CNN သတင်းဌာနမှ ရုပ်သံသတင်းတင်ဆက်သူက နယူးယောက်အရှေ့ပိုင်းရှိ နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်

CNN သတင်းဌာနမှ ရုပ်သံသတင်းတင်ဆက်သူက နယူးယောက်အရှေ့ပိုင်းရှိ နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 12:47 pm တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

CNN သတင်းဌာနမှ ရုပ်သံသတင်းတင်ဆက်သူ ခရစ္စ ကူမို၏ အမည်ရင်းမှာ ခရစ္စတိုဖာ ချားလ်စ် ကူမိုဖြစ်ကာ အမေရိကန် ရုပ်သံသတင်းသမား တစ်ဦးဖြစ်ပြီး နယူးယောက်မြို့ ၊ ကွင်းစ်အရပ်တွင် ၁၉၇၀ ပြည့်နှစ်၌ မွေးဖွားခဲ့သည်။

လက်ရှိအားဖြင့် CNN သတင်းဌာနတွင် လုပ်ကိုင်လျက်ရှိပြီး Cuomo Prime Time အမည်ရှိ ရုပ်သံအစီအစဉ်ကို တင်ဆက်လျက်ရှိသည်။

ဖခင်ဖြစ်သူ မာရီယို ကူမိုသည် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး လက်ရှိ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုမှာ ခရစ္စကူမို၏ အစ်ကိုအရင်းဖြစ်သည်။

ဇနီးဖြစ်သူ ခရစ္စတီးနား ဂရီးဗန်မှာ Gotham မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကာ သားသမီး ၃ ဦး ထွန်းကားသည်။

ယခုအခါ ခရစ္စကူမိုနှင့် ခရစ္စတီးနားတို့က ဆောက်သမ်ပ်တန်အရပ်၊ ကော်ရီဂန်လမ်း၊ အမှတ် ၇၄ ရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

အမေရိကန်ရိုးရာဗိသုကာဟန်ဖြစ်သော ရှင်ဂဲလ်စတိုင် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။

ကျယ်ပြောသော ပျဉ်ခင်းကြမ်းပြင်များ၊ သစ်သားမှန်ကူကွက်နံရံများကို နေအိမ်အတွင်း တွေ့ရသည်။

ဧည့်ခန်းတွင် မီးလင်းဖိုတစ်ခု ပါဝင်ပြီး စားသောက်ရန် နေရာပါဝင်သည့် မီးဖိုဆောင်သို့ ဆက်သွယ်ပေးထားကာ နံနက်စာစားသည့်နေရာ၊ ညစာစားခန်းတစ်ခုတို့လည်း ပါဝင်သည်ကို တွေ့ရသည်။

ခြံဝန်းအကျယ်မှာ ၀ ဒသမ ၆ ဧကရှိပြီး ခြံနောက်ဘက်တွင် ဟင်းသီးဟင်းရွက်ခင်းများ ပါဝင်သည့် ပန်းဥယျာဉ်တစ်ခု၊ ဟင်းလင်းပြင် ရေပန်းတစ်ခု၊ ရေကန်တစ်ကန်နှင့် တစ်ကိုယ်ရည်လုံခြုံမှုရှိစေမည့် သစ်ကြီးဝါးကြီးများဖြင့် ဝန်းပတ်ထားသည်။

ဈေးကွက်တင်ပေးသည်မှာ Sotheby’s International Real Estate မှ အိမ်ခြံမြေအကျိုးဆောင် ဟာရဲလ် ဂရန့်ထ်ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service