၂၀၃၀ ပြည့်နှစ်မကုန်မီ မဂ္ဂါစီးတီးအသစ် ၁၀ မြို့ ပေါ်ထွက်လာမည်

၂၀၃၀ ပြည့်နှစ်မကုန်မီ မဂ္ဂါစီးတီးအသစ် ၁၀ မြို့ ပေါ်ထွက်လာမည် - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 10:40 am တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိကမ္ဘာပေါ်တွင် မဂ္ဂါစီးတီး (လူဦးရေ ၁၀ သန်းကျော်ရှိသည့် မြို့ပြ) ၃၃ ခုအနက် ၂၂ ခုမှာ အာရှတိုက်နှင့် အာဖရိကတိုက်တို့မှ ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်မကုန်မီ ၎င်းတိုက်ကြီးနှစ်တိုက်မှ မဂ္ဂါစီးတီး ၉ ခု ပေါ်ထွက်လာဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂအချက်အလက်များကို ကိုးကား၍ ကမ္ဘာ့စီးပွားရေးဖိုရမ်က အစီရင်ခံထုတ်ပြန်ခဲ့သည်။

အာရှမှ ဆိုးလ်၊ ဟိုချီမင်းစီးတီး၊ ချန်ဒူ၊ နန်ကျင်း၊ ဟိုက်ဒရာဘတ်၊ အမီဒါဘတ်နှင့် တီဟီရန်မြို့တို့သည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူဦးရေ ၁၀ သန်းကျော်ရှိလာမည်ဖြစ်ကြောင်း ထိုကုလအချက်အလက်များက ပြသခဲ့သည်။

အာဖရိကတွင် တစ်နှစ်လျှင် လူငါးသိန်းနှုန်းဖြင့် လူဦးရေတိုးလာသည့် လူအန်ဒါနှင့် ဒါအက်ဆလမ်တို့ကလည်း ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူဦးရေ ၁၀ သန်းကျော်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

"မဂ္ဂါစီးတီးအရေအတွက်မြင့်တက်လာတယ်ဆိုတာဟာ ကမ္ဘာတစ်ဝန်းမြို့ပြပြုမှုတွေအရှိန်မြင့်လာခြင်းရဲ့ အထင်ရှားဆုံးသက်သေပါပဲ" ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အဲလက်စ်သွန်တန်က ပြောကြားခဲ့သည်။

"ဒီကနေ့မှာ ကျွန်တော်တို့လူသားတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ မြို့ပြဧရိယာတွေမှာ နေထိုင်ပါတယ်။ အရေအတွက်အားဖြင့် ၄ ဒသမ ၂ ဘီလျံ ရှိပါတယ်။ အဲ့ဒီအချိုးဟာ နောက်ထပ်မျိုးဆက်မှာ ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာာနိုင်ပါတယ်။ ကျပ်တည်းနေပြီးသားမြို့ပြတွေမှာ လူ ၂ ဒသမ ၅ ဘီလျံလောက် ထပ်တိုးလာနိုင်တဲ့သဘောပေါ့" ဟုလည်း သူက ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်မကုန်မီ လူဦးရေ ၃၉ သန်း ရှိလာမည့် ဒေလီသည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ပြအဖြစ် တိုကျိုအား ၂၀၂၈ ခုနှစ်တွင် ကျော်တက်တော့မည်ဟု ခန့်မှန်းရသည်။ ၂၀၅၀ ပြည့်နှစ်မကုန်မီ မြို့ပြလူဦးရေသစ် ၄၁၆ သန်း ရှိလာမည့် အိန္ဒိယသည် နိုင်ငံများအကြား မြို့ပြပြုမှုတွင် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။

လန်ဒန်က ၂၀ ရာစုနှစ်ဝက်မှစတင်ကာ လူဦးရေကျဆင်းမှုကာလကို အဆုံးသတ်စေကာ ၂၀၃၀ ပြည့်နှစ်မကုန်မီ မဂ္ဂါစီးတီးဖြစ်လာမည့် အာရှနှင့် အာဖရိကပြင်ပ တစ်ခုတည်းသောမြို့ပြဖြစ်လာမည်ဖြစ်သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service