လန်ဒန်တွင် တည်ရှိသော ရိုက်တာသတင်းဌာနအဆောက်အအုံကြီးကို တရုတ် developer HNA Group က ပေါင် ၁၃၅ သန်းဖြင့် ပေကျင်းအခြေစိုက် developer ထံရောင်းချရန် ဆွေးနွေးလျက်ရှိ

လန်ဒန်တွင် တည်ရှိသော ရိုက်တာသတင်းဌာနအဆောက်အအုံကြီးကို တရုတ် developer HNA Group က ပေါင် ၁၃၅ သန်းဖြင့် ပေကျင်းအခြေစိုက် developer ထံရောင်းချရန် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 11:26 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး

ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးအထိ ကြွေးမြီများတင်ရှိခဲ့သောကြောင့် ပြည်ပအိမ်ခြံမြေများစွာကို ပြန်လည်ရောင်းထုတ်နေရသည့် တရုတ်အခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော HNA Group သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တည်ရှိသော ရိုက်တာသတင်း ဌာန အဆောက်အအုံကြီးကို ပေကျင်းအခြေစိုက် developer ထံ ပေါင် ၁၃၅ သန်းဖြင့် ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရိုက်တာသတင်းဌာန အဆောက်အအုံကြီးမှာ လန်ဒန်မြို့၊ ကန်နရီ ဝါ့ဖ်အရပ်တွင် တည်ရှိပြီး အမြင့် ၆၂ မီတာ ( ၂၀၃ ပေ) ရှိပြီး ၁၉၉၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

စုစုပေါင်း အထပ် ၁၃ ထပ်ပါဝင်ပြီး မြေအောက်ထပ်၊ မြေညီထပ်နှင့် မြေညီထပ်၏ အပေါ်တွင် တည်ရှိသော mezzanine level ဟု ခေါ်သည့်အထပ်၊ အပေါ် ၁၀ ထပ်တို့ ဖြစ်သည်။

ရိုက်တာသတင်းဌာနက အဆိုပါအဆောက်အအုံကြီး၏ နေရာအများစုကို ၂၀၀၅ ခုနှစ်တွင် စတင်ငှားရမ်းခဲ့ကာ သွမ်ဆမ် ရိုက်တာ ကော်ပိုရေးရှင်း၏ ဥရောပရုံးချုပ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အငှားသက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ဖြစ်သည်။

တရားဝင်အမည်အားဖြင့် 30 South Colonnade ဟုခေါ်သော အဆောက်အအုံကြီးကို HNA Group က ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယခုရောင်းချမည့်ဈေးနှုန်းမှာ ဝယ်ယူခဲ့စဉ်က တန်ဖိုးအောက် ၆၀ ရာခိုင်နှုန်းခန့် နည်းပါးနေသည်ဟု ဆိုသည်။

စတုရန်းပေ ၃၀၅၀၀၀ ( ၂၈၃၃၅ စတုရန်းမီတာ ) ကျယ်ဝန်းသော ရုံးအဆောက်အအုံကြီးကို လန်ဒန်ရှိ HNA ပိုင် အခြားအဆောက်အအုံတစ်ခုနှင့် တွဲဖက်ကာ ရောင်းချမည်ဖြစ်ပြီး ဝယ်လက်မှာ ပေကျင်းအခြေစိုက် Cindat Capital Management ကုမ္ပဏီ ဖြစ်သည်။

Cindat Capital Management သည် ရိုက်တာရုံးချုပ်အဆောက်အအုံကို ဝယ်ယူရန်ဆွေးနွေးနေခြင်းနှင့်အတူ လန်ဒန်မြို့အရှေ့ပိုင်း ၊ သိမ်းမြစ်ကမ်းအနီးရှိ Columbus Courtyard ဝန်းအတွင်း ခြံအမှတ် ၁၇ ရှိ ရုံးအဆောက်အအုံတစ်ခုကိုလည်း ဝယ်ယူရန် ဆွေးနွေးနေသည်။

Columbus Courtyard ဝန်း အဆောက်အအုံကိုလည်း HNA က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ပေါင်သန်း ၁၄၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service