ဒဏ္ဍာရီပုံပြင်လာ ဗိသုကာ

ဒဏ္ဍာရီပုံပြင်လာ ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
28 Feb 2019 10:22 am တွင် တင်ခဲ့သည်
1315 ကြိမ် ကြည့်ရှု့ပြီး

ဒဏ္ဍာရီပုံပြင်လာ ဗိသုကာ (သို့မဟုတ်) ပုံပြင်လာ စာအုပ်စံအိမ် ဟူသည်မှာ အင်္ဂလန်နှင့် အမေရိ ကန်ပြည်ထောင်စု များတွင် ၁၉၂၀ ပြည့်လွန်ကာလများအတွင်း ထွန်းကားခဲ့သည့် ဗိသုကာဟန်တစ်မျိုးဖြစ်၏။

ပုံပြင်စာအုပ်လာ ဗိသုကာသည် ဟောလိဝုဒ်ဗိသုကာ ဟန်တစ်မျိုးဖြစ်သည့် ပရဗင်းချယ်လ် ရဗိုင်းဗလ်လဇင် (Provincial Revivalism) ဟုခေါ်သော ဗိသုကာဟန်အပေါ် တိမ်းညွတ်မှု များစွာရှိသည်။ ပုံပြင်စာအုပ်လာ ဗိသုကာကို လူအများခေါ်လေ့ရှိ သည်မှာ ဒဏ္ဍာရီပုံပြင်လာ (သို့မဟုတ်) ဟန်းဆဲလ်နှင့် ဂရတဲလ် ဟု ခေါ်လေ့ရှိကြသည်။ ဟန်းဆဲလ်နှင့် ဂရတဲလ်ဟူသည်မှာ ဂျာမာန်ရိုးရာ ပုံပြင်တစ်ပုဒ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

(ဟန်းဆဲလ်နှင့် ဂရတဲလ်ပုံပြင်မှာ- ရှေးအခါက ဟန်း ဆဲလ်နှင့် ဂရတဲလ်ဟူသော မောင်နှမ ကလေးငယ် ၂ ဦးကို တောအုပ်ကြီးတစ်ခုထဲတွင် နေထိုင်သည့် စုန်းမကြီးက ဖမ်းဆီး သွားခဲ့သည်။ စုန်းမကြီးက သူ၏စံအိမ်ကို ကိတ်မုန့်၊ သကြားလုံး အစရှိသည်တို့ဖြင့် ဆောက်လုပ်ထားသည်ဟု ဆိုသည်။ ကလေး ၂ ဦးက ပရိယာယ်သုံး၍ စုန်းမကြီးထံမှ ထွက်ပြေးလွတ်မြောက် ခဲ့ပုံ ဇာတ်လမ်းဖြစ်သည်) ပုံပြင်စာအုပ်လာ ဗိသုကာဟန်အတွက် တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိချေ။ အဓိက အချက်မှာ ပျော်ရွှင်ဖွယ် အတိပြီးခြင်း ဖြစ်သည်။

များစွာသော ပုံပြင်စာအုပ်လာ နေအိမ်တို့မှာ ကျောက်ဆောင်အတိပြီးခြင်း၊ မညီညာသော အမိုးများ၊ ကျောက်စရစ်ခဲ များ၊ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသော တံခါးများ၊ ပြတင်းများ ကို ကိုယ်စားပြုနေသည်။ ဒဏ္ဍာရီပုံပြင်လာဗိသုကာ စတင်အခြေပြုသည်မှာ ကယ်လီဖိုးနီးယား ပြည်နယ်၊ အထူးသဖြင့် လော့စ်အိန်ဂျလိမြို့ တွင်ဖြစ်ပြီး ၁၉၂၀ မှ ၁၉၃၀ ပြည့်လွန်ကာလများအကြား အလွန်ကျော်ကြားခဲ့သည်။

ဒဏ္ဍာရီပုံပြင်လာ ဗိသုကာဟန်ကို စတင်အသုံးပြုခဲ့ ကြသည့် ထင်ရှားသော ဗိသုကာပညာရှင်များမှာ ဟယ်ရီအိုလီ ဗာ၊ ဘင်ရှားဝုဒ်၊ ၀ီလျံ အာရ်-ယဲလန်း၊ ဝေါလ်တား ဒဗလျူ-ဒစ်ခ်ဆင်နှင့် ကားရ် ဂျုန်းစ်တို့ ဖြစ်ကြသည်။ ဒဏ္ဍာရီပုံပြင်သည် လော့စ်အိန်ဂျလိမှသည် ဆန်ဖရန် စစ်္စကိုပင်လယ်ကွေ့ဧရိယာ၊ ယင်းမှတဆင့် အမေရိက၏ ကျန်ဒေသများသို့ ပြန့်နှံ့သွားခဲ့ပြီး မဟာစီးပွားပျက်ကပ်ကြီး မကျ ရောက်မီအထိ ခေတ်စားခဲ့သည်။

