စင်္ကာပူ developer ဖြစ်သော Capitaland က တရုတ်ပြည် ချုံကင်းမြို့တွင် ဆောက်လုပ်လျက်ရှိသော ယွမ်ငွေ ၂၄ ဘီလီယံ တန်ကြေးရှိ Raffles City ကို အပြီးသတ်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ကြေညာ

စင်္ကာပူ developer ဖြစ်သော Capitaland က တရုတ်ပြည် ချုံကင်းမြို့တွင် ဆောက်လုပ်လျက်ရှိသော ယွမ်ငွေ ၂၄ ဘီလီယံ တန်ကြေးရှိ Raffles City ကို အပြီးသတ်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ကြေညာ - Property News in Myanmar from iMyanmarHouse.com
1 Mar 2019 11:22 am တွင် တင်ခဲ့သည်
930 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူ developer ဖြစ်သော Capitaland က တရုတ်ပြည် ချုံကင်းမြို့တွင် ဆောက်လုပ်လျက်ရှိသော ယွမ်ငွေ ၂၄ ဘီလီယံ တန်ကြေးရှိ Raffles City ကို အပြီးသတ်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

CapitaLand သည် ပြီးခဲ့သော လအတွင်း Ascendas-Singbridge ကုမ္ပဏီကို စင်္ကာပူဒေါ်လာ ၁၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သေးသည်။

Raffles City ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၁ ဒသမ ၂ သန်းရှိသည်။

Raffles City ကို ၂၀၁၉ ဒုတိယနှစ်ဝက်တွင် အဆင့်လိုက် စတင်ရောင်းချရန် စီစဉ်ထားကြောင်း developer က ထုတ်ပြန်သည်။

ကနေဒါဗိသုကာပညာရှင် Moshe Safdie ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးထားသော Raffles City ကို CapitaLand က ၆၂ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြိး ၂၀၁၁ ခုနှစ်က ဆောက်လုပ်ရန် စတင်ကြေညာခဲ့ကာ ၂၀၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

တာဝါ ၈ ခုပါဝင်သည့် အဆိုပါစီမံကိန်းကို CapitaLand က ချုံကင်း၏ သရဖူရတနာတစ်ပါးအဖြစ် တင်စားခဲ့သည်။

အဆိုပါစီမံကိန်းသည် စင်္ကာပူကုမ္ပဏီတစ်ခုအနေဖြင့် တရုတ်ပြည်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံခဲ့သော စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

တာဝါများအကြား ကောင်းကင်တံတားဖြင့် ဆက်သွယ်ပေးထားပုံမှာ စင်္ကာပူမှ Marina Bay Sands နှင့် ဆင်တူနေပြီး ယန်စီမြစ်နှင့် ကျားလင်းမြစ်တို့ ဆုံစည်းရာနေရာတွင် တည်ရှိသည်။

“ချုံကင်းမှာရှိတဲ့ Raffles City စီမံကိန်းဟာ ဖွဲ့စည်းပုံကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး လက်ရှိမှာတော့ အတွင်းပိုင်း မွမ်းမံမှုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

The Crystal ကောင်းကင်တံတားမှာ သစ်ပင်တွေ စိုက်ပျိုးပေးတဲ့ လုပ်ငန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီကောင်းကင်တံတားဟာ တရုတ်ပြည်အနောက်ပိုင်းတစ်ခွင်ကို အမြင့်ဆုံးနေရာကနေ ကြည့်ရှုနိုင်စေမှာလည်းဖြစ်ပါတယ်။

ဒေသခံတွေအပြင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် မဖြစ်မနေသွားရောက်လည်ပတ်ရမယ့် နေရာမျိုးဖြစ်ပါတယ်။”ဟု CapitaLand Group ၏ ဥက္ကဌ လူးကပ်စ် လိုက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service