ချေးငွေကို ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ်

ချေးငွေကို ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
26 Feb 2019 12:40 pm တွင် တင်ခဲ့သည်
2597 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကျွန်မ၏ အလုပ်သင် ၊ ပညာတပည့်မလေးများဖြစ်သည့် ညိုမီလှိုင်နှင့် မေးသူတို့သည် ကျွန်မ၏ရှေ့နေရုံးခန်းသို့ ခရီးရောက်မဆိုက်ပင် မေးခွန်းများနှင့် ကြိုဆိုကြေပါသည် ။ သူတို့ သိလိုသည်မှာ ချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ်သည် တရားဝင်မဝင်နှင့် အကယ်၍စာချုပ်ပါ စရန်ငွေအား ပြန်ပေးရင် သင့်မသင့်ကို နည်းလည်လိုကြ၍ မေးမြန်းကြခြင်း ဖြစ်ပါသည် ။ ကျွန်မက “ ကဲ သမီးတို့ သိလိုတဲ့ကိစ္စကို ဆရာမအနေနဲ့ စီရင်ထုံးနှင့်တကွရှင်းပြပေးပါ့မယ် ။ “ ဒေါ်သန်းတင်နှင့် ဒေါက်တာခင်မောင်ဝင်းပါ ၂ အမှု ၊ ၁၉၈၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၉၆ ” မှာ ကြည့်ရင် အဓိကအားဖြင့်တော့ ဟန်ဆောင်စာချုပ်ကို ဥပဒေအရ အတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ်မမြောက်ပါလို့ သိထားပါမယ် “ ”

“ သမီးတို့ ပိုပြီးနားလည်အောင် ဆရာပြောရရင်တော့ “ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ (ခေါ်) ဒေါ်လီလီလှိုင် ၊ ၂၀၁၁ ခုနှစ် ၊ တရားမဒုတိယအယူခံမှုအမှတ် ၂၂၄ ၊ ၂၀၁၂ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၂၇ ” မှာကတော့ ချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ်အပေါ် အခြခံစွဲဆိုသောအမှုတွင် စာချုပ်ပါ စရန်ငွေကို ပြန်ပေးရင် သင့်မသင့်ကို ဆုံးဖြတ်ထားပါတယ် ။ ”

“ အမှုဖြစ်စဉ်ကို ရှင်းပြရရင် ၊မန္တလေးတိုင်းဒေသကြီး တရားရုံး၏ ၂၀၀၉ ခုနှစ် ၊ တရားမမှုကြီးအမှတ် ၁၉၀ တွင် ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်က ဒေါ်အေးအေးအပေါ် ပဋိညာဉ် အတိုင်း ကျန်ငွေ ၁၀၅၂.၅ သိန်း လက်ခံ၍ မြေနှင့်အဆောက်အအုံကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး လက်ရောက်ပေးအပ်စေရန် ၊ ထိုသို့မဖြစ်နိုင်ပါက တရားပြိုင်ရယူထားသော ငွေကျပ် ၁၉၄၇.၅ သိန်း ကို ရုံးတော်က ခွင့်ပြုသည့် အတိုးနှင့် ပြန်ပေးရန် လျှောက်ထားစွဲဆိုရာ ငွေကျပ် ၁၉၄၇.၅ သိန်းကို စရိတ်နှင့်တကွ ပေးစေရန် ဒီကရီရရှိတယ် ။ဒေါ်အေးအေးက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၏ ၂၀၁၁ ခုနှစ် ၊ တရားမ ပထမအယူခံမှု အမှတ် ၈၂ တွင် အယူခံသော်လည်း မအောင်မြင်၍ ဤအမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းခဲ့ပါတယ် ”

