မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ - အပိုင်း (၁)

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ - အပိုင်း (၁) - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 10:37 am တွင် တင်ခဲ့သည်
15882 ကြိမ် ကြည့်ရှု့ပြီး

၁။ မြွေကျွန်း၊ ဘရာဇီး

- ဘရာဇီးနိုင်ငံ ဆော်ဝ်ပေါ်လိုကမ်းရိုးတန်းအလွန် ၉၃ မိုင်ခန့်မှာ ရှိပါတယ်။ အဲ့ဒီမှာ မြေ ၁၀ စတုရန်းပေတစ်ကွက်စာမှာတင် မြွေကောင်ရေ တစ်ကောင်ကနေ ငါးကောင်အကြားရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ ရွှေရောင်လှံတံထိပ်ပုံဦးခေါင်းတွေရှိကြတဲ့ အဲ့ဒီမြွေတွေဟာ သူတို့ကိုက်လိုက်တဲ့နေရာတစ်ဝိုက်က အသားကို တစ်စစီဖြစ်သွားစေနိုင်တဲ့ အဆိပ်တွေရှိကြပါတယ်။ ဒါကြောင့်မို့ပဲ အဲ့ဒီမြွေကျွန်းကို လူတွေလည်ပတ်ခွင့်မပြုထားတာပဲ ဖြစ်ပါတယ်။

၂။ လက်စ်ကော့လိုဏ်ဂူ၊ ပြင်သစ်

- ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ လက်စ်ကော့စ်လိုဏ်ဂူဟာ နှစ် ၂ သောင်းခန့် သက်တမ်းရှိ ရင်သပ်ရှုမောဖွယ် ကျောက်ခေတ်ဦးပန်းချီလက်ရာများစွာရဲ့ နေအိမ်ကြီးပဲ ဖြစ်ပါတယ်။ လိုဏ်ဂူနံရံတွေမှာ ရေးဆွဲထားတဲ့ အဲ့ဒီပန်းချီရုပ်ပုံတွေကတော့ သမင်၊ ဒရယ်၊ ကျွဲ၊ နွား၊ နွားလားဥဿဖ၊ ကြောင် စတာတွေပဲ ဖြစ်ပါတယ်။ ၁၇ ပေလောက်ရှည်တဲ့ ကျွဲတစ်ကောင်ပုံပါဝင်တဲ့ ကျွဲလေးကောင်ပါနံရံပန်းချီရှိတဲ့ ကျွဲခန်းမထဲက အဲဒီပန်းချီလက်ရာကတော့ အံ့သြမင်သက်ဖွယ်အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီလိုဏ်ဂူမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့မှိုတွေရှိလာတာကြောင့် ၁၉၆၀ ပြည့်နှစ်ကတည်းက အများပြည်သူဝင်ရောက်လည်ပတ်ခွင့်ကို တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။ လူသားတွေလာရောက်လည်ပတ်မှုကြောင့် ပန်းချီလက်ရာတွေပျက်စီးသွားမယ့်အရေးစိုးရိမ်တာကြောင့်လည်း ပါတာပေါ့နော်။

ဒါပေမဲ့လည်း အဲ့ဒီလိုဏ်ဂူနံဘေးမှာ ပုံစံတူလိုဏ်ဂူနဲ့ ပြတိုက်တစ်ခုကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်လိုက်ပြီမို့ ဝမ်းနည်းစရာမလိုတော့ပါဘူးနော်။

