၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်းပေါင်း ၇၁၀၀ ကျော် ဆက်လက် ဆောက်လုပ်မည်

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်းပေါင်း ၇၁၀၀ ကျော် ဆက်လက် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 1:41 pm တွင် တင်ခဲ့သည်
1148 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်း ၇၁၀၀ ကျော် ဆက်လက် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က လာမည့် ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက် သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံ ဆောက်လုပ်မည် ဖြစ်သည်။ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော် ဆောက်လုပ်လျက် ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာ ၁၉၅ ခု (အိမ်ခန်းပေါင်း ၂၂၅၄ ခန်း)၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာ ၄၆၀ (အိမ်ခန်းပေါင်း ၂၄၂၈ ခန်း)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာ ကိုးခု (အိမ်ခန်းပေါင်း ၂၁၂ ခန်း)၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာ သုံးခု (အိမ်ခန်းပေါင်း ၃၂ ခန်း) ၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာ ၄၄ ခု (အိမ်ခန်းပေါင်း ၅၂၈ ခန်း)၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာ ၁၂၃ ခု (အိမ်ခန်း ၅၂၃ ခန်း) ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာန အသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု(အိမ်ခန်းပေါင်း ၆၀၀၀ နီးပါး) အထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတို ဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတို ဘဏ္ဍာနှစ်မှာ မပါခဲ့တဲ့ ဦးစီးဌာနက ဝန်ထမ်းတွေအတွက်လည်း ထည့်တွက် ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်း အသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့ လျှော့ချထားပြီး ဆောက်လက်စ ဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေချထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်က ခွဲဝေချထားပေးသည့် ကျန်ရှိသော ဆောက်လုပ်ရေးဆိုင်ရာ ရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ဝန်ထမ်းအိမ်ရာများအား ဦးစားပေး အစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာစာရင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှ တစ်ဆင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service