လယ်ယာမြေကို အခြားအသုံးပြုခွင့် မလျှောက်သည့် လုပ်ငန်းများကို ဒဏ်ရိုက်မည်

လယ်ယာမြေကို အခြားအသုံးပြုခွင့် မလျှောက်သည့် လုပ်ငန်းများကို ဒဏ်ရိုက်မည် - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 12:06 pm တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး

လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်ပြုရန် လျှောက်ထားခြင်းမရှိဘဲ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို မြေတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားရန်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

''ဒဏ်ကြေးတွေကို ဒေသပေါက်ဈေးရဲ့ ၃ဝ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ စိတ်ကူးပါတယ်။ ဆိုလိုတာက သိန်း ၁,ဝဝဝ တန်တဲ့နေရာဖြစ်ခဲ့ရင် သိန်း ၃ဝဝ ချလိုက်မယ်ပေါ့။ အရင်ကလို ၁ဝ သိန်း မချတော့ဘူး''ဟု ၄င်းက ပြောသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသွားသော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေးတွင်း ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေများပေါ်တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုရန်အတွက် လျှောက်ထားရယူခြင်းမရှိဘဲ စီးပွားရေးအလို့ငှာ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အများအပြားရှိနေသည်။

''အချို့ပုဂ္ဂိုလ်တွေက ခွင့်ပြုချက်မတောင်းခင် ကြိုလုပ်ထားတယ်။ ဆီသမားကလည်း စက်သုံးဆီဆိုင် ဖွင့်ရောင်းနေတယ်။ နောက်မှတင်မယ်ပေါ့။ အဲဒါမျိုးကျရင် ဒဏ်ကြေးချရမယ်''ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက မြန်မာတိုင်း(မ်)သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။

အထူးသဖြင့် လယ်ယာမြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်ရယူထားခြင်းမရှိဘဲ စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေခြင်း၊ လူနေအိမ်မြေကွက်များ အကွက်ရိုက် ရောင်းနေခြင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ ဖွင့်လှစ်ထားခြင်း စသည့်ကိုယ်ကျိုးစီးပွားကို ဦးတည်သည့်လုပ်ငန်းများကို ကာလပေါက်ဈေး၏ ၃ဝ ရာခိုင်နှုန်း ဒဏ်ရိုက်သွားရန် ရှိနေသည်။

''၃ဝ ရာခိုင်နှုန်းဆိုတာ စီးပွားရေးလုပ်ငန်းတွေကို ပြောတာ။ လူနေအိမ် သို့မဟုတ် တကယ့်စီးပွားရေးလုပ်ငန်းလုပ်တာမျိုးဆိုရင် ဒီမြေက တန်ဖိုးတက်သွားမှာဖြစ်လို့ တက်လာတဲ့ တန်ဖိုးနဲ့အညီ တန်ဖိုးသတ်မှတ်ပြီး အဲဒီအပေါ် မှာ ၃ဝ ရာခိုင်နှုန်း ကောက်ချင်တာ''ဟု ဦးမျိုးတင့်ထွန်းက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာလဒေသပေါက်ဈေး သတ်မှတ်ချက်ရှိထားပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိုကဲ့သို့ ခွင့်ပြုချက်မယူဘဲ ကြိုတင်ဆောင်ရွက်ထားသော စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆောက်ထားပြီးဖြစ်သော အဆောက်အအုံများကို ဖယ်ရှားဖျက်ဆီးပစ်ရန်အထိ အရေးယူရန်ကိုမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ခံမထားပေ။

''ဆောက်ပြီးပြီးဆိုရင်တော့ ဖျက်တာကြီးက သိပ်သဘာဝမကျဘူးဆိုတဲ့ စကားဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်၏စကားကို ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထိရောက်သည့်ပြစ်ဒဏ် ချမှတ်ရန် ညွှန်ကြားထားသောကြောင့် နောင်တွင် ထပ်မံကျူးလွန်ဆောင်ရွက်ခြင်းမပြုရန် နမူနာအနေဖြင့် ဆောင်ရွက်ရမည့် သဘောလည်းရှိကြောင်း ၄င်းက ထပ်လောင်းပြောဆိုသွားသည်။

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲလျက်ရှိသည့် လယ်ယာကဏ္ဍနှင့်နွှယ်သော လုပ်ငန်းများကိုမူ ကျပ်သုံးသောင်းနှုန်း ဒဏ်ရိုက်သွားရန် ဆွေးနွေးလျက်ရှိသည်။

''လယ်ယာကဏ္ဍနဲ့ပတ်သက်တဲ့ လုပ်ငန်းဆိုရင်တော့ ဥပမာ ငါးကန်လိုမျိုးပေါ့။ သုံးသောင်းပဲ ချချင်တဲ့သဘောရှိတယ်''ဟု ပြည်ထောင်စုဝန်ကြီး၏ ဆွေးနွေးချက်ကို ဦးမျိုးတင့်ထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

အထူးသဖြင့် ငါးမွေးမြူခြင်းသည် လယ်ယာကဏ္ဍတွင် ပါဝင်လာသောကြောင့် ငါးမွေးကန်များ၊ သီးနှံဂိုဒေါင်များ၊ စက်မှုလယ်ယာစခန်းများကို ဒဏ်ကြေးအဖြစ် ကျပ်သုံးသောင်း ရိုက်သွားရန် ရှိနေသည်။

အဆိုပါ လယ်ယာကဏ္ဍနှင့် နှီးနွှယ်သော လုပ်ငန်းများကို ကျပ်သုံးသောင်း ဒဏ်ရိုက်ရေးနှင့် ပတ်သက်ပြီး အစည်းအဝေးတွင် အမြင်ကွဲပြားလျက်ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းများကို ၃ဝ ရာခိုင်နှုန်း ဒဏ်ရိုက်ရေးကို သဘောတူကြသည်ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

''၃ဝ ရာခိုင်နှုန်းကိစ္စကိုတော့ တော်တော်များများ သဘောတူကြတယ်''ဟု ၄င်းက ပြောသည်။ ထို့ကြောင့် လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့ လုပ်နေသည့် စီးပွားရေးလုပ်ငန်းများကို ဒေသပေါက်ဈေး၏ ၃ဝ ရာခိုင်နှုန်း ဒဏ်ရိုက်ရေးမှာ အတည်ဖြစ်ရန် ရှိနေသည်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service