ပြတိုက်ဖြစ်နေပြီဖြစ်သည့် အကျဉ်းထောင်အဆောက်အအုံကြီး

ပြတိုက်ဖြစ်နေပြီဖြစ်သည့် အကျဉ်းထောင်အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 11:44 am တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

ကျူးဘားနိုင်ငံ၏ ကမ်းလွန် မိုင် ၃၀ ခန့်တွင် စပိန် ဘာသာဖြင့် “လာ အိစလာ ဒဲလာ ဟူးဗင်တု” (La Isla de la Juventud ) ဟူသော ကျွန်းတစ်ကျွန်း တည်ရှိပြီး “လူငယ်တို့၏ကျွန်း”ဟု အဓိပ္ပာယ်ရသည်။ ကျွန်းအမည် စတင်ပေါ်ပေါက်လာပုံ ဇာစ်မြစ်ကို မသိ ရသော်လည်း ထိုကျွန်းတွင် ရာဇ၀တ်မှုကျူးလွန်သူများနှင့် နိုင်ငံ ရေးအကျဉ်းသား များစွာသည် ၄င်းတို့၏ လူငယ်ဘ၀များကို ဖြတ်သန်းကုန်ဆုံးခဲ့ကြရသည်။ ကျူးဘားတော်လှန်ရေးခေါင်းဆောင်ဟု လူသိများသူ ဖီဒယ်လ် ကက်စ်ထရိုနှင့် ညီဖြစ်သူ ရာအူး ကက်စ်ထရိုတို့သည် အဆိုပါ အကျဉ်းထောင်ကြီးတွင် အကျဉ်းကျခံခဲ့ဖူးသည်။

အဆိုပါ ကျွန်းသည် ပရက်စီးဒီယို မိုးဒေလို အမည်ရှိ အကျဉ်းထောင်ကြီး တည်ရှိရာနေရာဖြစ်သည်။ ပရက်စီးဒီယို မိုးဒေလိုသည် အလယ်ဗဟိုကို ၀န်း ပတ်ကာ အထပ်များဖြင့် စက်ဝန်းသဏ္ဌာန်ဝန်းပတ်ပြီး အကျဉ်းခန်းများ တည်ဆောက်ထားသည့် အကျဉ်းထောင်မျိုး ဖြစ်သည်။ ပရက်စီးဒီယို မိုးဒေလိုအကျဉ်းထောင်ကြီးကို အာဏာရှင် ဂျီရာဒို မာချာဒိုလက်ထက် ၁၉၂၆ မှ ၁၉၂၈ အကြား ဆောက်လုပ်ခဲ့ပြီး သီးခြားအဆောက်အအုံ ၅ လုံး ပါဝင်သည်။

အဆောက်အအုံအားလုံးမှာ အလယ်ဗဟို စောင့်ကြည့်မျှော်စင် ကို အကျဉ်းခန်းများ ၀န်းပတ်ထားသည့် ၆ ထပ် အဆောက်အအုံများ ဖြစ်သည်။

ဗဟိုစောင့်ကြည့်မျှော်စင်မှနေပြီး အကျဉ်းခန်းတစ်ခု စီရှိ အကျဉ်းသားတစ်ဦးချင်းစီကို စောင့်ကြည့်ထိန်းချုပ်နိုင်သည် ဟု ဆိုသည်။ အကျဉ်းသားပေါင်း ၂၅၀၀ ခန့် ထားရှိနိုင်ရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည်။ အမေရိကန်ပြည်၊ အီလီနွိုက်စ်ပြည်နယ်၊ ၀ိလ်ခရိုင်၊ ခရက်စ်ဟေးလ်မြို့တွင် တည်ရှိသော စတိတ်ဗေးလ် ပြုပြင်ရေး စခန်းကို နမူနာယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဒီဇိုင်း အိုင်ဒီယာမှာမူ ၁၈ ရာစုနှစ် အင်္ဂလန်တွင် ထွန်းကားခဲ့သော စက်ဝန်းသဏ္ဌာန် အကျဉ်းထောင် ဒီဇိုင်းမှ အခြေတည်ခြင်း ဖြစ်သည်။

အဆိုပါ အကျဉ်းထောင်ဒီဇိုင်းကို ဗြိတိသျှ အတွေး အခေါ်ပညာရှင် ဂျရမီ ဘင်သမ် (၁၇၄၈-၁၈၃၂) က စတင် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဒီဇိုင်းကို စံယူကာ ကမ္ဘာတစ်ဝန်းတွင် အကျဉ်း ထောင်များ ဆောက်လုပ်ခဲ့ကြသော်လည်း နိုင်ငံအလိုက် ဒီဇိုင်းအနည်းငယ် ကွဲပြားမှု ရှိကြသည်။ အကျဉ်းခန်းတို့သည်ပင်လျှင် ထောင်၏ နံရံလည်း ဖြစ်သည်။ အကျဉ်းခန်းတို့သည် ထောင်အပြင်ဘက် မျက်နှာစာတွင်လည်းကောင်း၊ အကျဉ်းခန်းဘက်မျက်နှာစာတွင်လည်း ကောင်း ပြတင်းပေါက်များ၊ သံတိုင်များဖြင့် ကာရံထားရာ အလင်း နှင့် လေ၀င်လေထွက်ကောင်းမွန်လေသည်။

