မြောင်းမြတံတားအသစ်တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ အထိ ပြီးစီးနေပြီဖြစ်ပြီး ယခုလတတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်း၍ တံတားခံနိုင်ဝန်အား စမ်းသပ်မည်

မြောင်းမြတံတားအသစ်တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ အထိ ပြီးစီးနေပြီဖြစ်ပြီး ယခုလတတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်း၍ တံတားခံနိုင်ဝန်အား စမ်းသပ်မည် - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 11:15 am တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ မတ် ၃ ရက်အထိ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ပြီး မတ် ၂၀ ရက်တွင် ကုန်တင်မော်တော်ယာဉ်များဖြင့် သတ်မှတ်တန်ချိန်များ တင်ဆောင်ကာ စတင်စမ်းသပ် ဖြတ်သန်းကာ တံတားခံနိုင်ဝန်အားကို စမ်းသပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြောင်းမြတံတားအသစ်မှာ မြောင်းမြ ကြိုးတံတားအဟောင်း မကျိုးပျက်မီ၂၀၁၇ ခုနှစ် မေ ၁ ရက်မှ စတင်ကာ မြောင်းမြတံတားအသစ် စီမံကိန်းအား ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင် စတင်တည်ဆောက်နေခဲ့ပြီး စတင်တည်ဆောက်စဉ်က Balance Cantilever Method ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ပြီး တည်ဆောက်ချိန်မှာ အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဒေသခံပြည်သူများအနေဖြင့် နှစ်နှစ်ခန့်အထိ အခက်အခဲများ မကြုံတွေ့ရစေရေးအတွက် တစ်နှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်သည့် Steel Truss Typy အမျိုးအစားအား ဂျပန်နိုင်ငံ JEE ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင်ထားသည့် J&M Steel Solution မှ အသေးစိတ် ဒီဇိုင်းအသစ် ရေးဆွဲကာ တံတားဒီဇိုင်းအသစ်အား ပြောင်းလဲတည်ဆောက်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ကွယ်လွယ်ကျေးရွာဖက် ကမ်းချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးကာ တံတားကြမ်းခင်းများ ခင်းကျင်းခြင်း၊ မီးတိုင်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း၊ မြောင်းမြဖက် ကမ်းချဉ်းကပ် လမ်းပိုင်းအားလည်း ခင်းကျင်းလုပ်ဆောင်နေပြီး မတ် ဒုတိယပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ချဉ်းကပ်လမ်းများ ပြီးစီးပါက မတ် ၂၀ ရက် တံတားခံနိုင်ဝန်များ စမ်းသပ်ရန်အတွက် ကုန်တင်ယာဉ်များဖြင့် စမ်းသပ်ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်လာဆင်းပြီး ကြည့်တာပေါ့နော်။ ပြီးစီးမှု ရာခိုင်နှုန်းကတော့ ရာခိုင်နှုန်း ၉၀ လောက် ပြီးနေပါပြီ။ အောက်အခင်းပိုင်းတွေပဲ အဓိကထားပြီးတော့ လုပ်နေတာပါ။ ချဉ်းကပ်လမ်းတွေ တပ်ဆင်ရမယ့် မီးတိုင်တွေ ဒါတွေကို လုပ်နေတာပါ။ ဘာပဲပြောပြော ကျွန်တော်တို့ ဒီလ ဒုတိယပတ်လောက်ဆို တော်တော်များများ ပြီးသွားပါပြီ။ တံတား အထူးအဖွဲ့ကတော့ ၂၀ ရက်ကို ခံနိုင်ဝန်အား စမ်းသပ်ဖို့ လုပ်ထားပါတယ်။ ခံနိုင်ဝန်အား စမ်းသပ်တယ်ဆိုတာ ကုန်ကားကြီးတွေကို ကုန်တွေတင်ပြီးတော့ စမ်းသပ်ဖြတ်သန်းစေတာပါ။ သတ်မှတ်ထားတဲ့ တန်ကို ခံနိုင်ရည် ရှိ မရှိ စမ်းသပ်တဲ့အခါမှာ မှတ်တမ်းတွေ လုပ်ပါတယ်။ အဲဒါတွေလုပ်နေပါတယ်။ ကျွန်တော်တို့ကတော့ တံတားပြီးပြီးချင်း ဖွင့်ဖို့ စီစဉ်မှာပါ။ မတ်လအတွင်း အပြီးအစီးဖြစ်အောင်လို့ ဒီကဝန်ထမ်းတွေရော တံတားကလည်း တံတားလမ်းဦးစီးကလည်း လမ်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခံနိုင်ရည်အား ကျဆင်းလာသော ကြိုးတံတားများဖြစ်သည့် လပွတ္တာ ပင်လယ်လေးကြိုးတံတား၊ ၀ါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားတို့ကိုလည်း ကြိုးတံတားပုံစံမှ သံကူကွန်ကရစ် တံတားပုံစံများအဖြစ် ပုံစံပြောင်းပြင်ဆင်နေပြီး ပြင်ဆင်နေချိန်အတွင်း ဇက်ရေယာဉ်များဖြင့်သာ ဆက်သွယ်သွားလာနေရကြောင်း၊ ပုသိမ်မြစ်ကူးတံတား အသစ်စီမံကိန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

Credit:   Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service