တရုတ် developer ဖြစ်သော China Oceanwide Holdings က လော့စ်အိန်ဂျလိတွင် အကောင်အထည်ဖော်နေသည့် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စီမံကိန်းကြီးကို ရပ်ဆိုင်း

တရုတ် developer ဖြစ်သော China Oceanwide Holdings က လော့စ်အိန်ဂျလိတွင် အကောင်အထည်ဖော်နေသည့် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စီမံကိန်းကြီးကို ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 11:17 am တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မှ ထိပ်တန်း developer ဖြစ်သော China Oceanwide Holdings သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် အကောင်အထည်ဖော်လျက်ရှိသော ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ ဘက်စုံသုံးဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို ရပ်ဆိုင်းလိုက်ကြောင်း ရှန်ဟိုင်း အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မူလက စီစဉ်ခဲ့သည်မှာ ယခုနှစ်အတွင်း အပြီးသတ်ဆောက်လုပ်နိုင်အောင် ရည်မှန်းခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်း တစ်ရပ်တွင် ဖော်ပြသည်။

Oceanwide ဟုအမည်ပေးထားသော ပလာဇာကြီးတွင် နေအိမ်ခန်းပေါင်း ၅၀၄ ခန်း၊ ဟိုတယ်ခန်း ၁၈၄ ခန်းနှင့် လက်လီအရောင်းဆိုင်များအတွက် ကြမ်းခင်းဧရိယာ ၁၅၃၀၀၀ စတုရန်းပေထားရှိရန် လျာထားထားသည်။

တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် ပြည်ပအိမ်ခြံမြေပိုင်ဆိုင်မှုများစွာကို ရောင်းထုတ်လျက်ရှိချိန်တွင် Oceanwide ပလာဇာကို အကောင်အထည်ဖော်ခြင်းအပေါ် သံသယများစွာလည်း ပေါ်ပေါက်နေသည်။

China Oceanwide Holdings သည် ယခုစီမံကိန်းအတွက် ကန်ထရိုက်တာ Lendlease နှင့် ပူးပေါင်းကာ ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။

Oceanwide Holdings က အဆိုပါပလာဇာကြီးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ထပ်မံတိုးမြှင့်ရန် ရည်ရွယ်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို မကြာမီပြန်လည်စတင်နိုင်ရန် ရည်မှန်းထားကာ ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

Oceanwide Holdings သည် ရှန်ဟိုင်းနှင့် ပေကျင်းရှိ စီမံကိန်းများကို ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံဖြင့် Sunac China သို့ ရောင်းထုတ်ထားသည်။

ယခုဖေဖော်ဝါရီလအတွင်း အဆိုပါရောင်းချငွေ၏ ပထမ ၂ ရစ်ကို Sunac China ထံမှ ရရှိမည်ဖြစ်ရာ Oceanwide ပလာဇာအတွက် ရင်းနှီးမြှုပ်နှံငွေ မြှင့်တင်သည့်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

Oceanwide ပလာဇာစီမံကိန်းတွင် တရုတ် developer တို့နှင့် လော့စ်အိန်ဂျလိအုပ်ချုပ်ရေးအဖွဲ့များအကြား အကျင့်ပျက်ခြစားမှုတစ်ခုနှင့် ဆက်နွှယ်နေကြောင်း သတင်းများထွက်ပေါ်လာပြီး ရက်သတ္တ ၂ ပတ်ခန့်အကြာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service