ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရမည်

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရမည် - Property News in Myanmar from iMyanmarHouse.com
28 Feb 2019 9:24 am တွင် တင်ခဲ့သည်
3556 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ်စီမံကိန်း တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရရှိနိုင်မည်ဟု ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ် စီမံကိန်း သည် ဆိပ်ကြီးခနောင်တိုမြို့နယ် တွင် ပါဝင်သဖြင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်ငါးနှစ်ပေးနိုင်ပြီး ဥပဒေအရ အစိုးရက ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်လိုသည့် လုပ်ငန်းတိုင်း ကို အခွန်ကင်းလွတ်ခွင့်ပေးမည် ဟု ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်လို သည့် လုပ်ငန်းမဟုတ်ပါက ခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလာခြင်းမရှိသေးဟု ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်လို သည့် လုပ်ငန်းများမှာ လုပ်သားဦးစားပေးလုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံ လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ဇုန်အလိုက် အခွန်ကင်းလွတ်ခွင့်ခံစားနိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) က ရန်ကုန်မြစ် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့သစ် ပထမအဆင့် ပြုလုပ်မည့် လျှပ် စစ်ဓာတ်အား ထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေး၊ အများပြည်သူသယ် ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေဆိုး စနစ်၊ ဓာတ်ငွေ့ထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးနှင့် ကွန်ဗင်းရှင်းစင်တာကို တင်ဒါခေါ်ထားသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ကို ဒေသအလိုက် ဇုန်သတ်မှတ်ထားကာ သုံးနှစ်၊ ငါးနှစ်နှင့် ခုနစ်နှစ်သတ်မှတ်ထားသည်။ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတွင် လုပ်ငန်းလုပ်ဆောင်ပါ က အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိမည်ဖြစ်ပြီး ကျန်ဒေသများတွင် ငါးနှစ်နှင့် သုံးနှစ်ရရှိမည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service