“ အမှုတွင် အယူခံတရားပြိုင် ဒေါ်နန်းလီ (ခ)ဒေါ်လီလီလှိုင်ထံမှ ငွေများ အကြိမ်ကြိမ် ချေးယူခဲ့ပြီး ၄င်းအမည်ပေါက် မန္တလေးတိုင်း ၊ ချမ်းအေးသာဇံမြို့နယ် ၊ ကဉ္စနမဟီရပ်ကွက် ၊ ဦးပိုင်အမှတ် ၄၂-က ၊ ဧရိယာ ၀.၀၃၁၁ ဧကရှိ မြေနှင့်အဆောက်အအုံကို ရောင်းချကာ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုသဖြင့် စောင့်ဆိုင်းပေးခဲ့ကြောင်း ၊ အယူခံတရားလိုဒေါ်အေးအေးသည် ၁၅-၆-၂၀၁၈ ရက်နေ့က ၄င်းချေးယူငွေများကို ပြန်လည်ပေးအပ်ခြင်း မပြုနိုင်သဖြင့် အချင်းဖြစ်မြေနှင့် အဆောက်အအုံကို ကျပ်သိန်း ၃၀၀၀ ဖြင့် ရောင်းချလိုကြောင်း ၊ ကမ်းလှမ်းလာရာ နှစ်ဦးသဘောတူ စရန်ငွေကျပ် ၁၉၄၇.၅ သိန်း လက်ခံရယူပြီး အရောင်းအဝယ်စရန်ပေးကတိစာချုပ်ချုပ်ဆိုကြောင်း ၊ အချင်းဖြစ်အိမ်မြေပိုင်ဆိုင်မှု စာရွက်စာတမ်း များပါ ပေးအပ်ခဲ့ကြောင်း ၊ ၁၅-၉-၂၀၀၈ နေ့တွင် ကျန်ငွေ ပေးချေသည်ကို လက်ခံ၍ အိမ်နှင့်မြေ မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ချုပ်ပြီး လက်ရောက်ပေးအပ်ရန် နှစ်ဖက်သဘောတူကြကြောင်း ၊ယင်းသတ်မှတ်ရက်ကျော်လွန်ပြီးနောက်ပိုင်း ဒေါ်အေးအေးကို ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် ပြောသော်လည်း တစ်စုံတစ်ရာဆောင်ရွက်မပေးသဖြင့် ယခုအမှုစွဲဆိုရကြောင်း အဆိုပြုတယ် ”

“ အယူခံတရားလို ဒေါ်အေးအေးတင်ပြသည်မှာ ဒေါ်နန်းလီထံမှ ငွေ ၁၀၀ ကျပ်လျှင် ၅ ကျပ်အတိုးဖြင့် မြေနှင့်အိမ်ကို အပေါင်ထားပြီး ငွေကျပ် သိန်း ၅၀၀ ကို ချေးယူခဲ့ခြင်းဖြစ်ကြောင်း ၊ မြေနှင့်အိမ်ကို ရောင်းချရန် ကတိမပြုကြောင်း ၊ အချင်းဖြစ်မြေနှင့် အိမ်ကို ဒေါ်အေးအေးနှင့် ကွယ်လွန်သူ ၄င်း၏ခင်ပွန်းတို့က အရွယ်မရောက်သေးသူ သမီးမေသက်ခိုင်အား မှတ်ပုံတင်စာချုပ်အမှတ် ၂၃၆၁ /၉၉ အရ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ မမေသက်ခိုင် အရွယ်ရောက်နေပြီလည်းဖြစ်ကြောင်း ၊ အိမ်မှာ အုပ်ထိန်းသူဆိုသော်လည်း သမီးပိုင်ဆိုင်သော အချင်းဖြစ်အိမ်နှင့်မြေကို သမီးနစ်နာအောင် ရောင်းချခွင့်မရှိပါကြောင်း ချေပခဲ့ပါတယ် ”

“ ဆက်လက်၍ ငွေကျပ်သိန်း ၃၀၀၀ နှင့် ရောင်းချရန် သဘောတူပြီးစရန်ငွေကျပ် ၁၉၄၇.၅ သိန်း ယူခဲ့သည်ဆိုရာတွင် မှန်ကန်ခြင်းမရှိကြောင်း တရားပြိုင် ဒေါ်နန်းလီ၏ဆန္ဒအတိုင်း အလားတူအရောင်းအဝယ်စာချုပ်များကို ၁၅-၈-၂၀၀၆ ရက်နေ့မှ ၁၅-၆-၂၀၀၈ နေ့အထိ (၆)ကြိမ်း ချုပ်ပေးခဲ့ရကြောင်း ၊ချေးငွေ အပေါ် အတိုးအရင်းပေါင်း၍ အိမ်နှင့်မြေကို သိမ်းယူနိုင်ရန် ကြံစည်ပြီး အမှုစွဲဆိုခြင်းဖြစ်ကြောင်း တင်ပြပါတယ် ”

“ အမှု၌ အယူခံတရားလို ဒေါ်အေးအေးနှင့် အယူခံတရားပြိုင် ဒေါ်နန်းလီတို့သည် အချင်းဖြစ် အိမ်မြေနှင့် ပတ်သက်၍ စာချုပ်များကို စရန်ပေးငွေအဆင့်ဆင့် တိုးတက်ပြီး အကြိမ်ကြိမ်ချုပ်ဆိုခဲ့ကြသည့်အပြင် စာချုပ်တိုင်းတွင် “ရောင်းသူမှ ပြန်လည်ဝယ်ယူလိုပါက ယခုရောင်းချဈေး xxxx နှင့်ပင် ပြန်လည်ရောင်းချပါမည်ဟု ဝန်ခံကတိပြုပါသည် ” ဟူ၍ ဖော်ပြသည်ကို တွေ့ရတယ် ။ အယူခံတရားပြိုင်ဒေါ်နန်းလီကိုယ်တိုင် ပြန်လှန်စစ်ဆေးချက်တွင် “ အဆိုပါ သက်သေခံ (က) စရန်ငွေ ကျပ် ၁၉၄၇၅၀၀၀၀/- ကို စာချုပ်ချုပ်သည့်လည်းကောင်း ၊ ထွက်ဆိုချက် စာမျက်နှာ(၆)တွင် ” “ တို့ကြောင့် သက်သေခံ (၁) စရန်ပေး ၅ ကျပ်တိုးနှင့် ချေးသည့်အတွက် ချုပ်ဆိုထားသည့် ဟန်ဆောင်စာချုပ်ဖြစ်သည်ဆိုလျှင် ရောင်းပေါင်စာချုပ် ဖြစ်ပါသည်” ဟုလည်း ကောင်း ဝန်ခံထွက်ဆိုထားပါတယ် ။

