တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးကွက်ကျဆင်းမည့်လက္ခဏာများရှိနေသော်လည်း ချမ်းသာကြွယ်ဝသူတို့က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများ ရောင်းထုတ်ရန် ဆန္ဒမရှိဟုဆို

တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးကွက်ကျဆင်းမည့်လက္ခဏာများရှိနေသော်လည်း ချမ်းသာကြွယ်ဝသူတို့က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများ ရောင်းထုတ်ရန် ဆန္ဒမရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 10:41 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း၊ ပြည်ပစီးပွားရေးနှေးကွေးမှုများကြောင့် အိမ်ခြံမြေဈေးကွက်လည်း ကျဆင်းလာမည့်လက္ခဏာများရှိနေသော်လည်း တောင်ကိုရီးယားရှိ ချမ်းသာကြွယ်ဝသူများစွာမှာ အိမ်ခြံမြေပိုင်ဆိုင်မှု ရာခိုင်နှုန်းကို လျှော့ချရန်အစီအစဉ်မရှိကြကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်ဟု တောင်ကိုရီးယားသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တောင်ကိုရီးယားကြွယ်ဝချမ်းသာသူများစွာ၏ အကြီးမားဆုံးပိုင်ဆိုင်မှုမှာ အိမ်ခြံမြေများဖြစ်ကြသည်ကို တွေ့ရှိရသည်။

KEB Hana Bank နှင့် the Hana Institute of Finance တို့က ယခု ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်လိုက်သော တောင်ကိုရီးယားကြွယ်ဝချမ်းသာသူများဆိုင်ရာ အစီရင်ခံစာတစ်ရပ်အရ လာမည့် ၅ နှစ်အတွင်း အိမ်ခြံမြေဈေးကွက် ကျဆင်းမှုများ ဖြစ်ပေါ်မည်ဟု တောင်ကိုရီးယားကြွယ်ဝချမ်းသာသူ ၈၄ ရာခိုင်နှုန်းက ခန့်မှန်းထားကြကြောင်း ဖော်ပြသည်။

ယခုနှစ်ခန့်မှန်းချက်မှာ ပြီးခဲ့သောနှစ်က ခန့်မှန်းသူဦးရေဖြစ်သော ၇၈ ရာခိုင်နှုန်းထက် ပိုမိုများပြားလာသည်။

ပျှမ်းမျှအားဖြင့်ဆိုသော် အိမ်ခြံမြေကဏ္ဍသည် တောင်ကိုရီးယားချမ်းသာသူတို့၏ ပိုင်ဆိုင်မှုများတွင် အကြီးမားဆုံးအစိတ်အပိုင်း ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းအထိ နေရာယူထားသည်။

အဆိုပါပမာဏမှာ ပြီးခဲ့သောနှစ်က ပမာဏဖြစ်သော ၄၇ ရာခိုင်နှုန်းထက် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

The KEB Hana Bank နှင့် Hana Institute of Finance တို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ၂ လတာ လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Hana Bank သည် ၎င်းတို့၏ ဖောက်သည်များထဲမှ ဝမ်ငွေ ၁ ဘီလီယံနှင့်အထက် ဘဏ်စာရင်းရှိသူ ၉၉၂ ဦးကို လေ့လာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားချမ်းသာကြွယ်ဝသူတို့သည် အိမ်ခြံမြေဈေးကွက်အပေါ် ကျဆင်းလာမည်ဟု ခန့်မှန်းကြသော်လည်း စောင့်ဆိုင်းကြည့်ရှုမည့် ချဉ်းကပ်ပုံကို လက်ကိုင်ထားနေကြသည်။

အဆိုပါချဉ်းကပ်မှုဖြင့် ၎င်းတို့ပိုင်ဆိုင်သော အိမ်ခြံမြေများကို မရောင်းချဘဲ ထိန်းသိမ်းထားရန်သာ ဆုံးဖြတ်ထားကြသည်။

ချမ်းသာကြွယ်ဝသူ ၆၄ ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်ခြံမြေများကို ထိန်းသိမ်းထားရန် စီစဉ်ထားပြီး ၁၈ ရာခိုင်နှုန်းမှာမူ အိမ်ခြံမြေပိုင်ဆိုင်မှုများကို လျှော့ချပြီး ဘဏ္ဍာရေးပိုင်ဆိုင်မှု မြှင့်တင်ရန် ရည်ရွယ်ထားကြသည်။

ကျန် ၁၃ ရာခိုင်နှုန်းကမူ အိမ်ခြံမြေပိုင်ဆိုင်မှုကို မြှင့်တင်ရန်ပင် စီစဉ်နေပြီး ဘဏ္ဍာရေးပိုင်ဆိုင်မှုကို လျှော့ချမည်ဟု ဆိုကြသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service