ဗဟိုထိန်းချုပ်မျှော်စင်မှကြည့်လျှင် အကျဉ်းသားများ အားလုံးကို နောက်ခံဆလိုက်ဖြင့် အလင်းပေးထားဘိသကဲ့သို့ ရှိပြီး ၎င်းတို့အချင်းချင်းမူ နံရံများကာရံထားခြင်းကြောင့် မမြင်ရချေ။ ဗဟိုစောင့်ကြည့်မျှော်စင်သည် အကျဉ်းခန်းအားလုံး ကို ၃၆၀ ဒီဂရီ ရှုမြင်နိုင်ပြီး မျှော်စင်၏ ပြတင်းများကို အနက် ရောင်မှန်များ တပ်ဆင်ထားခြင်းကြောင့် အကျဉ်းသားများဘက် မှကြည့်လျှင် ၎င်းတို့အား မည်သူက ကြည့်ရှုနေသည်ကို မတွေ့နိုင်၊ မသိနိုင်ချေ။

အများအားဖြင့် အကျဉ်းသားများကို စောင့်ကြည့်သူ မရှိဘဲ အစောင့်များမှာ အုပ်ချုပ်ရေးအဆောက်အအုံတွင်သာ ပေါ်ကာဆွဲနေလေ့ရှိကြသည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်နှင့် ဂျာမန်စစ် သုံ့ပန်းများကို ပရက်စီးဒီယို မိုးဒေလို အကျဉ်းထောင်ကြီးတွင် ထိန်းသိမ်းထားခဲ့ဖူးသည်။ နာမည်ကျော် ကျူးဘားကဗျာဆရာများ၊ တက်ကြွ လှုပ်ရှားသူများသည်လည်း နိုင်ငံရေးအကျဉ်းသားများအဖြစ် အကျဉ်းကျခံခဲ့ဖူးရာ နာမည်ကျော် ကဗျာဆရာ အာမန်ဒို ဗယ်လာဒါရက်စ် (ကက်စ်ထရိုဆန့်ကျင်ရေးလှုပ်ရှားမှုများဖြင့် ဖမ်းဆီးခံရပြီး ၁၉၈၂ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက် သည်။ လွတ်မြောက်ချိန်တွင် အမေရိကန်အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ယခုအခါ အသက် ၈၁ နှစ်ရှိပြီဖြစ်သည်) နှင့် ကဗျာဆရာ ပီဒရို လူးဝစ် ဘွိုင်တယ် (ဘာတစ္စတာအစိုးရ နှင့် ကက်စ်ထရိုအစိုးရများကို ဆန့်ကျင်မှုဖြင့် ၁၉၆၁ ခုနှစ်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြစဉ် ၁၉၇၂ ခုနှစ်၊ မေလ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်) တို့ ပါဝင်သည်။ သို့ရာတွင် အဆိုပါအကျဉ်းထောင်ကြီး၌ အကျဉ်းကျ ခံခဲ့ရသူများတွင် အထင်ရှားဆုံးမှာ ဖီဒယ်လ် ကက်စ်ထရိုနှင့် ၎င်း၏ညီ ရာအူးကက်စ်ထရိုတို့ ဖြစ်ကြသည်။

ကက်စ်ထရိုသည် ဘာတစ်္စတာအစိုးရကို တော်လှန် သည့်အုပ်စုအား ဦးဆောင်ကာ မွန်ကာဒါတပ်စခန်းကို ၀င် ရောက်တိုက်ခိုက်မှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရခြင်းဖြစ် ပြီး ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၅၅ ခုနှစ် မေလအထိ ပရက်စီးဒီယို အကျဉ်းထောင်ကြီးတွင် နေထိုင်ခဲ့ရသည်။

ကက်စ်ထရိုဦးဆောင်သည့် ကျူးဘားတော်လှန်ရေး ကြီးသည် ၁၉၅၉ ခုနှစ်တွင် အောင်ပွဲခံခဲ့ပြီး ဘာတစ္စတာအစိုးရ ပြုတ်ကျသွားခဲ့သည်။ သို့ရာတွင် ထိုနောက်ပိုင်းတွင်လည်း နိုင်ငံရေးအတိုက်အခံများ၊ တန်ပြန်တော်လှန်ရေးသမားများကို ထိန်းသိမ်းရန် အတွက် ပရက်စီးဒီယို အကျဉ်းထောင်ကြီးကို ဆက်လက်အသုံး ပြုခဲ့သည်။ ကက်စ်ထရိုသည် ၁၉၅၉ မှ ၁၉၇၆ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၇၆ မှ ၂၀၀၈ ခုနှစ်အထိ သမ်္မတအဖြစ်လည်းကောင်း ကျူးဘားကို အုပ်ချုပ်ခဲ့သည်။ ယင်းနောက်ညီဖြစ်သူ ရာအူးကက်စ်ထရိုကို အရိုက်အရာလွှဲပြောင်းပေးခဲ့သည်။ ရာအူးကက်စ်ထရိုသည် ကျူးဘားသမ္မတအဖြစ် ၂၀၀၈ မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

အကျဉ်းထောင်ကြီးမှာ အကျဉ်းသား ၂၅၀၀ ခန့်အတွက် သာ ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း တခါတရံ တွင် အကျဉ်းသား ဦးရေ ၈၀၀၀ ခန့်အထိ ရှိနေလေ့ရှိသည်။ ထိုသို့ အလွန်ကျပ်တည်းစွာနေထိုင်ကြရခြင်းကြောင့် ၁၉၆၁ ခုနှစ်တွင် အဓိကရုဏ်းများ၊ အစာငတ်ခံဆန္ဒပြခြင်းများ ပေါ်ပေါက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ပရက်စီးဒီယို မိုးဒေလို အကျဉ်းထောင် ကြီးကို ပိတ်သိမ်းလိုက်ပြီး အကျဉ်းသားများကို အခြား အကျဉ်းထောင်များသို့ နေရာရွှေ့ပြောင်းစေခဲ့သည်။ ယနေ့တွင်ကား အကျဉ်းထောင်ကြီးကို ပြတိုက်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ကာ ကျူးဘား၏ အမျိုးသားအထိမ်းအမှတ် တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service