ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ပူးပေါင်း၍ နေရေးအခက်အခဲဖြစ်မှုကိုဖြေရှင်းပေးမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ပူးပေါင်း၍ နေရေးအခက်အခဲဖြစ်မှုကိုဖြေရှင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 10:33 am တွင် တင်ခဲ့သည်
3631 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီနှင့် ပူးပေါင်းထားသည့် Yangon Metropolitan Development Company တို့ပူးပေါင်း၍ ပြည်သူများ၏နေရေးအခက်အခဲဖြစ်မှုကိုဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂၄ တွင်ပြောသည်။

ရန်ကုန်မြို့ အိမ်ရာအရောင်းပြခန်း (Yangon City Gallery) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါ၇ီ ၂၄ နံနက်(၇)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ အဆောက်အဦ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ရာ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် " ဒီနေ့ဟာ ရန်ကုန်မြို့တော်ကြီးအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့မှာ နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေတဲ့ သူတွေအားလုံးကို ဖြေရှင်းဆောင်ရွက်ပေးမယ့် Yangon City Gallery တစ်ခုကို အခု ဖွင့်လှစ်လိုက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ရန်ကုန်တိုင်းအတွင်း နေထိုင်စရာ အခက်အခဲဖြစ်နေသူတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းကို စတင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတွေကို တည်ဆောက်ပြီး ပြည်သူလူထုကို ဒီနေရာကနေ ဖြန့်ချီ ရောင်းချပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ " ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကို အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြမည် ဆိုရင် မျှော်မှန်းချက်ကို ရောက်နိုင်မည်ဖြစ်ပြီး ၀ိုင်းဝန်းကြိုးပမ်း ကြရန်လည်း ၀န်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။

“ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘက်ကနေ ပုဂ္ဂလိကနဲ့ ပူးပေါင်းထားတဲ့ Yangon Metropolitan Development Company ရယ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနရယ် ပူးပေါင်းပြီး ဒီနေရာမှာ အများပြည်သူရဲ့ နေရေး အခက်အခဲဖြစ်နေမှု တွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ့အတွက် ဒီနေ့ ရန်ကုန်မြို့မှာ အလွန်အင်မတန် မင်္ဂလာရှိပါတယ်။ နေရေးအခက်အခဲ ဖြစ်နေသူတွေအားလုံး အတွက် ဒီနေရာက အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုကို အစိုးကရော၊ ပုဂ္ဂလိက ကဏ္ဍရော၊ ဘဏ်တွေရော၊ အာမခံ ကုမ္ပဏီတွေရော၊ လုပ်ငန်းရှင်တွေရော၊ နေရေးအခက်အခဲ ရှိတဲ့သူတွေ အားလုံးက စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပါတယ်။” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service