ဖယ်ရှားခံရသော မင်းဘူးမြို့ ဈေးဟောင်း နေရာတွင် နှစ်ထပ်ဈေးသစ် တည်ဆောက်မည်

ဖယ်ရှားခံရသော မင်းဘူးမြို့ ဈေးဟောင်း နေရာတွင် နှစ်ထပ်ဈေးသစ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 10:34 am တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက် ရှိ ဖယ်ရှားခံခဲ့ရသည့် ယခင်ဈေး ဟောင်းနေရာတွင် အမှတ် (၂) နှစ်ထပ်ဈေးသစ် ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ဈေးဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌဦးမစ်ကီကပြောသည်။

အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းတွင် ယခင်ဈေးကြီးရှိခဲ့ ပြီးစစ်အစိုးရလက်ထက် ၁၉၉၂ ၌ ယင်းဈေးကြီးကို ဖယ်ရှားဖျက် သိမ်းခဲ့ပြီး ဈေးသစ်ကို မင်းဘူးမြို့ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ‘‘အခုချိန်မှာ လူဦး ရေကလည်းများလာတယ်။ ဈေး ရောင်း၊ ဈေးဝယ်တွေလည်း များ လာတာပေါ့။ အဲဒီတော့ဈေးသစ် ဆောက်ဖို့လိုတယ်။ ဈေးသူ၊ ဈေးသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ မြို့အတွက်လည်းစည်ပင်ဝပြော လာမယ်။ ဒါကောင်းတဲ့အလား အလာပေါ့’’ ဟု ပြောသည်။

ယင်းဈေးဖြစ်မြောက်ရေး ကော်မတီက ဈေးသူ၊ ဈေးသား များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ထောက်ခံသဖြင့် စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ဈေးကော်မတီမှ ပူး ပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘စစ်အစိုးရ လက်ထက်မှာ ကျွန်တော်တို့ စည်ပင်သာယာ ဈေးကြီးကို ဖျက်ပြီးတော့ ဈေးအသစ်ကို ပြောင်းရမယ်ဆိုတော့ ပြည်သူတွေက မကျေနပ်ခဲ့ကြပေမယ့် မဆန့်ကျင်ရဲခဲ့ဘူး ပေါ့ဗျာ။ ခုပြည်သူတင်တဲ့ အစိုးရလက်ထက်မှာ ဈေးကြီးကိုပြန်ဆောက်ဖို့ ပြည်သူတွေရဲ့ဆန္ဒနဲ့တင်ပြတဲ့အခါခွင့်ပြုချက်ရလို့ ၀မ်းသာကျေးဇူးတင်ပါတယ်’’ ဟု ဒေသခံဦး တင်ရွှေကဆိုသည်။

အဆိုပါ နှစ်ထပ်ဈေးသစ် တည်ဆောက်ရာတွင် ကုန်စုံဆိုင် ၁၇၆ ခန်း၊ စားသောက်ဆိုင် ၂၂ ခန်း၊ ပျံကျ ၁၅၆ ခန်းဖြင့်ဖွဲ့စည်း ထားမည်ဖြစ်ပြီး ကား ၇၂ စီး ထားနိုင်မည့် ကားပါကင်၊ ဆိုင် ကယ်ရပ်နားရန်နေရာနှင့် ရေ ချိုးခန်း၊ သန့်စင်ခန်းတို့ဖြင့် စနစ်တကျဖွဲ့စည်းတည်ဆောက်မည် ဖြစ်ကြောင်း ဈေးကော်မတီဥက္ကဋ္ဌ ဦးမစ်ကီကဆိုသည်။

အဆိုပါ ဈေးသစ်ကြီး တည်ဆောက်ရန် ဒီဇိုင်းနှင့် အင်ဂျင်နီ ယာငှားရမ်းခြင်း၊ လုပ်ငန်းဆိုင်ရာ အရည်အသွေး စစ်ဆေးခြင်းအတွက် ကျပ် ၁,၁၄၅ သိန်းနှင့်ဈေး တည်ဆောက်ရေးအတွက် ကျပ် ၂၂,၁၈၀ သိန်းအသုံးပြုမည်ဖြစ်သောကြောင့် စုစုပေါင်းကျပ် ၂၃,၃၂၅ သိန်းကုန်ကျမည်ဟု တွက်ချက်ထားကြောင်း ဦးမစ်ကီ ကဆိုသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service