လယ်မြေပြဿနာများကို ဖြေရှင်းနေသော်လည်း အားနည်းချက်များကြောင့် ကြန့်ကြာနေဟုဝန်ကြီးဟောင်းဦးဆန်းဆင့်ပြော

လယ်မြေပြဿနာများကို ဖြေရှင်းနေသော်လည်း အားနည်းချက်များကြောင့် ကြန့်ကြာနေဟုဝန်ကြီးဟောင်းဦးဆန်းဆင့်ပြော - Property News in Myanmar from iMyanmarHouse.com
27 Feb 2019 11:13 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

သိမ်းဆည်းခံလယ်ယာ မြေများကို မူလတောင်သူများ ထံပြန်ပေးရန် နိုင်ငံတော်အစိုးရ က စစ်ဆေးဆောင်ရွက်နေသော် လည်း အားနည်းချက်များကြောင့် လက်ဝယ်ပြန်ပေးရန် အခက်အခဲ များရှိနေသည်ကို သုံးသပ်တွေ့ရှိ ကြောင်း သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်က ပြောကြား သည်။

ပန်းတတော်မြို့နယ် မြေနု ကျေးရွာတွင် ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ နှင့် မြေယာသိမ်းဆည်းခံတောင်သူများတွေ့ဆုံ၍ သတင်းစာရှင်း လင်းပွဲကျင်းပရာ ထိုရှင်းလင်းပွဲ တက်ရောက်သည့်တောင်သူ လယ်သမားများသမဂ္ဂ၏အကြံ ပေးပုဂ္ဂိုလ်ဝန်ကြီးဟောင်းဦးဆန်းဆင့်က ပြောခြင်းဖြစ်သည်။

‘‘တာဝန်ရှိတဲ့သူတွေက သိတယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင်မသိဘူး။ အောက်ခြေအဆင့်က တင်ပြတာတွေကိုပဲ ကြည့်ပြီးတော့ ဆုံးဖြတ်နေတယ်။ သိမ်းဆည်းခံရတဲ့သူတွေထက် သိမ်းဆည်းသူ တွေရဲ့တင်ပြချက်ကိုပဲ အလေးထားနေတယ်။ အဲဒါကို အမှန်လို့ ပဲ ယူဆနေတယ်’’ ဟု ဦးဆန်းဆင့် က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ မြေ သိမ်းခံရသောနေရာများကို လေ့လာသုံးသပ်ပါက နည်းစနစ်လေး မျိုးဖြစ်သည့် အာဏာဖြင့် သိမ်းဆည်းခြင်း၊ ငွေကြေးအသုံးချ၍ သိမ်းဆည်းခြင်း၊ အစိုးရနှင့်တွဲ၍ ဖော်ဆောင်သောစီမံကိန်းများ တွင် လုပ်ပိုင်ခွင့်ရသူက ထိုစီမံကိန်းအတွက် လိုအပ်သည်ထက်ပို သိမ်းခြင်း၊ ထို့အပြင် မြေစာရင်း ပုံစံအတု၊ ဂရန်အတုများ ပြုလုပ် ၍ အကွက်အမှတ်များကို လီဆယ်ချမှတ်ကာ သိမ်းဆည်းခြင်း လေ့လာတွေ့ရှိရကြောင်း ၎င်းကပြောသည်။

‘‘ကနေ့ ဒီမိုကရေစီအစိုးရ၊ လယ်ယာမြေများနဲ့ တောင်သူဘက်က ရပ်တည်ပေးနေတဲ့ အစိုးရလက်ထက်မှာတောင် မြေသိမ်း ခံနေရတာတွေက ခုအထိရှိနေတုန်းပဲ’’ ဟု ၎င်းကသုံးသပ်ပြောကြားသည်။

လက်ရှိအစိုးရသစ်လက် ထက်တွင် အဆိုပါကိစ္စရပ်များ ကိုဖြေရှင်းရန် လယ်/စစ်(လယ် ယာမြေနှင့်အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ)ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ မြေယာကိစ္စရပ်များကို ဖြေ ရှင်းဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာစွာဆောင်ရွက်ရမည်ဟု လမ်းညွှန်ခဲ့သည်။ ယင်းအပြင် မြေ/စစ်မူဝါဒ ၅၂ ချက်ကိုလည်း ချမှတ်ပေးခဲ့သည်။

သို့သော် သိမ်းဆည်းခံ တောင်သူများနှင့် ထိတွေ့မှုသည် စတင်စစ်ဆေးသည့်ရပ်ကျေးအဆင့်၌သာ ထိတွေ့မှုရှိနေပြီးထိုအဆင့်တွင် တောင်သူများကစာရွက် စာတမ်း၊ အထောက်အထားအ ပြည့်အစုံတင်ပြခဲ့ရကြောင်း ၎င်း ကပြောသည်။ စစ်ဆေးချက်များ သည် အချို့နေရာများတွင် မှန် ကန်သော်လည်း အချို့နေရာများ တွင် စစ်ဆေးမှုများနှင့် ပြောင်းပြန် ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဦးဆန်းဆင့်က ပြောသည်။

ထို့အပြင် အဆိုပါအဖွဲ့၌ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ၎င်းတို့သည် လွှတ်တော် ရေးရာကိစ္စရပ်များ၊ တာဝန်များ သူများဖြစ်၍ မြေယာကိစ္စများ စစ်ဆေးရာတွင် အချိန်ကြန့်ကြာမှု များရှိသည်ဟုဆိုသည်။ ထိုကြန့် ကြာမှုများကြောင့် တောင်သူများ တင်ပြထားသည့် အထောက်အထားစာရွက်စာတမ်းများပျောက် ဆုံးကာ အထောက်အထားတင် ပြနိုင်ခြင်းမရှိသူများအဖြစ် သတ်မှတ်ခံရ၍ စစ်ဆေးမှုများကို အဆုံးသတ်နေကြောင်း ဦးဆန်းဆင့် က ပြောသည်။

ထိုဖြစ်ရပ်များသည် အ ထောက်အထားအချက်အလက် ခိုင်မာစွာဖြင့်ရှိနေပြီး သင့်လျော် သောအချိန်တွင် အဆိုပါအ ထောက်အထားများကို ရှင်းလင်းပေးမည်ဖြစ်ကြောင်း ဦးဆန်းဆင့်က ဆက်လက်ပြောကြားသည်။

 

 Credit: 7Daydaily

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service