ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) အား လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားကာ ဂျပန်တည်ဆောက်ရေးကုမ္ပဏီများ တစ်ပြိုင်နက်တည်ဆောက်မည်

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) အား လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားကာ ဂျပန်တည်ဆောက်ရေးကုမ္ပဏီများ တစ်ပြိုင်နက်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
18 Feb 2019 12:16 pm တွင် တင်ခဲ့သည်
1984 ကြိမ် ကြည့်ရှု့ပြီး

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) အား လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားကာ ဂျပန်တည်ဆောက်ရေးကုမ္ပဏီများက တစ်ပြိုင်နက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၏ ပြောကြားချက်အရ သိရသည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) အား လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားကာ တည်ဆောက်သွားမည်ဖြစ်ပြီး ကျန် Package များဖြစ်သည့် ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းများအပါအဝင် တံတားတည်ဆောက်ရေး လုပ်ငန်းသုံးဆင့်အား တစ်ပြိုင်နက်တည် ဆောက်သွားမည်ဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ ခံနိုင်ဝန်ကန့်သတ်ချက်ရှိခဲ့လို့ ခေတ်မီတံတား အသစ်တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ တိုးတက်များပြားလာတဲ့ ယာဉ်စီးရေကြောင့် လက်ရှိတံတားပေါ်ဖြတ်သန်းရာ မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနေလို့ အဆင်မပြေမှုများစွာရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ပဲခူးမြစ်ကူး တံတား(သန်လျင်တံတားအမှတ်- ၃) ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားပြီး ဂျပန်တည်ဆောက်ရေးကုမ္ပဏီများမှ တစ်ပြိုင်နက်တည် ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံချေးငွေအပါအဝင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား(သန် လျင်တံတားအမှတ် ၃ ) စီမံကိန်းအား Package 1,2 & 3 အဖြစ် အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်သည်။

ပဲခူးမြစ်ကူးတံတား(ရန်ကုန်-သန်လျင် တံတား အမှတ် ၃) အား ပင်မတံတား အရှည် ၂၀၃၁မီတာအရှည်ရှိပြီး Package 1 မှာ ၁၃၁၂ မီတာ၊ Package 2 မှာ ၁၃၆၃ မီတာ၊ Package 3 မှာ အရှည် ၈၂၅ မီတာရှိ ရန်ကုန်ဘက်ကမ်းရှိ ဂုံးကျော်တံတားတည်ဆောက်ရေး လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား-အမှတ်၃) စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန် ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်း ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအသုံးပြုနေသည့် သန်လျင်တံတား အမှတ် ၁ သည် ၁၉၉၃ ခုနှစ်က တည် ဆောက်ဖွင့်လှစ်ထားသည့် မီးရထားလမ်းနှင့် ကားလမ်းတံတားတို့ ပေါင်းစပ်တည် ဆောက်ထားခြင်းဖြစ်သည်။

သန်လျင်တံတား အမှတ်(၃) ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်သည်။

သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ Fly Over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွားပင် မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့် တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ကိုယ်ထည်ကို Steel Box Girder Steel Box Girder ဖြင့်ဆောက်လုပ် မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန်သတ်မှတ် ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service