စီမံကိန်းရှိ လုံးချင်းအိမ်များအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့ Pinewood Villa အရောင်းပြပွဲ

စီမံကိန်းရှိ လုံးချင်းအိမ်များအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့ Pinewood Villa အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 1:31 pm တွင် တင်ခဲ့သည်
11419 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ ကလောမြို့ ရှိ Pinewood Villa လုံးချင်းအိမ်ရာ အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ၁၆ ၊ ၁၇ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ Melia Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်ရာစီမံကိန်းရှိ ရောင်းရန်ရှိသော လုံးချင်းအိမ်များအားလုံးကို အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်းတွင် iMyanmarHouse.com မှ စံချိန်တင်ရောင်းချပေးနိုင်ခဲ့သည်။

Pinewood Villa အိမ်ရာစီမံကိန်းသည် ကလောမြို့ ၏ လှပသောရှုခင်းများရှိရာ Pineland Oasis Hotel နှင့် တဆက်တည်းဖြစ်ပြီး လုံခြုံရေးဂိတ် ၊ ကော်ဖီဆိုင် ၊ ပန်းဥယျာဉ် ၊ ကလေးကစားကွင်း စသည်တို့ ပါဝင်သည်။ လုံးချင်းအိမ်များကို အသင့်ဆောက်လုပ်ထားပြီး ဧည့်ခန်း ၊ ဘုရားခန်း ၊ အိပ်ခန်း ၊ မီးဖိုခန်း ၊ ထမင်းစားခန်း ၊ စတိုခန်း ၊ ဝရံတာ စသည့်အခန်းများဖွဲ့စည်းပေးထားသည်။ ကားရပ်ရန်နေရာပါဝင်သည့်အပြင် ကြမ်းခင်းခင်းပေးခြင်း ၊ Kitchen Counter တပ်ဆင်ပေးခြင်း ၊ ရေ မီး တပ်ဆင်ပေးခြင်း စသဖြင့် နေထိုင်ရန် အသင့်ပြင်ဆင်ပေးထားသည်။

“ ကျွန်တော်တို့ ယခုရောင်းချပေးနေတဲ့ စီမံကိန်းဟာ လုံးချင်းအိမ် (၁၄) လုံးသာပါဝင်တဲ့ သီးသန့်အိမ်ရာစီမံကိန်းဖြစ်ပါတယ်။ ကလောမြို့မဈေးနှင့်လည်း (၇) မိနစ်ခန့် အကွာတွင်တည်ရှိပြီးတော့ ဝယ်ယူသူများအနေနဲ့ အမည်ပေါက်ဂရန် ရရှိမှာဖြစ်ပါတယ်။ အသင့်ဆောက်လုပ်ထားပြီး ထိရောက်တဲ့ ဈေးကွက်ထိုးဖောက်မှုစနစ်တွေနဲ့ ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ပြပွဲ (၂) ရက်အတွင်းမှာတင် ကျပ်ငွေ (၂) ဘီလီယံကျော်တန်ဖိုးရှိတဲ့ လုံးချင်းအိမ်အားလုံးကို ရောင်းချနိုင်ခဲ့ပါတယ် ” ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

" iMyanmarHouse.com ကို ကြားဖူးနေတာကြာပါပြီ။ တခြားစီမံကိန်းတွေ ရောင်းချပေးထားတာ အောင်မြင်တာတွေလည်း တွေ့ရတော့ အားကိုးပြီး အပ်ဖြစ်သွားတာပါ။ ကြော်ငြာအားလည်းကောင်းတယ်။ Strategy ပိုင်းလည်း ကောင်းတယ်။ အဘက်ဘက်က ဝန်ဆောင်မှုလည်း ကောင်းပါတယ်။ အခုလိုမျိုး မှန်းထားတာထက် ပိုရောင်းရတော့ အရမ်းကျေးဇူးတင်ပါတယ် " ဟု Pine Land Oasis Regional Development Co., Ltd. ၏ ဒါရိုက်တာ ဦးနေထူးက ပြောကြားသွားသည်။

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူအိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်ကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၂.၃) သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၆၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service