ကြံ့ခိုင်မှုမရှိသည့် အရေးပေါ်လှေကားများ ပြန်လည်ပြုပြင်ရန် မြေပိုင်ရှင်နှင့် အခန်းပိုင်ရှင်များကို စည်းရုံးနေဟု မြို့တော်ဝန်ဆို

ကြံ့ခိုင်မှုမရှိသည့် အရေးပေါ်လှေကားများ ပြန်လည်ပြုပြင်ရန် မြေပိုင်ရှင်နှင့် အခန်းပိုင်ရှင်များကို စည်းရုံးနေဟု မြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 9:50 am တွင် တင်ခဲ့သည်
1848 ကြိမ် ကြည့်ရှု့ပြီး

ကြံ့ခိုင်မှုမရှိသည့် အရေးပေါ်လှေကားများ ပြန်လည် ပြုပြင်ရန် မြေပိုင်ရှင်နှင့် အခန်း ပိုင်ရှင်များကို စည်းရုံးလှုံ့ဆော် နေကြောင်း ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့တွင်း အထပ်မြင့်တိုက်များရှိ အရေးပေါ်လှေကား များသည် ကြံ့ခိုင်မှုနည်းပါးနေသဖြင့် ပြည်လည်စိစစ်ဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ မေးမြန်းခဲ့သည်။

‘‘ ကျွန်တော်တို့ လိုက်စစ်လို့ တွေ့ရင်၊ လုံခြုံရေးအရ မသင့် တော်ရင် ပြင်ဖို့ အကြောင်းကြား ပါတယ်။ အထူးသဖြင့် မြေရှင်နဲ့ အခန်းပိုင်ရှင်တွေကို လှုံ့ဆော်ပြီး ပြန်လည်ပြင်ဆင်စေဖို့ လူမှုရေး အရ၊ ဥပဒေအရလုပ်ဖို့ အစီအစဉ် တွေ ချမှတ်နေပါတယ်’’ဟု ဦးမောင်မောင်စိုးက ပြန်လည်ဖြေ ကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၂ မတိုင်မီက အထပ်မြင့် တိုက်များ၏ အရေးပေါ်လှေကားကို သံဖြင့် ပြုလုပ်ခွင့်ပြုခဲ့သော်လည်း ဆွေးမြည့်ပျက်စီးမြန်သဖြင့်ကွန်ကရစ် လှေကားများဖြင့်သာ ဆောက်လုပ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော် သံလှေကားသာမက ကွန်ကရစ်လှေကားများ သည်လည်း ထိန်းသိမ်းမှုအားနည်းပါက ပျက်စီးလွယ်သဖြင့် အမြဲ စောင့်ကြည့်ပြုပြင်ရန် လိုအပ် ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့ရှိ အထပ်မြင့် တိုက်များ၏ အရေးပေါ်လှေကား များသည် အလွယ်ပြုလုပ်ထား ခြင်း များစွာရှိသောကြောင့် တာဝန်ရှိသူများက မကြာခဏ စိစစ်ရန် လိုအပ်သည်ဟု ဦးရန် ရှင်းက ပြောသည်။

‘‘လက်ရှိ ဖြစ်နေတာက မီးလောင်လို့ဆိုတာထက် အရေးပေါ်လှေကားကဆင်းလို့ အန္တရာယ်ဖြစ်နိုင်ခြေတွေ ပိုများနေ တယ်’’ဟု ၎င်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service