“ ဖော်ပြပါ အချက်အလက်များကို ထောင့်ရှုခြင်းဖြင့် သက်သေခံ (က)နှင့် (၁၃) အိမ်ခြေအရောင်းအဝယ် စရန်ပေးစာချုပ်သည် အမှန်စင်စစ် ရောင်းချရန်ရည်ရွယ်ချုပ်ဆိုသည့် စာချုပ်မဟုတ်ဘဲ ချေးငွေအတွက် ဟန်ဆောင်ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်နေပါတယ် ”

“ ဟန်ဆောင်စာချုပ်ကို ဥပဒေအရအတည်ပြူခွင့် မရှိသဖြင့် ပဋိညာဉ်မမြောက်ကြောင်းကို ဒေါ်သန်းတင်နှင့် ဒေါက်တာခင်မောင်ဝင်းပါ-၂ အမှုတွင် ကြည့်နိုင်ပါတယ် ”

“ အမှုတွင် ပေါ်လွင်ထင်ရှားရှိသည့်သက်သေခံအချက်များနှင့် အယူခံတရားပြိုင် ဒေါ်နန်းလီ (ခ) ဒေါ်လီလီလှိုင်ကိုယ်တိုင် ထွက်ဆိုဝန်ခံထားသည့် အချက်များသည် ဥပဒေကြောင်းအရ ၊ မည်သို့အကျိုးသက်ရောက်မှု ရှိသည်ကို သုံးသပ်ရန်ပျက်ကွက်ခဲ့ခြင်းဖြစ်သဖြင့် ဒုတိယအယူခံရုံးအနေဖြင့် မူလရုံးနှင့် ပထမအယူခံရုံးတို့၏ ကောက်ယူဆုံးဖြတ်ချက်အပေါ် ဝင်ရောက်စွက်ဖက်ရမည် ဖြစ်တယ် ”

“ ယခုအမှုမှာ ချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ် ၊ ဖန်တီးထားသည့် ဟန်ဆောင်စာချူပ်အပေါ်အခြေခံစွဲဆိုသော အမှုဖြစ်ကြောင်း ပေါ်ပေါက်တယ်၊ ဟန်ဆောင်ချုပ်ဆိုထားသော စာချုပ်နှင့် ပတ်သက်၍ စွဲဆိုသောအမှုကို ခိုင်မာသော အခြေခံမရှိသဖြင့် ပလပ်ရန်ဖြစ်ကြောင်းကို “ ဦးသိန်းအောင်နှင့် ဦးဘသိုက်ပါအမှု ၊ ၁၉၆၆ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ - ၁၁၁၁ ” နှင့် “ ဦးခွေး နှင့် ဦးအေးပါ ၂ အမှု ၊ ၁၉၆၅ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၁၁၆ ” တို့တွင် ညွှန်ပြထားပါတယ် ”

“ ထို့ကြောင့် ဤအယူခံအမှုကို ခွင့်ပြူပြီး မူလမန္တလေးတိုင်းဒေသကြီး တရားရုံး၏ စီရင်ချက်နှင့် ဒီကရီ ၊ ယင်းစီရင်ချက် နှင့် ဒီကရီကို အတည်ပြုသော မန္တလေးတိုင်းဒေသကြီး ၊ တရားလွှတ်တော်၏ စီရင်ချက်နှင့် ဒီကရီတို့ကို ပယ်ဖျက်ပြီး ဒေါ်နန်းလီ ၉ခ)ဒေါ်လီလီလှိုင် စွဲဆိုသောအမှုကို စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ”

“ အဲဒီစီရင်ထုံးအတိုင်း သမီးတို့သိတဲ့ပြဿနာလေးတွေကို နားလည်သွားလိမ့်မယ်လို့ ဆရာမပြောပါရစေ ” ဟု လမ်းညွန်ပြသခဲ့ရပါတော့သည် ။

Credit: ကြာညိုသင်း (ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service