ရန်ကုန်မြို့သစ် စီမံကိန်းအတွက် မြေအစား ငွေကြေးလျော်ကြေး ရလိုသူများအတွက် တစ်ဧကတန်ဖိုး ကျပ်သိန်း ၁၀၀ အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားကြောင်း သိရ

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် မြေအစား ငွေကြေးလျော်ကြေး ရလိုသူများအတွက် တစ်ဧကတန်ဖိုး ကျပ်သိန်း ၁၀၀ အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
28 Feb 2019 11:18 am တွင် တင်ခဲ့သည်
4761 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်မြို့သစ်မြေအစား ငွေကြေးလျော်ကြေး ရလိုသော မူလပိုင်ရှင်များအတွက် တစ်ဧက၏ တန်ဖိုးကို ကျပ်သိန်း ၁၀၀ အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားကြောင်း NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ် (၂၂) တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်း Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း ပွဲအပြီးတွင် ထွက်ပေါ်လာခဲ့သည့် ဝေဖန်မှုများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းချက်များ ပါဝင်သည့် NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ် စာစဉ် (၂၂) ကို ကုမ္ပဏီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပထမဆုံးအချက်အနေဖြင့် Pre-Project Document (PPD) ရေးဆွဲရန် ရွေးချယ်ခံထားရသည့် China Communications Construction Company Ltd, (CCCC) သည် NYDC တာဝန်ယူထားသည့် ရန်ကုန်မြို့သစ် ပထမအဆင့်ကို အကောင်အထည်ဖော်မည့် မြေဧရိယာအားလုံးကို ရရှိမည်ဆိုသည့် အချက်သည် မှားယွင်းသည်ဟု ဆိုသည်။

ရန်ကုန်မြို့သစ် ပထမအဆင့်၏ မြေဧရိယာ စုစုပေါင်း ၉၀ စတုရန်း ကီလိုမီတာအနက်မှ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် NYDC တို့ ပူးပေါင်းလုပ်ဆောင်မည့် joint-Venture Company (JV) အနေဖြင့် မြေဧရိယာ ၂၈ စတုရန်း ကီလိုမီတာသာ ရရှိမည်ဖြစ်ပြီး အဆိုပါ ဧရိယာထဲတွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနှင့် လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့တော်စည်ပင် လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်သည့်မြေများ ပါဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပန်းခြံများအတွက် ၂၈ ဒသမ ၆၅ စတုရန်းကီလိုမီတာ မြေနေရာရှိမည်ဖြစ်ပြီး ကျန်ရှိနေသည့် ၃၃ ဒသမ ၃၅ စတုရန်းကီလိုမီတာ (ရန်ကုန်မြို့သစ် ပထမအဆင့် စုစုပေါင်းမြေဧရိယာ၏ ၃၇ ရာခိုင်နှုန်း) သည် NYDC ၏ ပိုင်ဆိုင်မှုအဖြစ် ဆက်ရှိနေမည်ဖြစ်ရာ ယင်းအနက်မှ ၁၉ ဒသမ ၀၆ စတုရန်းကီလိုမီတာကို မူလမြေပိုင်ရှင်များအား ပြန်လည်နေရာချထားမည့် မြို့ငယ် ငါးခုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း မြေယာခွဲဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းထားသည်ကို တွေ့ရသည်။

ဒုတိယအချက် အနေဖြင့် မြေတန်ဖိုးကို တစ်စတုရန်းမီတာလျှင် ငါးဒေါ်လာအဖြစ် တန်ဖိုး သတ်မှတ်ခြင်းမှာ မဖြစ်သင့်သည့်ဈေးနှုန်းဖြင့် တန်ဖိုးဖြတ်လိုက်ခြင်း ဖြစ်သောကြောင့် နိုင်ငံအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်ဆိုသည့် ဝေဖန်ချက်နှင့် ရန်ကုန်မြို့သစ် ဧရိယာ၏ မြေတစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀ အား သီလဝါ၏ မြေတစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀၀ နှင့် နှိုင်းယှဉ်၍ သုံးသပ်မှုများအပေါ် ပြန်လည် ရှင်းလင်းထားသည်။

လက်ရှိတွင် မြို့သစ်ဧရိယာ၏ မြေနေရာသည် လယ်မြေဖြစ်ပြီး ပေါက်ဈေးမှာလည်း တစ်ဧက သိန်း ၃၀၀ တန်ဖိုးမရှိကြောင်း၊ ပြန်လည် နေရာချထားရေးအတွက် မြို့သစ်မြေအစား ငွေကြေးလျော်ကြေး ရလိုသူများအတွက် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားသည့် တန်ဖိုးမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ရှိကြောင်း မြေနေရာ တန်ဖိုးသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထားသည်။

အဆိုပါမြေနေရာ (ယခုလယ်မြေ) များသည် နောင်တစ်ချိန်တွင် တစ်ဧကတန်ဖိုး ကျပ်သိန်း ၃၀၀၀ အမှန်တကယ် ဖြစ်လာနိုင်ကြောင်း၊ သို့သော် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးမှသာ ဖြစ်လာနိုင်မည့် တန်ဖိုးဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံများ မရှိဘဲ တစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀၀ ဖြစ်လာနိုင်စရာ အကြောင်းမရှိကြောင်းနှင့် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက joint-venture company တွင် ပါဝင်သည့် မြေ၊ NYDC ပိုင်မြေများနှင့် ယခင် မြေပိုင်ဆိုင်သူများ၏ မြေတန်ဖိုးများပါ မြင့်တက်သွားမည် ဖြစ်သောကြောင့် မြေများအား ဈေးပေါပေါဖြင့် ပေးလိုက်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် CCCC သို့မဟုတ် တင်ဒါနိုင်သည့် ကုမ္ပဏီအနေဖြင့် ရှယ်ယာတန်ဖိုး ၇၅ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သောကြောင့် NYDC (ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး ၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့်) ထည့်ဝင်သည့် မြေတန်ဖိုးမှာ တစ်စတုရန်းမီတာလျှင် ငါးဒေါ်လာ တန်ဖိုးထက် အများကြီးပိုကြောင်း ပြန်လည် ရှင်းလင်းထားသည်။

တတိယအချက် အနေဖြင့် ၁၃ ရာခိုင်နှုန်းမှာ Internal Rate of Return (IRR) ၁၃ ရာခိုင်နှုန်းကို ဆိုလိုခြင်းသာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအား ပေးရသည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း မဟုတ်ကြောင်း၊ IRR သည် ရင်းနှီးမြှုပ်နှံမှု တစ်ခုတွင် သတ်မှတ်ထားသည့် သက်တမ်းတစ်ခုအတွင်း ရင်းနှီးထားသည့် ကုန်ကျစရိတ် အားလုံး (မတည်ရင်းနှီးငွေ၊ ချေးငွေ၊ အတိုးနှင့် ချေးငွေကုန်ကျစရိတ်၊ ဝင်ငွေနှင့် အသုံးစရိတ်များ) အပေါ် ပြန်လည်ရရှိမည့် ရာခိုင်နှုန်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

New Yangon Development Co.,Ltd နှင့် China Communications Construction Company Ltd (CCCC) တို့အကြား သဘောတူ လက်မှတ်ရေးထိုးထားသော ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေးအတွက် NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရန် လိုအပ်သည့် Pre-Project Documents (PPD) တွင် ပါဝင်သော အသေးစိတ်အချက်အလက်များကို မကြာမီ ကြေညာမည်ဟု ဦးသိမ်းဝေက ပြောကြားထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service