အနုမြူဗုံးကို ပထမဆုံးစတင်ထုတ်လုပ်ခဲ့သူ၊ ဂျပန်ကို စစ်ကြေညာခဲ့သူ အမေရိကန်သမ္မတ ရုစဗဲ့၏ ဇနီး အယ်လီနာရုစဗဲ့ ပိုင်ဆိုင်သော နယူးယောက်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

အနုမြူဗုံးကို ပထမဆုံးစတင်ထုတ်လုပ်ခဲ့သူ၊ ဂျပန်ကို စစ်ကြေညာခဲ့သူ အမေရိကန်သမ္မတ ရုစဗဲ့၏ ဇနီး အယ်လီနာရုစဗဲ့ ပိုင်ဆိုင်သော နယူးယောက်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 12:57 pm တွင် တင်ခဲ့သည်
2447 ကြိမ် ကြည့်ရှု့ပြီး

မန်ဟက်တန်စီမံကိန်းဖြင့် အနုမြူဗုံးကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်ထုတ်လုပ်ခဲ့သူ၊ ဂျပန်ကို စစ်ကြေညာခဲ့သူ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့၏ ဇနီး အယ်လီနာရုစဗဲ့ ပိုင်ဆိုင်သော နယူးယောက်စံအိမ်ကြီး လျှော့ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဖရန်ကလင် ဒီ ရုစဗဲ့သည် အမေရိကန်သမ္မတအဖြစ် သက်တမ်း ၄ ဆက်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ဇနီးဖြစ်သူ အယ်လီနာ ရုစဗဲ့မှာလည်း ၁၉၃၃ ခုနှစ်၊ မတ်လ ၄ ရက်မှ စတင်ကာ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်အထိ First Lady ဖြစ်ခဲ့ပြီး အမေရိကန်သမိုင်းတွင် သက်တမ်းအကြာရှည်ဆုံး သမ္မတကတော် (First Lady) ဖြစ်ခဲ့သည်။

အယ်လီနာရုစဗဲ့သည် ၁၉၄၅ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေညီလာခံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ရုစဗဲ့နှင့် အယ်လီနာတို့သည် ၁၉၀၅ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၆ ဦး ထွန်းကားခဲ့ကာ အသက် ၇၈ နှစ်အရွယ် ၁၉၆၂ ခုနှစ်တွင် အယ်လီနာရုစဗဲ့မှာ အဆုပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ယခုအခါ အမေရိက၏ အကျော်ကြားဆုံး First Lady များတွင် တစ်ဦး အပါအဝင်ဖြစ်သူ အယ်လီနာ ရုစဗဲ့ နေထိုင်ခဲ့ဖူးသော နေအိမ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာပြီ ဖြစ်သည်။

အယ်လီနာရုစဗဲ့သည် ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၊ Upper East Side ၊ အရှေ့ ၆၂ လမ်း၊ အမှတ် ၂၁၁ နေအိမ်တွင် ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ နေထိုင်ခဲ့သည်။

နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူ ချားလ်စ် အွန်းက ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ သန်းဖြင့် ဝယ်ယူကာ ကန်ဒေါ်လာ ၂ သန်းခန့် သုံးစွဲပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

ထိုအချိန်မှစတင်ပြီး အယ်လီနာရုစဗဲ့၏ စံအိမ်ကြီးသည် အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့ပြီး ယခုအခါ ပထမဆုံးခေါ်ဈေးအောက် အလွန်နည်းပါးသည့်ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

စံအိမ်မှာ ၅ ထပ်အဆောက်အအုံဖြစ်ပြီး ၁၈၇၃ ခုနှစ်တွင် ဗိသုကာပညာရှင် အမ်-စီ- မာရစ်ထ်က နီညိုရောင်သဲကျောက်တုံးများဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် အနီရောင်အုတ်များအသွင် မျက်နှာစာကို ပြန်လည်မွမ်းမံခဲ့ပြီး ဝင်ပေါက်နှစ်ခု ထပ်မံထည့်သွင်းခဲ့သည်။

အိမ်တွင်းဆိုင်ရာ ဒီဇိုင်နာ မာရီယာ မာစီက မကြာသေးမီကပင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးထားသည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၅၂၂၅ ပေရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ အခန်းတိုင်းတွင် ရေချိုးခန်းတွဲဖက်ပါဝင်သည်။

ရှေးဟောင်း မီးဖိုပေါ်အုပ်မိုးစင်ပါဝင်သည့် ထင်းသုံးမီးလင်းဖို ၆ ခု ပါဝင်သည်။

စံအိမ်ကြီးအတွင်း လှေကားများစွာ ပါဝင်သည့်အပြင် အထပ်တိုင်းကို ဓာတ်လှေကားဖြင့် ဆက်သွယ်ပေးထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service