ကွန်ဒိုမီနီယံဥပဒေအရ စုပေါင်းပိုင်ဆိုင်သည့် ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်သော ကွန်ဒိုများ

ကွန်ဒိုမီနီယံဥပဒေအရ စုပေါင်းပိုင်ဆိုင်သည့် ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်သော ကွန်ဒိုများ - Property News in Myanmar from iMyanmarHouse.com
27 Feb 2019 1:28 pm တွင် တင်ခဲ့သည်
4069 ကြိမ် ကြည့်ရှု့ပြီး

နေကမ္ဘာ ဆောက်လုပ်ရေး (NayGaBar Construction) သည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ၎င်းတို့၏ အပြီးသတ်ပြီးစီးသွားသော ကွန်ဒိုမီနီယံစီမံကိန်းနှင့် စပ်လျဉ်း၍ နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ထုတ်ပြန်ကြေညာမှု ပြုလုပ်ခဲ့သည်။

Royal Maung Bamar Residence စီမံကိန်းသည် မကြာသေးမီက ပြဌာန်းလိုက်သော ကွန်ဒိုမီနီယံဥပဒေအရ စုဖွဲ့ပိုင်ဆိုင်သည့် ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

ထိုနည်းတူ အခြား developer ဖြစ်သော စေပိုင်ကလည်း အကောင်အထည်ဖော်နေဆဲဖြစ်သော ကွန်ဒိုစီမံကိန်းဖြစ်သည့် Complex 45 ကို မှတ်ပုံတင်ရန် ပြင်ဆင်နေသည်။

ပြီးခဲ့သော ဇန်နဝါရီလ အစောပိုင်းက Living Square ဆောက်လုပ်ရေးနှင့် ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး (Shwe Zabu Deik Construction) တို့က ၎င်းတို့၏ အကောင်အထည်ဖော်နေဆဲဖြစ်သော ကွန်ဒိုမီနီယံစီမံကိန်းများဖြစ်သည့် Kabaraye Executive Residence နှင့် ပန်းစွယ်တော် ကွန်ဒိုမီနီယံ တို့ကို အသီးသီး မှတ်ပုံတင်ခဲ့ကြသည်။

Royal Maung Bamar Residence သည် ၁၂ ထပ်ခွဲ ကွန်ဒိုမီနီယံဖြစ်ပြီး အကျယ်အဝန်း ၁ ဒသမ ၅၈ ဧကရှိ ဘိုးဘွားပိုင်းမြေကွက်ပေါ်တွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကာ လှိုင်မြို့နယ်၊ ဓမ္မာရုံလမ်း၊ အမှတ် ၃၂ တွင် တည်ရှိသည်။

စီမံကိန်းတွင် လူနေခန်းပေါင်း ၁၈၀ နှင့် လက်လီအရောင်းဆိုင်နေရာ ၇ ခု ပါဝင်သည်။

၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း ရောင်းချခဲ့မှုများအရ စတုရန်းတစ်ပေပတ်လည်လျှင် ကန်ဒေါ်လာ ၁၄၃ မှ ၁၆၇ အကြား ရောင်းချခဲ့သည်။

Complex 45 မှာ ၉ ထပ်အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၅၄ ခန်း ပါဝင်မည်ဖြစ်ကာ ဗိုလ်တစ်ထောင်မြို့နယ်တွင် တည်ရှိသည်။

ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်နိုင်မည့် အချက်

အနည်းဆုံး အကျယ်အဝန်း စတုရန်းပေ ၂၀၀၀၀ ပေါ်တွင် ၆ ထပ်နှင့်အထက် အဆောက်အအုံများသာလျှင် ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ကွန်ဒိုမီနီယံဥပဒေအရ မှတ်ပုံတင်ပြီးဖြစ်သည့် စီမံကိန်းတစ်ခုသည် ၃၀ ရာခိုင်နှုန်း ပြီးစီးပါက စတင်ရောင်းချမှုများ ပြုလုပ်နိုင်သည်။

အဆောက်အအုံတစ်ခု၏ အခန်းပမာဏမှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ဝယ်ယူခွင့် ပေးအပ်ထားသည်။

ကွန်ဒိုမီနီယံ ဥပဒေအရ ဇန်နဝါရီလ အစောပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုအတွက် ကွန်ဒိုမီနီယံ စီမံခန့်ခွဲမှုကော်မတီများစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းခြင်းသည် ကွန်ဒိုမီနီယံ ဥပဒေသစ်ကို အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။

ကော်မတီသည် developer များကို လိုင်စင်များ ထုတ်ပေးရန် တာဝန်ရှိပြီး ဥပဒေပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ရေးနှင့် မြေကို စုပေါင်းပိုင်ဆိုင်ရေးတို့အတွက် ကွပ်ကဲရမည် ဖြစ်သည်။

နေကမ္ဘာဆောက်လုပ်ရေး

နေကမ္ဘာဆောက်လုပ်ရေး (NayGaBar Construction) သည် မြန်မာဆောက်လုပ်ရေး developer ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

လူနေစီမံကိန်းများစွာ အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် Royal Sin Min ကွန်ဒိုမီနီယံ၊ ၂၀၁၆ ခုနှစ်တွင် အခန်း ၂၂ ခန်းပါ ကွန်ဒိုဖြစ်သော Royal Aung Zay Ya Residence တို့ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။

နေကမ္ဘာသည် ပြီးခဲ့သော ဇန်နဝါရီလ ၉ ရက်တွင် ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီထံမှ ကွန်ဒိုစီမံကိန်းများ ဆောက်လုပ်ခွင့် လိုင်စင် ရရှိခဲ့ပြီး ဖြစ်သည်။

စေပိုင်ဆောက်လုပ်ရေး

စေပိုင်(Sae Paing Development)သည် မြန်မာဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည်။

စေပိုင်က အကောင်အထည်ဖော်နေသော စီမံကိန်းများမှာ Gonyi Residence (မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်)၊ Complex 45 (ဗိုလ်တထောင်၊ ရန်ကုန်)၊ မင်းဓမ္မဥယျာဉ်မြို့တော် (လှိုင်မြို့နယ်၊ ရန်ကုန်)၊ လမ်းသစ်ရိပ်သာ (လမ်းမတော်၊ ရန်ကုန်) တို့ ဖြစ်ကြသည်။

စေပိုင်ကုမ္ပဏီသည်လည်း ကွန်ဒိုမီနီယံဥပဒေအရ လိုင်စင်ကို ဇန်နဝါရီလ ၉ ရက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

Credit: Myanmar Real Estate 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service