန်းငှားခဈေးအကြီးဆုံးဈေးကွက်များစာရင်းတွင် နံပါတ် ၁၁ နေရာ ရရှိစေမည်ဟု ခန့်မှန်းရသည်။ ရှန်ဟိုင်းကား ၎င်း၏ ရုံးခန်းငှားခများသည် ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၅၀၆ ဒေါ်လာ၌သာ မပြောင်းလဲဘဲရှိနိုင်၍ နံပါတ် ၁၈ နေရာတွင် ဖော်ပြခံရမည်ဖြစ်ကြောင်း ခန့်မှန်းခံခဲ့ရသည်။

"တရုတ်ပြည်မကြီးမှာ ပေကျင်းက ရုံခန်းငှားခနှုန်းထားအမြင့်ဆုံးပါ။ ပေကျင်းပြီးလျှင် ရှန်ဟိုင်းက ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။ ရေလတ်ကနေ ရေရှည်ကာလအတွင်း ပေကျင်းရှိ ရုံးခန်းအငှားချလိုအားက ပြတ်လပ်နေဆဲပါပဲ" ဟု Knight Frank China ဆိုင်ရာ သုတေသနနှင့် အတိုင်ပင်ခံခေါင်းဆောင်၊ ဒါရိုက်တာ ဒေးဗစ်ဂျီက ပြောကြားခဲ့သည်။

ပေကျင်းရှိ အဆင့်(က)ရုံးခန်းအဆောက်အအုံသစ်များအား ငှားလိုအားမှာ အဓိကအားဖြင့် အင်တာနက်နှင့် အဆင့်မြင့်နည်းပညာကုမ္ပဏီများမှ ဖြစ်သည်။ ရှန်ဟိုင်းမှာလည်း ပေါ်ထွက်စစက်မှုလုပ်ငန်းများမှ ငှားလိုအားမြင့်မားသည်။

မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့ကား နံပါတ် ၂၁ နှင့် နံပါတ် ၇တို့ ရရှိမည်ဟု ခန့်မှန်းရကာ အကြီးဆုံးအငှားဖွံ့ဖြိုးမှုအဖြစ် ၁၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၆ ရာခိုင်နှုန်းစီ ဖွံ့ဖြိုးမည်ဟု ခန့်မှန်းခံခဲ့ရသည်။ နှစ်မြို့စလုံးသည် မကြာသေးမီနှစ်များအတွင်း ဖွံ့ဖြိုးမှုအဆင့်အတော်အတန်နိမ့်ကျမှုနှင့် အလုပ်ခန့်အပ်မှုဖွံ့ဖြိုးမှုတို့ကြောင့် ရုံးခန်းအငှားချလိုအားကျပ်တည်းမှုနှင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service