အေဘရာဟမ်လင်ကွန်း နေထိုင်ခဲ့ရာ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ)

အေဘရာဟမ်လင်ကွန်း နေထိုင်ခဲ့ရာ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ) - Property News in Myanmar from iMyanmarHouse.com
27 Feb 2019 11:45 am တွင် တင်ခဲ့သည်
1221 ကြိမ် ကြည့်ရှု့ပြီး

အေဘရာဟမ်လင်ကွန်းနေထိုင်ခဲ့ရာ နေအိမ်သည် ဂျော့ခ်ျဝါရှင်တန်၏ စံအိမ်ဖြစ်သော မေရီလန်းပြည်နယ်၊ ပိုတိုမက်ခ်အရပ်ရှိ စံအိမ်ကြီး၊ သောမတ်စ်ဂျက်ဖာဆင်၏ စံအိမ်ကြီးများကဲ့သို့ ခမ်းနားထည်ဝါလှခြင်းမရှိချေ။

သို့စေကာမူ စပရင်းဖီးလ်ဒ်မြို့ကလေးရှိ အဆိုပါစံအိမ်ကို အများပြည်သူသို့ ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည့်ကာလမှ စတင်ပြီး ယနေ့တိုင် ဝင်ရောက်လေ့လာကြည့်ရှုသူ မစဲအောင်ရှိနေသည်။

အေဘရာဟမ်လင်ကွန်း၏ နေအိမ်ကို ဂရိရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၁၈၆၀ ပြည့်နှစ်က အသွင်သဏ္ဍာန်အတိုင်း ပြန်လည်မွမ်းမံတည်ဆောက်ထားသည်။

အေဘရာဟမ်လင်ကွန်းနှင့် ဇနီး မေရီလင်ကွန်းတို့သည် ယခုနေအိမ်တွင် ၁၇ နှစ်ခန့် နေထိုင်ခဲ့သည်။

၁၈၄၄ ခုနှစ်တွင် လင်ကွန်းတို့ မောင်နှံက ကန်ဒေါ်လာ ၁၂၀၀ ဖြင့် မြေနေရာကို ချားလ်စ် ဒရက်ဆာထံမှ ဝယ်ယူခဲ့သည်။

ချားလ်ဒရက်ဆာသည် အဆိုပါမြေကွက် မရောင်းချမီ ၂ နှစ်ခန့် (၁၈၄၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) တွင် အေဘရာဟမ်လင်ကွန်းနှင့် မေရီတော့ဒ်တို့၏ လက်ထပ်ပွဲသို့ တက်ရောက်ခဲ့သေးသည်။

မူရင်းဆောက်လုပ်ခဲ့သည့်နေအိမ်မှာ ယနေ့ခေတ်မြင်တွေ့နေရသည့် နေအိမ်အောက် များစွာသေးငယ်သည်။

“နေအိမ်ငယ်လေးဟာ ဆေးအဖြူသုတ်ထားပြီး အစိမ်းရောင် နေကာတွေ တပ်ဆင်ထားခဲ့တယ်။ နွေးထွေးပြီး လန်းဆန်းတဲ့ နေအိမ်လေးပါ။ မေရီက ဒီအိမ်လေးကို မြတ်နိုးပါတယ်။ သူက သိပ်လှသလို နေအိမ်ကလေးကလည်း သူ့လိုပါပဲ”ဟု မေရီ၏ တူမတစ်ဦးက ရေးသားခဲ့ဖူးသည်။

နောင်အခါတွင် မိသားစုကြီးထွားလာခြင်းကြောင့် လင်ကွန်းတို့ မိသားစုသည် အဆိုပါနေအိမ်ကို ၁၈၅၆ ခုနှစ်တွင် ၂ ထပ်နေအိမ်အဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့ကြသည်။

လင်ကွန်း၏ သား ၄ ဦးအနက် ၃ ဦးမှာ ယခုနေအိမ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက် သားဖြစ်သူ အက်ဒ်ဝါ့ဒ်မှာ ယခုနေအိမ်တွင် ၁၈၅၀ ခုနှစ်၌ ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၄ နှစ်အရွယ်သာ ရှိသေးသည်။

၁၈၆၀ ပြည့်နှစ်တွင် လင်ကွန်းသည် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရပြီးနောက် ပါတီအကြီးအကဲအဖွဲ့ကို ယခုနေအိမ်တွင် ဧည့်ခံခဲ့ဖူးသည်။

မေရီသည် ပန်းမန်များ မြတ်နိုးသူဖြစ်သော်လည်း ခြံဝန်းအတွင်း သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့သည်ဟူသော မှတ်တမ်းမှတ်ရာများ မရှိချေ။

လင်ကွန်း၏ အိမ်နီးချင်းအဖြစ် ကာလတာရှည်နေထိုင်ခဲ့ဖူးသူတစ်ဦးက ပြောကြားရာတွင် လင်ကွန်းတို့သည် ခြံဝန်းအတွင်း သစ်ပင်စိုက်ပျိုးခြင်း တစ်ခါမျှ မပြုလုပ်ခဲ့ဖူးကြောင်း ပြောကြားသည်။

မေရီထက် အသက်တစ်နှစ်သာကြီးသော အစ်မဖြစ်သူ ဖရန့်ဆက်စ် တော့ဒ် ဝေါလေ့စ်ကမူ လင်ကွန်းတို့အိမ်သို့ မကြာခဏလာရောက်ကာ နေအိမ်ရှေ့ကွက်လပ်တွင် ပန်းမန်များ စိုက်ပျိုးပေးလေ့ရှိသည်။

လင်ကွန်းသည် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်းကတည်းက ယခုနေအိမ်သို့ လာရောက်လည်ပတ်သူများပြားလာပြီး နိုင်ငံရေးဆိုင်ရာ ပွဲလမ်းများ မကြာခဏကျင်းပခဲ့သည်။

သမ္မတဖြစ်ပြီးနောက်ပိုင်း ၁၈၆၁ ခုနှစ်တွင် နေအိမ်ကို အငှားချထားလိုက်ပြီး ပရိဘောဂအများစုကို ရောင်းထုတ်လိုက်ကာ မိသားစုမှ မွေးမြူထားသော ခွေးကလေးကိုမူ အိမ်နီးချင်းတစ်ဦးထံ အပ်နှံထားခဲ့သည်။

လင်ကွန်း၏ နေအိမ်သည် နှစ်စဉ်လေ့လာသူများစွာ လာရောက်လေ့ရှိသော နေရာတစ်ခု ဖြစ်သည်။

လေ့လာလိုသူများအနေဖြင့် လက်မှတ်ကြိုတင်ရယူရမည် ဖြစ်သည်။

ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး လက်မှတ်များမှာ ဦးရာလူစနစ်ဖြင့် ထုတ်ပေးခြင်း ဖြစ်သည်။

လင်ကွန်း၏နေအိမ်ကို National Park Service မှ ထိန်းသိမ်းလည်ပတ်ပေးနေခြင်းဖြစ်ပြီး မနက် ၈း ၃၀ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားသည်။

ပိတ်ရက်များမှာ ဇန်နဝါရီလ ၁ ရက်၊ ကျေးဇူးတော်နေ့နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့တို့ ဖြစ်သည်။

ပိုမိုသိရှိလိုသူများအနေဖြင့် ဖုန်းနံပါတ် 217/492-4241 သို့ ဖုန်းခေါ်ဆို မေးမြန်းနိုင်သည့်နည်းတူ Superintendent, Lincoln Home National Historic Site, 413 S. 8th St., Springfield, IL 62703 လိပ်စာသို့လည်း စာရေးသား ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service