အမေရိကန်ပြည် အယ်လ်ဘားမားပြည်နယ်၏ မြို့တော်ဖြစ်ခဲ့ဖူးပြီး ၁၉၀၀ ပြည့်ခန့်ကပင် လူသူကင်းမဲ့သွားသော တစ္ဆေမြို့တော်ကြီး

အမေရိကန်ပြည် အယ်လ်ဘားမားပြည်နယ်၏ မြို့တော်ဖြစ်ခဲ့ဖူးပြီး ၁၉၀၀ ပြည့်ခန့်ကပင် လူသူကင်းမဲ့သွားသော တစ္ဆေမြို့တော်ကြီး - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 11:45 am တွင် တင်ခဲ့သည်
1428 ကြိမ် ကြည့်ရှု့ပြီး

လူသူကင်းမဲ့နေပြီဖြစ်သော တစ္ဆေမြို့ကြီးများသည် ခေတ်သစ်မြို့ပြများထက် စိတ်ဝင်စားဖွယ်ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုလျှင် တစ္ဆေမြို့ကြီးများနှင့် စပ်လျဉ်းသည့် ပုံတမ်းပုံပြင်များ၊ ဒဏ္ဍာရီများ အသီးသီးရှိနေကြခြင်းကြောင့် ဖြစ်လေသည်။

ကာဟာဘာ (Cahaba) သည် ယင်းသို့သော မြို့ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်၏။

အယ်လာဘားမားပြည်နယ်၊ ဆယ်လ်မာမြို့၏အနောက်တောင်ဘက် ဒါးလက်စ်ခရိုင်တွင်တည်ရှိသော ကာဟာဘာ တစ္ဆေမြို့ကြီးသည် ၁၈၂၀ ပြည့်နှစ်မှ ၁၈၂၅ ခုနှစ်အထိ ပြည်နယ်မြို့တော်ဖြစ်ခဲ့ဖူးသည်။

တစ်နေ့သောအခါတွင်မူ ကြောက်မက်ဖွယ် ရေလွှမ်းမိုးမှုဘေးကြီး ကျရောက်မှုကြောင့် တပ်စ်ကာလူးဆာ (Tuscaloosa) မှာ ပြည်နယ်မြို့တော် ဖြစ်လာခဲ့သည်။

နောင်အခါ မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးကောင်းမွန်လာပြီး ဝါဂွမ်းလုပ်ငန်းမှာလည်း ဖြစ်ထွန်းအောင်မြင်လာသောကြောင့် ကာဟာဘာသည် ပြန်လည်ရုန်းထလာသည်။

၁၈၄၀ ပြည့်မှ ၁၈၅၀ ပြည့်လွန်ကာလများအကြား ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေး ဗဟိုချက်၊ ဝါဂွမ်းဖြန့်ဖြူးရာ အချက်အခြာနေရာ ဖြစ်လာခဲ့ပြန်သည်။

ဝါဂွမ်းများကို အယ်လာဘားမားပြည်နယ်၊ မိုဘိုင်းခရိုင်ရှိ ဆိပ်ကမ်းသို့ မြစ်ကြောင်းမှတဆင့် သင်္ဘောဖြင့် ပို့ဆောင်ကြသည်။

နောင်နှစ်ပေါင်းအတန်ကြာ ကာဟာဘာ၏ အလားအလာမှာ များစွာကောင်းမွန်နေခဲ့သော်လည်း အမေရိကန်ပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာမှုအပြင် ရေလွှမ်းမိုးမှုများလည်း ထပ်မံပေါ်ပေါက်လာခြင်းကြောင့် ကာဟာဘာမြို့ကြီး ပျက်သုဉ်းခဲ့ရသည်။

ကာဟာဘာမြို့၊ အာ့ခ်ျလမ်းပေါ်ရှိ အလွန်ကြီးမားသော ဝါဂွမ်းဂိုဒေါင်ကြီးကို ကက်စ်တယ်လ် မော်ဂန် အကျဉ်းထောင်ကြီးအဖြစ် အသုံးပြုခဲ့သည်။

၁၈၆၃ ခုနှစ်မှ ၁၈၆၅ ခုနှစ်အကြား ပြည်ထောင်စုစစ်သည် ၃၀၀၀ ခန့်မှာ ကက်စ်တယ်လ် မော်ဂန်အကျဉ်းထောင်ကြီးတွင် အကျဉ်းကျခံခဲ့ကြရသည်။

ကာဟာဘာမြို့ကြီးအတွက် ကံဆိုးမိုးမှောင်များမှာ ထိုမျှဖြင့် ရပ်တန့်မနေခဲ့။

၁၈၆၅ ခုနှစ်တွင် ရေလွှမ်းမိုးမှု အကြီးအကျယ်ကြုံရပြန်ရာ ကာဟာဘာအတွက် ပိုမိုခက်ခဲလာခဲ့သည်။

နောင်တစ်နှစ်အကြာတွင်ကား ဆယ်လ်မာမြို့သို့ မြို့သူမြို့သားများ၊ စီးပွားရေးလုပ်ငန်းများအားလုံး ပြောင်းရွှေ့ခဲ့ကြသည်။

ယင်းနောက်ပိုင်း မြို့တွင်းရှိ လူနေအိမ်များ၊ ဘုရားကျောင်းများမှာ လူသူကင်းမဲ့သွားကြသည်။

ပြည်တွင်းစစ်ကြီးပြီးဆုံးသွားပြီးနောက် အမေရိကန်ပြည်ကို ပြန်လည်ထူထောင်နေချိန်တွင် ကျွန်ဘဝမှ လွတ်မြောက်လာသည့် မိသားစုများသည် ကာဟာဘာတွင် ဝင်ရောက်အခြေချနေထိုင်ကြခြင်းကြောင့် ပြန်လည်အသက်ဝင်လာခဲ့သော်လည်း ကာလမရှည်ခဲ့။

လူသူကင်းမဲ့နေသော မြို့တွင်းနေရာများကို စိုက်ခင်းများ၊ ပန်းဥယျာဉ်များအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် အခြေချနေထိုင်သူများ၊ စိုက်ခင်းများပြန်လည်ကင်းမဲ့သွားပြန်သည်။

ထိုအချိန်မှစပြီး ကာဟာဘာသည် လူသူကင်းမဲ့သော တစ္ဆေမြို့တော်ကြီးအဖြစ်သာ ရှိနေတော့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service