၃။ Area 51၊ အမေရိကန်

- နီဗားဒါးကန္တာရထဲက ဖုံးကွယ်ထားတဲ့ ဒီစစ်အခြေစိုက်စခန်း Area 51 ဟာ သူရဲ့ရည်ရွယ်ချက်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ် အချိန်အတန်ကြာထိန်းသိမ်းလာပါတယ်။ လူတော်တော်များများကတော့ Area 51 ဟာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေကို စမ်းသပ်ဖို့အတွက်လို့ ထင်မြင်နေကြပါတယ်။ သေချာတာတစ်ခုကတော့ အဲ့ဒီတားမြစ်နေရာကို ဝင်ရောက်ဖို့ကြိုးပမ်းမယ်ဆို အန္တရာယ်များမှာပါပဲ။ ဘာလို့ဆို အဲ့ဒီမြေပြင်ကို မိုင်းတွေနဲ့ အခြားအကာအကွယ်တွေနဲ့ ကာကွယ်ထားတာမို့ပါ။

၎။ North Sentinel ကျွန်း (မြောက်ကင်းကျွန်း)၊ အိန္ဒိယ

- ဘင်္ဂလားပင်လယ်အော်ရှိ အန်ဒမန်ကျွန်းစုရှိ ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ မြောက်ကင်းကျွန်းက ကျွန်းသူကျွန်းသားတွေဟာ ယနေ့ခေတ်ကမ္ဘာကြီးရဲ့ လွှမ်းမိုးမှုတွေကို ကာလရှည်ကြာဆန့်ကျင်လာခဲ့တာပါ။ သူတို့တွေဟာ ကျွန်းပြင်ပလောကက အပြင်လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ကို ငြင်းဆန်ထားကြပြီး သူတို့ရဲ့ သီးခြားဖြစ်တည်မှုကို အပြင်းအထန်ကာကွယ်ဖို့ပဲ ဆန္ဒရှိနေကြပါတယ်။ ၂၀၀၄ ဆူနာမီပြီးနောက် အိန္ဒိယကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ဟာ အဲ့ဒီကျွန်းဝေဟင်ပေါ်ကနေ ထောက်လှမ်းမှုတစ်ခုပြုလုပ်စဉ်မှာ ကျွန်းပေါ်က တောအုပ်တွေထဲကနေ လူတွေထွက်ပေါ်လာပြီး တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ကို မြားတွေနဲ့ပစ်ခဲ့ကြပါတယ်။

မြောက်ကင်းကျွန်းသူကျွန်းသားတွေ အဲ့ဒီကျွန်းပေါ်မှာ နေထိုင်လာခဲ့ကြတာဟာ နှစ်ပေါင်း ခြောက်သောင်းခန့်ရှိပါပြီ။ သူတို့ကို အိန္ဒိယအစိုးရက အကာအကွယ်ပေးထားပြီး ဘယ်လိုဧည့်သည်မျိုးမှ မသွားရောက်ကြဖို့ တားမြစ်ပေးထားပါတယ်။

၅။ ဘိုဟီးမီးယန်းတောအုပ်၊ အမေရိကန်

- ကယ်လီဖိုးနီးယားပြည်နယ် မွန်တီရီယိုမြို့ရှိ ဧကပေါင်း နှစ်သောင်းခုနစ်ထောင်ကျယ်ဝန်းတဲ့ ဒီအထူးပြင်ဆင်ထားတဲ့တောအုပ်ထဲမှာ နှစ်စဉ်ဇူလိုင်လတိုင်း ကမ္ဘာ့ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်တွေအတွက် သီတင်းပတ်နှစ်ပတ်ကြာ စိတ်လွတ်ကိုယ်လွတ်စားသောက်ပျော်ရွှင်ပွဲကြီးကို ကျင်းပလေ့ရှိပါတယ်။ ဒီတောအုပ်ကို အမေရိကန်သမ္မတတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ဂီတပညာတွေပဲ လာရောက်ခွင့်ရှိပါတယ်။