ပုံပြင်စာအုပ်လာ ဗိသုကာ ၁၉၂၀ ပြည့်လွန်ကာလများ အတွင်း အမေရိက၏ ပျော်ရွှင်ဖွယ်နေအိမ်များ (Storybook Style: America’s Whimsical Homes of the 1920s ) ဟူသော စာအုပ်တွင် အဲရိုးလ် ဂဲလ်နာ Arrol Gellner နှင့် ဒေါက် ကီးအစ္စတာ Doug Keister တို့က တမူထူးခြားသော အမေရိကန်ဗိသုကာ၏ သမိုင်းကို ဖော်ပြခဲ့ကြသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်သည် မော်ဒန်နှင့် ရီဗိုက်ဗယ်လ်ဟန် စံအိမ်ကြီးများ ရောယှက်နေပြီး နတ်သမီးမြို့တော်ကြီး၏ စွဲမက် ဖွယ်ရာများကို လှစ်ဟပြသနေသည်။ ၀ါလ်ဒင် ဒရိုက်ဗ်လမ်း၊ အမှတ် ၅၁၆ ရှိ The Witch’s House အမည်ရှိသော စံအိမ်ဆိုလျှင် မူလက ဟောလိဝုဒ် ဒါရိုက်တာတစ်ဦးက ရုပ်ရှင်စတူဒီယိုတစ်ခုအဖြစ် ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းနေရာအဖြစ် အသုံးပြုခဲ့သည်။

၁၉၂၀ ပြည့်လွန်ကာလများအတွင်း The Witch’s House သည် များစွာကျော်ကြားခဲ့ပြီး ပို့စ်ကတ်များစွာတွင် ရိုက်နှိပ် ဖော်ပြခြင်းခံခဲ့ရ ဖူးသည်။ မတ်စောက်သော အမိုးများ၊ ရှည်လျားမြင့်မားသော နံရံများမှာ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဆောက်လုပ်ထားခြင်းဖြစ်သည်။နေအိမ်ဒီဇိုင်းတစ်ခုလုံးမှာ အိုမင်းနေသော ရှေးဟောင်းလက်ရာ အသွင် စနစ်တကျ ပုံဖော်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒဏ္ဍာရီပုံပြင်လာ ဗိသုကာဟန်စာအုပ်ထဲတွင် အာရိုးလ် ဂဲလ်နာ က ရေးသားခဲ့သည်။

The Witch’s House သည် ဒဏ္ဍာရီလာဗိသုကာ ၏ နောက်ဆုံးလက်ရာတစ်ခု ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ ဒဏ္ဍာရီလာ ဗိသုကာဟန်သည် ပထမကမ္ဘာစစ်ကြီး အတွင်း ကတုတ်ကျင်းများနှင့် ကယ်လီဖိုးနီးယားတောင်ပိုင်း ရုပ်ရှင်နယ်များမှ စတင်အခြေတည်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် လူမျိုးတို့ ပျော်ရွှင်မှုကို နှစ်သက်ခုံမင်ပုံအား လှစ်ဟပြသနေ သည်။

““ဒီဗိသုကာဟန်က အလေးအနက်ကြီး ငြင်းခုံရမယ့် အရာမျိုးတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ပညာရှင်တွေကြားက ဂန္ထဝင်မြောက် ဗိသုကာဟန်တစ်ခု မဟုတ် လို့ပါပဲ။ ဒါက ၀ိတိုရိယဗိသုကာ၊ Arts and Crafts (ဒါမှမဟုတ်) ဖရန့်ခ် လွိုက်ဒ် ရိုက်ထ်ရဲ့ လက်ရာမျိုး မဟုတ်ပါဘူး””ဟု ဒဏ္ဍာရီ လာ ဗိသုကာဟန် စာအုပ်ကိုရေးသားရာတွင် ပါဝင်ခဲ့သည့် စာရေး ဆရာ ဒေါက်ကီအစ္စတာက ပြောကြားသည်။

