လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ

လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Feb 2019 11:58 am တွင် တင်ခဲ့သည်
1239 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ကျေးရွာများ၌ လူထုဗဟိုပြု အခြေခံအဆောက်အဦး လုပ်ငန်း ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ အသုံးပြု၍ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လူထုဗဟိုပြု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်ကာ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ အားလုံး၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုစတုတ္ထနှစ် စက်ဝန်းကာလတွင် လျာထားလုပ်ငန်း ၁၈၄ ခုအနက် လုပ်ငန်း ၁၁ ခုဆောင်ရွက် ပြီးစီးနေပြီဖြစ်ပါသည်။

'စီမံကိန်းရဲ့ စတုတ္ထနှစ် စက်ဝန်းမှာလမ်းလုပ်ငန်း ၅၁ ခု၊ တံတားလုပ်ငန်းငါးခု၊ ရေပေးရေးလုပ်ငန်း ၂၃ ခု၊ မီးလင်းရေးလုပ်ငန်း ၇၂ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၁ဝ ခု၊ ဘက်စုံသုံးခန်းမ ၁၆ ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းခုနစ်ခုတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

လတ်တလောကတော့ လမ်းလုပ်ငန်းခုနစ်ခု၊ ရေပေးရေးလုပ်ငန်းတစ်ခု၊ မီးလင်းရေးလုပ်ငန်းသုံးခုတို့ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတွေ ရှိပါတယ်။လုပ်ငန်းတွေကိုတော့ ကျေးရွာလူထု ကိုယ်တိုင် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်တဲ့ စနစ်မျိုးဖြစ်ပါတယ်''ဟု လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးဝင်းသူရက ပြောသည်။

လူထုဗဟိုပြုစီမံကိန်းဖြင့် မင်းတုန်းမြို့နယ် အတွင်းရှိ ကျေးရွာအားလုံး၌ စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ် စက်ဝန်းတို့တွင် အခြေခံအဆောက်အဦ လုပ်ငန်းခွဲ ၄၈ဝ ကို စီမံကိန်းထောက်ပံ့ငွေကျပ် ၄၅ဝ၅ ဒသမ ၃၁၇၂၉၉ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂၉ဝ ဒသမ ၅၄၂၁၅၈ သန်း၊ စုစုပေါင်းငွေကျပ် ၄၇၉၅ ဒသမ ၈၅၉၄၅၇ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service