ကျန်စစ်မင်းအိမ်ရာအပိုင်း ၁ ရှိအခန်း ၂၄၀ အား မဲနှိုက်ရောင်းချ

ကျန်စစ်မင်းအိမ်ရာအပိုင်း ၁ ရှိအခန်း ၂၄၀ အား မဲနှိုက်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 9:59 am တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော် ၀ါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချကာ ဘဏ်ချေးငွေဖြင့် ဂယ်ယူနိုင်မည့် အစီအစဉ်ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကအသိပေးကြေညာထားခဲ့သည်။

စာရင်းပေးသွင်း လာသူများအနက်မှ ရောင်းချရန်လျာထားသည့် အခန်း ၂၄၀ ခန်းကို အခြေခံ၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ကြေညာခဲ့သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဘဏ်စုဆောင်းငွေ စာရင်းအမှတ်စဉ်အတိုင်း အဆောက်အအုံ တစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေး သွားမည်ဖြစ်သည်။ လျှောက်ထားသူကိုယ် တိုင် မလာရောက်နိုင်ပါက ဌာနတာဝန်ရှိ သူများမှ အခန်းမဲနှိုက်ပေးမည်ဖြစ်ပြီး မိမိတို့ မဲပေါက်သောအခန်းကို ဝယ်ယူသူအချင်းချင်း လဲလှယ်လိုပါက ယင်းနေ့အတွင်းသာ ဆောင်ရွက်ရမည်ဖြစ်သည်။

မဲပေါက်ထားသော အခန်းအား ဝယ်ယူလိုခြင်းမရှိ၍ ပြန်လည်အပ်နှံပါက နောက်တစ်ကြိမ်အခန်းများ မဲနှိုက်ရောင်းချသည့်အခါ တန်းစီဇယား၏ နောက်ဆုံးတွင် ပြန်လည်ထားရှိမည်ဖြစ်ပြီး Down payment နံပါတ်စဉ် အလိုက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

အခန်းဝယ်ယူခွင့် ရရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက်မှ သီတင်းပတ်နှစ်ပတ်အတွင်း မိမိတို့ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများသို့ လိုအပ်သည့် အထောက်အထား အပြည့်အစုံနှင့်အတူ ချေးငွေရရှိရန် တင်ပြလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက ပယ်ဖျက်မည်ဖြစ်သည်။ ထို့ပြင်ဘဏ်မှ ချေးငွေခွင့်ပြုနိုင်ခြင်း မရှိပါက အိမ်ရာဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်းသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service