သြစတြေးလျအိမ်ခြံမြေတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာ

သြစတြေးလျအိမ်ခြံမြေတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 1:13 pm တွင် တင်ခဲ့သည်
871 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း သြစတြေးလျအိမ်ခြံမြေတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် သြစတြေးလျဒေါ်လာ ၁၂ ဒသမ ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ ဘီလျံ) ရှိခဲ့ကြောင်း၊ ယင်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရှိခဲ့သည့် သြစတြေးလျဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံအောက် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သြစတြေးလျ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသုံးသပ်ချက်ဘုတ်အဖွဲ့မှ ယခုနောက်ဆုံးထွက်ရှိလာသော နှစ်ပတ်လည်အစီရင်ခံစာသစ်အရ သိရသည်။

သို့သော်လည်း သြစတြေးလျတွင် နိုင်ငံခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လေးဒေါ်လာတိုင်းတွင် တစ်ဒေါ်လာမှာ တရုတ်၏ရင်းနှီးမြှုပ်နှံမှုဖြစ်ဆဲဖြစ်ကြောင်း တရုတ်ထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက်ဒ် Juwai.com က ထောက်ပြထားသည်။

"သြစတြေးလျလူနေအိမ်ခြံမြေကို တရုတ်ရဲ့ဝယ်လိုအားကျဆင်းလာပေမဲ့လည်း တရုတ်ဟာ သြစတြေးလျလူနေအိမ်ခြံမြေအများစုရဲ့ ဝယ်လက်ဟာ တရုတ်ဖြစ်ဆဲပါပဲ။ ၂၀၁၇-၂၀၁၈ မှာ တရုတ်ရဲ့ ဝယ်ယူမှုကို အခြင်းအရာသုံးရပ်က သက်ရောက်ခဲ့ပါတယ်။ သြစတြေးလျဘဏ်တွေက ကတိပြုထားတဲ့ အိမ်ချေးငွေတွေကို မမျှော်လင့်ဘဲ ဖျက်သိမ်းလိုက်တာရယ်၊ နိုင်ငံခြားသားအိမ်ဝယ်ယူမှုအခွန်အကောက်မြင့်မားလာတာရယ်နဲ့ တရုတ်ကနေငွေကြေးစီးဆင်းမှုကို ထိန်းချုပ်လိုက်တာရယ်တွေပဲဖြစ်ပါတယ်။" ဟု Juwai.com ၏ စီအီးအိုနှင့် ဒါရိုက်တာ ကယ်ရီလောက ပြောကြားခဲ့သည်။

အမေရိကန်ပြီးလျှင် တရုတ်သည် သြစတြေးလျတွင် ကဏ္ဍအားလုံး၌ ဒုတိယအကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေကြေးရင်းမြစ်ကြီးဖြစ်သည်။ တရုတ်သည် သြစတြေးလျတွင် ၂၀၁၇-၂၀၁၈ အတွင်း သြစတြေးလျဒေါ်လာ ၂၃ ဒသမ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၆-၂၀၁၇ တွင် ရှိခဲ့သည့် သြစတြေးလျဒေါ်လာ ၃၈ ဒသမ ၉ ဘီလျံအောက် လျော့နည်းခဲ့သည်။

သြစတြေးလျတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၇-၂၀၁၈ တွင် သြစတြေးလျဒေါ်လာ ၃၆ ဒသမ ၅ ဘီလျံ ရှိသည်။

သြစတြေးလျတွင် အိမ်ခြံမြေသည် ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်သည်။ အိမ်ခြံမြေကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၂ ရာခိုင်နှုန်း ရှိပြီး ၃၉ ရာခိုင်နှုန်းရှိသည့် ဝန်ဆောင်မှုကဏ္ဍအောက် ဒုတိယဖြစ်ကာ ၁၀ ရာခိုင်နှုန်းရှိသည့် သတ္တုတွင်းလုပ်ငန်းကဏ္ဍအထက်ဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ်က လူနေအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သော ၄၆ ရာခိုင်နှုန်းကို လက်ခံရရှိပြီး ဒုတိယအများဆုံးအဖြစ် နယူးဆောက်သ်ဝေးလ်ပြည်နယ်က ၂၃ ရာခိုင်နှုန်းနှင့် ကွင်းစ်လန်းပြည်နယ်က တတိယအများဆုံးအဖြစ် ၁၇ ရာခိုင်နှုန်းလက်ခံရရှိခဲ့သည်။

"၂၀၁၉ ခုနှစ်မှာလည်း တရုတ်ဝယ်လက်ဖွံ့ဖြိုးမှုဟာ မကျဆင်းပေမဲ့လည်း

တန့်နေပြီး သြစတြေးလျရဲ့ အကြီးဆုံးနိုင်ငံခြားဝယ်လက်အဖြစ်ဆက်လက်တည်ရှိကာ နိုင်ငံခြားဝယ်လက်အားလုံးရဲ့ ၂၂ ရာခိုင်နှုန်းလောက်ရှိလိမ့်မယ်လို့ ကျွန်မတို့ထင်ပါတယ်" ဟုလည်း သူမက ပြောကြားခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service