အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ-ဒဗလျူဘုရှ်၏ သား ဂျက်ဘ်ဘုရှ်က မီယာမီကမ်းခြေအနီးရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ သန်းနီးပါးဖြင့် ရောင်းချရန်စီစဉ်

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ-ဒဗလျူဘုရှ်၏ သား ဂျက်ဘ်ဘုရှ်က မီယာမီကမ်းခြေအနီးရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ သန်းနီးပါးဖြင့် ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
1 Mar 2019 10:58 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

ပနားမားစစ်ပွဲနှင့် ပင်လယ်ကွေ့စစ်ပွဲများကို ဦးဆောင်ခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ-ဒဗလျူ ဘုရှ်၏ ဒုတိယမြောက် သားဖြစ်သူ ဂျက်ဘ်ဘုရှ်သည် မီယာမီကမ်းခြေအနီးရှိ နေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဂျက်ဘ်ဘုရှ်သည် ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းထောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

စံအိမ်တည်နေရာမှာ ဖလော်ရီဒါပြည်နယ်တောင်ပိုင်း၊ မီယာမီမြို့အနီးတွင် တည်ရှိသော ကိုရဲလ် ဂေဘယ်စ်မြို့ကလေးတွင် တည်ရှိသည်။

တစ်ကိုယ်ရည်လုံခြုံမှုအနည်းငယ်ရလိုသည့် နိုင်ငံရေးသမားတစ်ဦး (သို့မဟုတ်) လူတိုင်းအတွက် နေရာကောင်းတစ်ခုပင် ဖြစ်သည်။

လူဦးရေ ၅၀၀၀၀ ခန့်သာရှိသော ကိုရဲလ် ဂေဘယ်စ်မြို့ကလေးသည် မီယာမီမြို့လယ်နှင့် နီးစပ်စွာတည်ရှိသည်။

ဂျက်ဘ်ဘုရှ်၏ နေအိမ်မှာ Almeria Row ဟု အမည်ရှိသော ဇိမ်ခံအိမ် ၁၀ လုံး ပါဝင်သည့် နေအိမ်ဝန်းတစ်ခုအတွင်း တည်ရှိသည်။

ဂျက်ဘ်ဘုရှ်၏ စံအိမ်မှာ မူရင်းလက်ရာများမပျက် ထည်ဝါတောက်ပစွာရှိနေပြီး ခြံနောက်ဘက်တွင်လည်း ဝန်ထမ်းများ (သို့မဟုတ်) မိတ်ဆွေများအလည်အပတ်လာပါက တည်းခိုနိုင်မည့် ဧည့်ဂေဟာအိမ်တစ်လုံး ပါဝင်သေးသည်။

ပင်ပနေအိမ်တွင် master bedroom ၂ ခန်းပါဝင်သည်။

အခန်းတိုင်းမှာ လေဝင်လေထွက်ကောင်းမွန်ပြီး သဘာဝအလင်းလည်း ကောင်းမွန်စွာ ရရှိသည်။

မီးဖိုဆောင်တွင် နောက်ဆုံးပေါ် မီးဖိုဆောင်သုံးပစ္စည်းများ ထည့်သွင်းပေးထားပြီး နေအိမ်တစ်ခုလုံးတွင် ဝက်သစ်ချသား ကြမ်းခင်းများ ခင်းကျင်းထားသည်။

အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာမှာ ကား ၂ စင်းဆန့် ကားဂိုဒေါင်၏ အပေါ်တွင် တည်ရှိသည်။

ဝယ်လက်အနေဖြင့် အဆိုပါနေရာကို ရုံးခန်းတစ်ခန်းအဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်၏။

ဂျက်ဘ်ဘုရှ်သည် ၂၀၁၆ ခုနှစ်အတွင်း သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကလည်း ယခုနေအိမ်ရှိ ဧည့်ဂေဟာဆောင်တွင် စခန်းချခဲ့ဖူးသည်။

ဖလော်ရီဒါပြည်နယ်တွင် ကြုံရလေ့ရှိသော မိုးကြိုးမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်းဒဏ်များကို ခံနိုင်မည့် ပြတင်းများ၊ တံခါးများ တပ်ဆင်ပေးထားသည်။

ဖလော်ရီဒါ၏ ဟန်ပန်တစ်ခုဖြစ်သော ခြံဝန်းတွင်းရှိ ရေတံခွန်မှာ ပင်မနေအိမ်နှင့် ဧည့်ဂေဟာ၊ ကားဂိုဒေါင်တို့ကို ပိုင်းခြားပေးထားသည်။

ဂျက်ဘ်ဘုရှ်သည် အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service