အဆောက်အအုံဆောက်လုပ်ခြင်းမရှိသည့် မြေကွက်လပ်များနှင့်ပတ်သက်၍ မန္တလေးတိုင်းလွှတ်တော်တွင် ဒုတိယအကြိမ်မေးမြန်း

အဆောက်အအုံဆောက်လုပ်ခြင်းမရှိသည့် မြေကွက်လပ်များနှင့်ပတ်သက်၍ မန္တလေးတိုင်းလွှတ်တော်တွင် ဒုတိယအကြိမ်မေးမြန်း - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 10:25 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ရှိ အဆောက်အအုံဆောက်လုပ်ခြင်း မရှိသည့် မြေကွက်လပ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် မှုရှိ၊ မရှိ မေးခွန်းကို ချမ်းမြသာစည် မြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဒုတိ ယအကြိမ် ထပ်မံမေးမြန်းခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးတွင် ၎င်းက ယင်းသို့ မေးမြန်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ဇန်နဝါရီ အတွင်းက ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မန္တလေးမြို့ တော်စည်ပင်ကို အထက်ပါမေး ခွန်းမေးမြန်းရာ အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်နိုင်မှုမရှိသော မြေကွက်လပ် အများအပြားကျန် ရှိနေသဖြင့် ဒုတိယအကြိမ် မေးမြန်းခဲ့ကြောင်း ဦးမြင့်အောင်မိုးက ဆိုသည်။

‘‘ တချို့မြေကွက်တွေက နှစ်ပေါင်းများစွာ ပိုင်ရှင်ဘယ်သူမှန်း မသိဘဲ မြေကွက်လွတ်တွေအဖြစ် ရှိနေပြီးတော့ ကျူးကျော်နေထိုင် တာတွေ၊ အဲဒီမြေကွက်တွေမှာ ခိုအောင်းနေပြီး ဘေးအိမ်တွေကို ဖောက်ထွင်းတာတွေ စတဲ့ ဒုစ ရိုက်မှုတွေ ဖြစ်နေတယ်’’ဟု ဦးမြင့်အောင်မိုးက ပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက မြေချ ထားမိန့်၊ မြေစလစ်မိန့်မူရင်း ကိုင်ဆောင်ထားသူများအနေဖြင့် ဥပဒေနှင့်အညီ မြေငှားဂရန်လျှောက်ထားရန်၊ မြေငှားဂရန်ရရှိပြီးသူ များသည် မြေကွက်လပ်များကို အုတ်တံတိုင်းကာရံခြင်း၊ ဝင်းခြံ ကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားရမည်ဟု ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက်က ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ကြေညာချက် ထုတ်ပြန်သည့်နေ့က စ၍ ခြောက်လအတွင်း အုတ်တံတိုင်း၊ ဝင်းခြံကာခြင်း၊ အဆောက်အအုံဆောက်လုပ်ရန် ဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရယူကြရန်နှင့် ခွင့် ပြုမိန့်ရရှိပြီးနောက် ကိုးလအတွင်း အကောင်အထည်ဖော်ရန်၊ ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို ပြန်လည်စိစစ်၍ မြေချထားမိန့်၊ မြေစလစ်နှင့် မြေငှားဂရန်များကို ပယ်ဖျက်ပြီး အစိုးရ မြေအဖြစ် သတ်မှတ်ဆောင်ရွက် မည် စသည့်အချက်များ ပါဝင်သည်။

ကြေညာချက်တွင် အပြီးသတ်လုပ်ဆောင်ရမည့် ရက်သည် ၂၀၁၈ မေလ ၁၅ ရက်ဖြစ်သည်။

မန္တလေးမြို့ မြို့ကွက်သစ် ဧရိယာအတွင်းရှိ မြေကွက်များကို မြေငှားဂရန်လျှောက်ထားခြင်းနှင့် ဝင်းခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်မိန့်ရယူလျှောက် ထားခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရက ရပ်ဆိုင်းဆိုင်းငံ့ထားခြင်းကြောင့် ကြေညာချက် အတိုင်းမလုပ်ဆောင်နိုင်ခြင်းဖြစ် ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်က ပြန်လည်ဖြေ ကြားသည်။

ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ခွင့်ပြုမိန့်လျှောက်ထားမှုများရှိခဲ့သော်လည်း မြို့မြေအဖြစ် စိစစ်ရာတွင် မြေစလစ်အတု၊ စလစ်ပျောက်များဖြင့် လိမ်လည်လျှောက်ထားခြင်းများ ရှိခဲ့သောကြောင့် စစ်ဆေးတွေ့ရှိချက် များကို မန္တလေးတိုင်းဒေသကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ တင်ပြထားကြောင်း ဒေါက်တာရဲလွင်က ဆိုသည်။

‘‘ တိုင်းအစိုးရက ခွင့်ပြုတဲ့ အခါ ဆက်လက်ဆောင်ရွက်သွားပါမယ်’’ဟု ၎င်းကဆိုသည်။ သို့ သော် အချိန်ကာလအတိအကျကို ထည့်သွင်းဖြေကြားခြင်းမရှိပေ။

မန္တလေးမြို့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့ နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ တွင် မြေကွက်လပ်အလွတ် အများအပြားရှိနေပြီး ချမ်းမြသာစည် မြို့နယ်တွင် မြေကွက်လွတ် တစ်ထောင်ကျော်ရှိကြောင်း ဦးမြင့်အောင်မိုးကဆိုသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service