““ဒါကြောင့် ဒဏ္ဍာရီလာ ဗိသုကာဟန် နေအိမ်မျိုး မှာ ပန်းခြံစောင့်နတ်ရုပ်တွေ ထားမယ်ဆိုလည်း အဆင်ပြေပါ တယ်။ ဒါပေမယ့် ဖရန့်ခ် လွိုက်ဒ် ရိုက်ထ်ဗိသုကာဟန်နေအိမ် တွေမှာတော့ ပန်းခြံစောင့်နတ်ရုပ်ထားမယ်ဆိုရင်တော့ ဒါဟာ မသင့်တော်ဘူးလို့ လူတွေဝိုင်းပြီး အပြစ်တင်တာခံရဖို့ ရှိပါ တယ်””ဟု ဒေါက်ကီ အစ္စတာက ဆိုသည်။

အာရိုးလ်ဂဲလ်နာ၏ ရေးသားချက်အရ ၁၉၂၀ ပြည့် လွန်ကာလများအတွင်း ဒဏ္ဍာရီဗိသုကာဟန်နေအိမ်များကို အခြားသော ပိရိယက်ထ် ရီဗိုက်ဗယ်လ်ဟန်များနှင့် ကွဲထွက် စေသည့် အချက်များမှာ အလယ်ခေတ်၏ ဖွဲ့စည်းမှုဟန်ပန် တို့ကို ကာတွန်းဆန်ဆန်ပြောင်းလဲခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျထက် အဓိပ္ပာယ်သတ်မှတ်ချက်မထားခြင်း (သာဓက ပျော်ရွှင်မှု) တို့ဖြစ်သည်ဟု ဆိုသည်။

ဒဏ္ဍာရီလာ ဗိသုကာသည် ပထမကမ္ဘာစစ်ကြီး ပြီးဆုံး ပြီးနောက်ပိုင်း ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် မွေးဖွားခဲ့ပြီး အမေရိကန်ပြည်တစ်ဝန်း ပျံ့နှံ့သွားခဲ့ကာ မဟာစီးပွားပျက်ကပ် ကြီးဆိုက်ချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။ ကျော်ကြားမှုသက်တမ်း ၁၀ နှစ်မျှသာရှိခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုအတွက် ဆွတ်ပျံ့ဖွယ်ကောင်းသော ဆန်းကြယ်လှပသည့် နေအိမ်များစွာ ဆောင်ကြဉ်းပေးသွားခဲ့ သည်။ ဒဏ္ဍာရီလာ ဗိသုကာကို ပညာရှင်များ၊ ဗိသုကာပညာသင် ကြားရေးလောကများတွင်မူ ထည့်သွင်းပို့ချလေ့မရှိကြချေ။ သို့ အတွက် ကီအစ္စတာနှင့် ဂဲလ်နာတို့၏ စာအုပ်မှာ ဒဏ္ဍာရီလာ ဗိသုကာအတွက် သမ္မာကျမ်းစာသဖွယ် တစ်ခုတည်းသောကျမ်းစာ အဖြစ် ရပ်တည်နေသည်။ ဒဏ္ဍာရီလာ ဗိသုကာဟန်ကို ရှေးက အသုံးပြုခဲ့ဖူးသည့် သမိုင်းများလည်း တွေ့ရှိရသည်။

ပြင်သစ်ဘုရင်မကြီး မေရီ အန်တွိုင်းနက်သည် ၁၇၈၃ ခုနှစ်တွင် ဗာဆိုင်းနန်းတော်၏ ပန်းဥယျာဉ်များအတွင်းတွင် “အာမူး ဒူရူးဟိမ်း” (Hameau de le Reine) ဟု အမည်ရသော ဒဏ္ဍာရီလယ ဗိသုကာဟန် စံအိမ်တစ်လုံး ဆောက်လုပ်စေခဲ့ဖူး သည်။ ဒဏ္ဍာရီလာဗိသုကာသည် အမေရိကသို့ ပျံ့နှံ့ခဲ့ရာတွင် ထင်ရှား သည့် လက်ရာတစ်ခုမှာ နယူးယောက်မြို့ရှိ နာမည်ကျော် ပန်းခြံကြီးဖြစ်သော Central Park အတွင်းတွင် ဆောက်လုပ်ထား သည့် ဘဲလ်ဗီဒီယာ ရဲတိုက်ကြီး (Belvedere Castle) ဖြစ်သည်။

ဘဲလ်ဗီဒီယာရဲတိုက်ကို ဗိသုကာပညာရှင် ဖရက်ဒရစ် လော အွမ်းစတက်ဒ်နှင့် ကားလ်ဘတ်ဗော (Frederick Law Olmsted and Calvert Vaux) တို့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယားပြည်နယ် အနောက်တောင်ပိုင်းတွင် ၁၈၈၆ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် နိုက်ရှ်ဗန်စတိန်းရဲတိုက် (Neuschwanstein Castle) ကြီးမှာ လည်း ထင်ရှားသည့်ပြယုဂ်တစ်ခု ဖြစ်သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service