၆။ Ise (အီဆေး) မဟာဗိမာန် ၊ ဂျပန်

- ဗိမာန်ပေါင်း ၈ သောင်းလောက်ရှိတဲ့ ကျွန်းနိုင်ငံ ဂျပန်မှာ အိုင်ဆဲမဟာဗိမာန်လောက် ဘယ်ဗိမာန်ကမှ ပိုအရေးမကြီးပါဘူး။ သူ့ရဲ့အနုစိတ်ဗိသုကာလက်ရာတွေကြောင့် နိုင်ငံ့တန်ဖိုးအကြီးဆုံးဗိမာန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒေါ်လာတစ်သန်းတန်တယ်လို့ သိရပါတယ်။ သဘာဝတရားရဲ့ သေဆုံးခြင်းနဲ့ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုတဲ့ ရှင်တိုဓလေ့ရိုးရာအရ ဒီဗိမာန်ကို နှစ် ၂၀ ကြာတိုင်း ပြန်လည်တည်ဆောက်ပါတယ်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ်ပြန်လည်တည်ဆောက်ထားတာပါ။ ဂျပန်တော်ဝင်မိသားစုဝင်တွေပဲ ဒီဗိမာန်ထဲကို ဝင်ခွင့်ရှိတာပါ။

၇။ ဟာ့ဒ်ကျွန်း၊ သြစတြေးလျ

- ကမ္ဘာ့အစွန်အဖျား၊ ဝေးလံခေါင်သီဆုံးကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဟာ့ဒ်ကျွန်းကို ဥပဒေသတ်မှတ်ချက်အရ သြစတြေးလျက ပိုင်ပေမဲ့ သူ့ကို မာဒါဂတ်စ်ကာနဲ့ အန္တာတိကအကြားတစ်နေရာမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အသက်ဝင်ဆဲမီးတောင်နှစ်လုံးကြောင့် လူသိများပြီး ကျွန်းရဲ့ဧရိယာတော်တော်များများက ရေခဲလွှမ်းခံထားရပါတယ်။ ပင်လယ်ဖျံ၊ ငှက်တွေနဲ့ ပင်ဂွင်းအမျိုးအစားလေးမျိုးတို့ နေထိုင်ကျက်စားကြပါတယ်။ လူတွေသွားရောက်လည်ပတ်ခွင့်မရှိပေမဲ့ သိပ္ပံပညာရပ်ဆိုင်ရာအကြောင်းပြချက်တွေအတွက်တော့ အနီးရှိမက်ဒေါ်နယ်ကျွန်းအထိ သွားရောက်လို့ရပါတယ်။

၈။ ပိုဗေဂလီယာ၊ အီတလီ

- အီတလီမြောက်ပိုင်းရှိ ဗင်းနစ်နဲ့ လီဒိုမြို့တို့အကြားက ကျွန်းငယ်လေးဖြစ်ပါတယ်။ အဲ့ဒီကျွန်းဟာ သေဆုံးသွားသူတွေရဲ့ အဆင့်မြင့်အိမ်ခြံမြေတစ်ခုအဖြစ် ရာစုနှစ်များစွာ ဖြစ်တည်လာပါတယ်။ ၁၄ ရာစုမှာ ပလိပ်ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထုတ်ထားရာနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉ ရာစုနှစ်မှာတော့ အီတလီမြောက်ပိုင်းက စိတ်မကျန်းမာသူတွေအတွက် ခိုလှုံရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကျွန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ဆရာဝန်တစ်ယောက်က လူနာတွေကို စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ကောလာဟလတွေရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီမှာနေထိုင်ခဲ့ပြီး နှိပ်စက်ခံရကာသေဆုံးသွားခဲ့ပြီး သရဲတစ္ဆေတွေအဖြစ် မကျွတ်မလွတ်ကြသေးတဲ့ ဝိညာဉ်တွေရဲ့ ကျက်စားရာနေရာတစ်ခုအဖြစ် စွန့်ပစ်ခံထားရပါတယ်။ အီတလီနိုင်ငံသားတွေရော ခရီးသွားဧည့်သည်တွေကိုပါ သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ အီတလီရဲ့ သရဲအခြောက်ဆုံးနေရာအဖြစ် ယူဆခံထားရတယ်လို့လည်း သိရှိရပါတယ်ရှင်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service