လေးလခွဲအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၅၀ ကျော်အပါအဝင် ကျပ် ၇၃၆ ဘီလျံကျော်ရှိပြီး နှစ် ၃၀ အတွင်း အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးမြှုပ်နှံထား

လေးလခွဲအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၅၀ ကျော်အပါအဝင် ကျပ် ၇၃၆ ဘီလျံကျော်ရှိပြီး နှစ် ၃၀ အတွင်း အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 12:07 pm တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

လေးလခွဲအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၅၀ ကျော် အပါအဝင် ကျပ် ၇၃၆ ဘီလျံကျော်အထိ ရှိနေပြီး နှစ် ၃ဝအတွင်း အိမ်ခြံမြေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၉)ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအမှတ်စဉ်(၃/ ၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတည်ပြု လုပ်ငန်းသုံးခုခွင့်ပြုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့သဖြင့် ယခု အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်းသုံးခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁ ဒသမ ၂၄၈ သန်းအပါအဝင် ကျပ် ၁၀၇၅၀ သန်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၇၆ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြု/အတည်ပြုလုပ်ငန်း သုံးခုမှာ စက်မှုကဏ္ဍတစ်ခုနှင့် ဟိုတယ်ကဏ္ဍနှစ်ခုတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုအတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၉ ခု၊ ဒေါ်လာ ၂၁၂ ဒသမ ၀၈၈ သန်းအပါအဝင် ကျပ် ၅၇၅၃၅၅ ဒသမ ၆၈၈ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၁ ဒသမ ၁၈၇ သန်းအပါအဝင် ကျပ် ၇၃၆၆၇၄ ဒသမ ၄၂၈ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၃/၂၀၁၉)အရ သိရသည်။

၁၉၈၈-၁၉၈၉ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ၃၁ ရက်အထိ စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၀၇၇ ဒသမ ၈၆၅ သန်းနှင့် ကျပ် ၁၈၂၃၉ ဘီလျံ ကျော်အထိ ရှိနေသည်။ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ၁၈ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်သည်။ အခြားကဏ္ဍများတွင် ၁၆ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးဖြစ်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၁၅ ရာခိုင်နှုန်းကျော်ဖြင့် စတုတ္ထအများဆုံး ဖြစ်သည်။

ထို့ပြင် ဟိုတယ်ကဏ္ဍတွင်လည်း စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၀ ရာခိုင်နှုန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ငါးရာခိုင်နှုန်းကျော်စသည်ဖြင့် မြှုပ်နှံထားကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ငါးလခန့်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၉ ခု အထိခွင့်ပြုပေးထားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ဒေါ်လာ ၁ ဒသမ ၂၃၅ ဘီလျံကျော်အထိရှိကြောင်း သိရသည်။

ထို့ပြင် ယခင်ခွင့်ပြုပေးထားသည့် လုပ်ငန်းအဟောင်းများက ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့မှုမှာ ဒေါ်လာ ၈၆၄ ဒသမ ၄၈၃ သန်း အထိရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၂ ဒသမ ၀၇၀ သန်းဝင်ရောက်ထားသည့်အတွက် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၈၀၁ ဘီလျံကျော် (၁,၈၀၁ ဒသမ ၆၅၄ သန်း) အထိ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

Credit:  Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service