၂၀၁၉ ခုနှစ်အတွင်း Google က အမေရိကန်အိမ်ခြံမြေလောကတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံသုံးစွဲမည်ဖြစ်ပြီး နီဗားဒါး၊ အိုဟိုင်းအိုး၊ တက္ကဆပ်နှင့် နီဘရာစကာပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံသွားမည်

၂၀၁၉ ခုနှစ်အတွင်း Google က အမေရိကန်အိမ်ခြံမြေလောကတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံသုံးစွဲမည်ဖြစ်ပြီး နီဗားဒါး၊ အိုဟိုင်းအိုး၊ တက္ကဆပ်နှင့် နီဘရာစကာပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံသွားမည် - Property News in Myanmar from iMyanmarHouse.com
20 Feb 2019 11:24 am တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Google သည် အမေရိကန်အိမ်ခြံမြေလောကတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံသုံးစွဲမည်ဖြစ်ပြီး နီဗားဒါး၊ အိုဟိုင်းအိုး၊ တက္ကဆပ်နှင့် နီဘရာစကာပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

အဆောက်အအုံသစ်များဆောက်လုပ်ခြင်းနှင့် ရှိရင်းစွဲ ရုံးများကို တိုးချဲ့ခြင်းများကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်နေရာ ထောင်ပေါင်းများစွာ ပေါ်ပေါက်လာစေမည်ဖြစ်ကြောင်း Google ၏ အမှုဆောင်အရာရှိချုပ် ဆန်ဒါ ပီချိုင်းက ပြောကြားသည်။

Google သည် ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၃ ဘီလီယံ သုံးစွဲကာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း အချက်အခြာကျသည့် နေရာများစွာတွင် ဒေတာစင်တာများနှင့် ရုံးခန်းသစ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း စီအီးအို ဆန်ဒါပီချိုင်းက ဆက်လက်ပြောကြားသည်။

Google ၏ အစီအစဉ်အချို့ကို ပီချိုင်းက ထုတ်ဖော်ပြောကြားရာတွင် နီဗားဒါး၊ အိုဟိုင်းအိုး၊ တက္ကဆပ်နှင့် နီဘရာစကားပြည်နယ် တို့တွင် ဒေတာစင်တာသစ်များ တည်ထောင်မှုများလည်း ပါဝင်သည်ဟု ဆိုသည်။

အဆိုပါပြည်နယ်များတွင် ပထမဆုံးရုံးအဆောက်အအုံများ ရှိလာမည့်စီမံကိန်းလည်း ဖြစ်သည်။

ထို့အပြင် Google သည် ဗာဂျီးနီးယားပြည်နယ်တွင်လည်း လုပ်ငန်း ၂ ဆ တိုးချဲ့လာလျက်ရှိရာ ရုံးသစ်တစ်ခုနှင့် ဒေတာစင်တာသစ် ထပ်မံဖွင့်လှစ်ရန် စီစဉ်နေသည်။

နယူးယောက်ရှိ Hudson Square တွင်လည်း ခြေလှမ်းများ ချဲ့ထွင်မည်ဟု ဆိုသည်။

Google သည် ကန်ဒေါ်လာ ၂၅ ဒသမ ၄၆ ဘီလီယံအထိ သုံးစွဲခဲ့ပြီး တစ်နှစ်အကြာတွင် ငွေထပ်မံသုံးစွဲရန် ဆန္ဒရှိနေကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်၏။

Google သည် အွန်လိုင်းကြော်ငြာထိပ်သီးကုမ္ပဏီကြီးအဖြစ် အခြေပြုရပ်တည်ခြင်းမှသည် ၎င်း၏ cloud-computing ကဏ္ဍကို ပိုမိုအားကောင်းလာစေရန်အတွက် ဒေတာစင်တာများ ဆောက်လုပ်လာခြင်းဖြစ်ပြီး အမေဇုန်၏ Web Services နှင့် မိုက္ကရိုဆော့ဖ်တို့နှင့် ခြေလှမ်းမဟစေရန် ကြိုးပမ်းချက်လည်း ဖြစ်သည်။

ဒေတာစင်တာများသည် Google ၏ အဓိကလုပ်ဆောင်ချက်ဖြစ်သော ရှာဖွေခြင်းများအပြင် Gmail နှင့် YouTube တို့၏ ဒေတာအချက်အလက်များကို ပံ့ပိုးပေးရခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service