တရုတ်ပြည်၏ ပထမဆုံး အနုမြူဓာတ်ပေါင်းဖိုကို လာမည့်ဇွန်လတွင် စတင်ဆောက်လုပ်မည်

တရုတ်ပြည်၏ ပထမဆုံး အနုမြူဓာတ်ပေါင်းဖိုကို လာမည့်ဇွန်လတွင် စတင်ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1 Mar 2019 11:06 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ပထမဆုံးအနုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လာမည့်ဇွန်လတွင် စတင်ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆောက်လုပ်မည့်နေရာမှာ တရုတ်ပြည်အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်၊ ကျန်းကျုံမြို့တွင် ဖြစ်သည်။

တရုတ်ပြည်တွင် ယခုနှစ်အတွင်း အနုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၈ ခု တည်ထောင်သွားရန် စီစဉ်ထားပြီး စုစုပေါင်းကုန်ကျငွေ ယွမ်ငွေ ၁၆၀ ဘီလီယံ (ကန်ဒေါ်လာ ၂၃ ဒသမ ၈ ဘီလီယံ) ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ကျန်းကျုံဓာတ်အားပေးစက်ရုံကို ဇွန်လ ၃၀ ရက်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ဒုတိယမြောက်ဓာတ်အားပေးစက်ရုံကို နောင် ၁၀ လအကြာတွင် ဆက်လက်ဆောက်လုပ်မည် ဟု ဆိုသည်။

ဆောက်လုပ်ကာလ လပေါင်း ၆၀ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ စက်ရုံ ၂ ခုသည် ၂၀၂၄ ခုနှစ်၊ ဇွန်လမှ ၂၀၂၅ ခုနှစ်၊ ဧပြီလတို့တွင် အသီးသီး လည်ပတ်နိုင်မည် ဖြစ်သည်။

ဟွာလောင်ဝမ်း (သို့မဟုတ်) HPR1000 ဟု ခေါ်သော တရုတ်သိပ္ပံပညာရှင်များ ဒီဇိုင်းရေးဆွဲထားသော အနုမြူဓာတ်အားပေးစက်ရုံ အမျိုးအစား ၄ လုံးကို ဆောက်လုပ်သွားရန် တရုတ်အစိုးရက ပြီးခဲ့သောလအတွင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းအနက်မှ ၂ လုံးကို ကျန်းကျုံတွင် တရုတ်အမျိုးသားအနုမြူ ကော်ပိုရေးရှင်းက ဆောက်လုပ်မည် ဖြစ်သည်။

အခြား ၂ လုံးကိုမူ ကွမ်တုံပြည်နယ်၊ ဟွေ့ကျိုးမြို့တွင် တရုတ်အထွေထွေအနုမြူစွမ်းအင်အုပ်စုက ဆောက်လုပ်မည် ဖြစ်သည်။

ဟွာလောင်ဝမ်းအမျိုးအစားသည် တတိယမျိုးဆက် အနုမြူစွမ်းအင်နည်းပညာဖြစ်ပြီး တရုတ်ပြည်တွင် ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရုရှားမှ တတိယမျိုးဆက် အနုမြူစွမ်းအင်ဓာတ်ပေါင်းဖိုအမျိုးအစားဖြစ်သော VVER-1200 ၄ လုံးကိုလည်း ယခုနှစ်အတွင်း ကျန်းစုပြည်နယ်နှင့် လျောင်နင်းပြည်နယ်တို့တွင် တပ်ဆင်သွားရန် ရည်မှန်းထားသည်။

VVER-1200 နှင့် ဟွာလောင်ဝမ်းဓာတ်ပေါင်းဖိုများသည် တစ်လုံးလျှင် ယွမ်ငွေ ၂၀ ဘီလီယံခန့် ကျသင့်သည်ဟု တရုတ်အမျိုးသား အနုမြူစွမ်းအင်ဌာနက ထုတ်ပြန်သည်။

တရုတ်ပြည်သည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၅၈ သန်းထုတ်လုပ်နိုင်မည့် အနုမြူစွမ်းအင်ဓာတ်ပေါင်းဖိုများ တည်ထောင်နိုင်ရန် ရည်မှန်းထားပြီး လက်ရှိအားဖြင့် ကီလိုဝပ် သန်း ၃၀ ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖိုများ ဆောက်လုပ်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service