အမျိုးသားမြေအသုံးချမူဝါဒ ပြန်သုံးသပ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို အမျိုးသားလွှတ်တော်အတည်ပြု

အမျိုးသားမြေအသုံးချမူဝါဒ ပြန်သုံးသပ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို အမျိုးသားလွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 10:17 am တွင် တင်ခဲ့သည်
520 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသားမြေဥပဒေဖြစ်ပေါ်လာ စေရန် အမျိုးသားမြေအသုံးချမူ ၀ါဒကို ပြန်လည်သုံးသပ်၍ လုပ်ငန်းစဉ်များ၊ မူဘောင်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအ စိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

မတ်လ ၁ ရက် အမျိုးသား လွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) ကိုယ်စားလှယ်ဒေါက်တာပြည့်ဖြိုး တင်သွင်းသော အဆိုကိုအတည်ပြုခြင်း ဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ထောက်ခံဆွေးနွေးသော်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာရဲမြင့်ဆွေက အဆိုကို မှတ် တမ်းတင်ထားရန် ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယခင် က မြေအသုံးချ မူဝါဒမရှိသည့် အတွက် မြေယာနှင့်ဆက်စပ် သည့် အစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပေါင်းစည်းညှိနှိုင်း ဆောင်ရွက်မှု မရှိဘဲ ကဏ္ဍအလိုက် ဦးစားပေးအကောင်အ ထည်ဖော်ခြင်းနှင့် ကဏ္ဍနှင့်ဒေသ ပေါင်းစပ်ညှိနှိုင်းမှု မရှိခြင်းကြောင့် မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများ အငြင်းပွားမှု ဖြစ်ပေါ်ပြီး အကျိုးဆက်အဖြစ် နိုင်ငံတော်၏ ရေရှည်တည်တံ့သော ဖွံ့ ဖြိုးတိုးတက်မှုများကို အဟန့်အ တားဖြစ်စေခဲ့ကြောင်း ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြော ကြားသည်။

အမျိုးသားမြေအသုံးချမှု မူ ၀ါဒရေးဆွဲပြဋ္ဌာန်းရေး လုပ်ငန်း ကို ယခင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့ Focal Ministry အဖြစ် သတ်မှတ်တာဝန်ပေးခဲ့ပြီး လမ်းပြမြေပုံရေးဆွဲကာ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာရဲမြင့်ဆွေက ပြောသည်။

ဒေါက်တာပြည့်ဖြိုးတင် သွင်းသည့် အဆိုနှင့်စပ်လျဉ်းပြီး အမျိုးသားမူဝါဒပါ အချက်များ နှင့်အညီ နိုင်ငံတော်ရှိ မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေအားလုံးကို သယံဇာတဖြစ်စေရေးအ တွက် အမျိုးသားမြေအသုံးချမှု မူဝါဒကို လမ်းညွှန်အဖြစ် အသုံး

ပြုပြီး အမျိုးသားမြေဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မည် ဖြစ်၍ အဆိုကို မှတ်တမ်းအဖြစ်သာထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြခဲ့သည်။

အမျိုးသားလွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းအများစု သည် မြေအသုံးချရေးကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနေသည် ကို သတိထားရမည်ဖြစ်ပြီး လက်ရှိတွင် အလုပ်လုပ်ရမည့် အချိန်ဖြစ်၍ အမျိုးသားမြေဥပဒေကို အတည်ပြုအကောင်အထည်ဖော် ရန် လိုအပ်ပြီဖြစ်၍ အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ခံယူမည်ဟု အဆိုရှင်ဒေါက် တာပြည့်ဖြိုးက ပြောသည်။

ဒေါက်တာပြည့်ဖြိုးတင်သွင်းသည့် အဆိုနှင့်ပတ်သက်ပြီးမဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၁၈၅ဦး၊ ထောက်ခံဆန္ဒမဲပေးသူ ၁၆၀ ဦး၊ ကန့်ကွက်ဆန္ဒမဲပေး သူ ခြောက်ဦး၊ ကြားနေဆန္ဒမဲပေး သူ သုံးဦးဖြစ်ပြီး ထောက်ခံဆန္ဒ မဲများသောကြောင့် အဆိုကိုအ တည်ပြုကြောင်း အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service