မန္တလေးတွင် မြေငှားဂရန်လျှောက်ထားခွင့် ရပ်ဆိုင်း

မန္တလေးတွင် မြေငှားဂရန်လျှောက်ထားခွင့် ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
20 Feb 2019 11:34 am တွင် တင်ခဲ့သည်
608 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ မြေကွက်များကို မြေငှားဂရန် လျှောက်ထားခြင်းနှင့် ဝင်းခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်မိန့် ရယူလျှောက်ထားခြင်းများကို ရပ်ဆိုင်းထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသော မြေကွက်လပ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းကို ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကမေးမြန်းခဲ့ရာ ဒေါက်တာရဲလွင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြေချထားမိန့်၊ မြေစလစ်မိန့် မူရင်းကိုင်ဆောင်ထားသူများသည် ဥပဒေနှင့်အညီ မြေငှားဂရန် လျှောက်ထားရန်၊ မြေငှားဂရန် ရရှိပြီးသူများသည် မြေကွက်လပ်များကို အုတ်တံတိုင်းကာရံခြင်း၊ ဝင်းခြံကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားရမည်ဟု ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့နောက်ဆုံး လျှောက်ထားရန်နှင့် ဆောင်ရွက်ခြင်းမရှိသော မြေကွက်လပ်များကို အစိုးရစီမံခန့်ခွဲမြေအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကာလအတွင်း ခွင့်ပြုမိန့်လျှောက်ထားမှုများ အများအပြားရှိခဲ့သော်လည်း စည်ပင်က မြို့မြေအဖြစ် စိစစ်သည့်အခါ မြေစလစ်အတု၊ စလစ်ပျောက်၊ စလစ်ကိုယ်တိုင်ရ အတုများဖြင့် လိမ်လည်လျှောက်ထားမှုများရှိခဲ့သောကြောင့် စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို မန္တလေးတိုင်း စုံးစမ်းစစ်ဆေးရေးအဖွဲ့ထံ တင်ပြခဲ့ကြောင်း ဒေါက်တာရဲလွင်က ပြောကြားသည်။

ယခင်ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် မန္တလေးမြို့တော်စည်ပင်အား အထက်ပါမေးခွန်းကိုမေးမြန်းခဲ့ရာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်နိုင်မှုမရှိသော မြေကွက်လပ် အများအပြား ကျန်ရှိနေသဖြင့် ဒုတိယအကြိမ် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

အချို့မြေကွက်လွတ်များသည် နှစ်ပေါင်းများစွာ ပိုင်ဆိုင်သူမည်သူမှန်းမသိသော မြေကွက်လွတ်အဖြစ်ရှိနေပြီး အုပ်ချုပ်မှုပြဿနာများ ဖြစ်ပေါ်ခြင်း၊ ကျူးကျော်နေထိုင်မှုများ ပိုမိုများပြားလာသည့်အတွက် ကြာလာလျှင် ဖြေရှင်းရန်ခက်ခဲခြင်း၊ မြေကွက်လပ်များတွင် ခိုအောင်းနေ၍ ဘေးအိမ်များအတွင်းသို့ ဝင်ရောက်ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းများ ဖြစ်ပွားနေကြောင်း ၎င်းကပြောကြားသည်။

မန္တလေးမြို့တွင် အိမ်ခြေအရေအတွက် ၂၅၆,၈၀၅ ရှိရာတွင် အိမ်ခြေ ၉၁,၂၆၇ ၌ ဂရန်ရှိသော်လည်း အိမ်ခြေ ၁၆၅,၅၃၈ တွင် ဂရန်မရှိကြောင်း ယင်းမြို့ စည်ပင်သာယာရေးကော်မတီ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service